စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းပါက BGF တပ်စခန်းများအား တိုက်ခိုက်မည်ဟု KNU သ တိပေး

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့် (BGF) တပ်ဖွဲ့ အနေဖြင့် စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းနေပါက BGF တပ်စခန်းများကို တိုက်ခိုက်ရတော့မည်ဟု KNLA တပ်မဟာ (၅) က နောက်ဆုံးအကြိမ် သတိပေးချက် ထုတ်ပြန်လိုက်သည်။ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) နှင့် ပတ်သက်၍ အချက် ခုနှစ်ချက် ပါဝင်သည့် ကြေညာချက် တစ်စောင်ကို့ KNLA တပ်မဟာ (၅) က ယမန်နေ့ ဇန်န ဝါရီလ ၁၂ ရက်တွင် ထုတ်ပြန်ရာတွင် ထိုသို့ ပြောဆိုထားသည်။

ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်ကာ သတ်ဖြတ်နေသော အာဏာ သိမ်း စစ်ကောင်စီတပ်ဖွဲ့၏ တာဝန်ပေးမှု အားလုံးကို လိုက်လုပ်နေသည့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့၏ လုပ်ရပ်အပေါ် နားလည်ပေး၍ မရတော့သည့် အခြေအနေသို့ ရောက်လာသည့်အတွက် နောက် ဆုံး အကြိမ် သတိပေးချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု KNLA တပ်မဟာ (၅) ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က မဇ္ဈိမကို ပြောသည်။

“စစ်အာဏာရှင်က နေပြီးတော့ စစ်ရေးဖော်ဆောင်ပြီး တကယ်တိုက်လာရင် သူတို့ကို ခိုင်းပြီးတော့ တိုက်ခိုင်းမယ် ဆိုလို့ရှိရင် သူတို့မတိုက်ဘူး။ သူတို့ဟာနဲ့ သူတို့ မသိသလို နေပြီးတော့မှ သူတို့ အေးအေးဆေးဆေးပဲ နေသွားမယ်။ စစ်တပ်ဘက်ကလည်း မတိုက်ဘူး။ အဲလိုပြော ထားကြတာ ရှိတာပေါ့လေ။ လက်ရှိ စစ်ကောင်စီက တိုင်းပြည်အာဏာကို သိမ်းပြီး ပြည်သူကို သတ်တယ်။ တောင်ပေါ်ဒေသမှာလည်း စစ်ရေးလှုပ်ရှားမှု ပိုရှိလာတော့ စစ်အာဏာရှင်ကို သူတို့က ဝိုင်းဝန်းကူညီလာတဲ့ အပေါ်မှာ သူတို့ပြောတာနဲ့ မကိုက်ညီတော့ဘူး။ အဲဒါကြောင့် သူတို့ပြောထားတဲ့အတိုင်း သူတို့နေထိုင်ဖို့ ပြောထားတာပါ” ဟု ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

BGF တပ်ဖွဲ့များသည် ကရင်ပြည်သူလူထုနှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အကျိုးကို လျစ်လျူရှုပြီး စစ်အာဏာရှင်ကို ဆက်လက် ဝိုင်း ဝန်း ကူညီနေပါက ကရင်လူမျိုး အချင်းချင်း မတိုက်ခိုက်လို သော်လည်း စစ်ကောင်စီတပ်ဖွဲ့များနှင့် တသားတည်း သတ်မှတ်ပြီး KNLA တပ် မဟာ (၅) နယ်မြေရှိ မည်သည့်နေရာမဆို တိုက်ခိုက်တော့မည်ဟု KNLA က သတိပေးထားသည်။ထိုသို့ သတိပေးချက်အပေါ် KNLA တပ်မ ဟာ (၅) တာဝန်ရှိသူများနှင့် BGF တပ်ဖွဲ့များအကြား ထပ်မံတွေ့ဆုံ ညှိနှိုင်းခြင်း မရှိသေးကြောင်း KNLA တပ်မဟာ (၅) ပြောခွင့်ရက ပြော သည်။

စစ်ကောင်စီတပ်ဖွဲ့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်ရန် လိုအပ်သည့် လက်နက်ခဲယမ်းများနှင့် စားနပ်ရိက္ခာများကို KNLA တပ်မဟာ (၅) တပ်ဖွဲ့က ဟန့်တား တိုက်ခိုက်မှုများ ပြုလုပ်သော်လည်း BGF တပ်ဖွဲ့ဝင်များက လက်နက်ခဲယမ်းများ စစ်ကောင်စီ တပ်စခန်းများသို့ ရောက်ရှိရန် သယ် ယူပို့ဆောင်ရေး ပူးပေါင်းလုပ်ဆောင်နေသည်ဟု KNU က ပြောဆိုသည်။BGF တပ်ဖွဲ့များ အနေဖြင့် လမ်းလုံခြုံရေး၊ လက်နက်ခဲယမ်းနှင့် စား နပ်ရိက္ခာများ သယ်ယူပို့ဆောင်နေသည့် စစ်ကောင်စီတပ်များအား ပံ့ပိုးကူညီခြင်း မပြုလုပ်ရန်နှင့် သက်ဆိုင်ရာ တပ်ရင်း၊ တပ်ခွဲ၊ တပ်စခန်းများတွင်သာ အေးချမ်းစွာ သွားလာလှုပ်ရှားကြရန် KNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်လူမျိုး အချင်းချင်း ငဲ့ညှာခြင်းမရှိဘဲ BGF တပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူများ ထိခိုက်သေဆုံးမှု ရှိနေကြောင်းလည်း KNLA က ပြောဆိုထားသည်။ထို့ပြင် KNU တပ်မဟာ (၅) နယ်မြေ၊ ဒွယ်လိုးမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ယ နေ့ ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းအထိ သုံးရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူနေအိမ်များ၊ ဆေးပေးခန်းများနှင့် စာ သင်ကျောင်းများ ထိမှန်ပျက်စီးကာ ပြည်သူတစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အာဏသိမ်း စစ်ကောင်စီ၏ နယ်မြေကျော် ဝင်ရောက်မှုကြောင့် စတင်ခဲ့သော မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) များ ပူးပေါင်းပါဝင် တိုက်ခိုက်နေသည်ကို တွေ့ရပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့ KNLA ဘက် က အရှင်ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးတွင် BGF တပ်ဖွဲ့ဝင် နှစ်ဦး ပါဝင်သည်။ကရင်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ တစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၃၁၅၂ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၁၉၀ ဦး သေဆုံးခဲ့ကြောင်း KUN ၏ တိုက်ပွဲနှစ်ချုပ် မှတ်တမ်းတွင် ဖော်ပြထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s