တီးတိန်မြို့တွင် တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ချင်းပြည်နယ် တီးတိန်မြို့ ထေးဇန်ကျေးရွာအုပ်စုက နာတန့်မှာ ဇန်နဝါရီ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေတွေက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး  ထေးဇန်အုပ်စုထဲက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထေးဇန်အုပ်စုဟာ ကလေး- ချင်းပြည်နယ် တီးတိန်မြို့ကိုသွားတဲ့ ကားလမ်းဘေးမှာ တည်ရှိနေပြီး ဒေသခံ ၁၀၀၀ ကျော်နေထိုင်တယ်လို့  ဒေ သခံတွေကပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီကျော်လောက်က ထေးဇန်ကျေးရွာ ကော်ဖီခြံထဲက နေအိမ် ၃ လုံးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးဖျက်ဆီးခဲ့ပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူ တွေအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“ထေးဇန် အထက်ပိုင်းက နာတန့်ရွာက အိမ်တွေကို မီးရှို့တယ်၊ ၃ လုံး မီးလောင်သွားတယ်။ တိုက်ပွဲနှစ်ကြိမ်ဖြစ်တယ်။ မနက်ပိုင်းတစ်ကြိမ် နေ့လည်ပိုင်းတစ်ကြိမ်၊ စစ်တပ်က ၇ ဦးသေတယ်လို့ သိရတယ်။ ထေးဇန်က ဒေသခံ အကုန်လုံးထွက်ပြေးနေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ချင်းတောင်ဘက်ကိုတက်လာတဲ့ စစ်ကောင်စီ အင်အား ၁၀၀ ကျော်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ  ဇန်နဝါရီ ၁၃ ရက်နေ့ မ နက် ၁၀ နာရီလောက်ကစတင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့တယ်လို့ Zoland PDF က သိရပါတယ်။

ဒီဇင်ဘာ ၂၅ ရက်နေ့က လမ်းပြအဖြစ်ဖမ်းဆီးခံခဲ့ရတဲ့  Civic Defence Militia (CDM) PDF ရဲဘော်တစ်ဦးဟာ ဇန်နဝါရီ ၁၃ ရက်နေ့တိုက်ပွဲမှာ စစ်ကောင်စီ လက်က ပြန်လည် ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ပြည်သူတွေအနေနဲ့ တီးတိန်အနီးအနားကို ခရီးသွားလာခြင်းမပြုဖို့ Zoland PDFက ထုတ် ပြန်ထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s