တီးတိန်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၇ဦးသေဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ထေးဇန်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီ တပ်သား ၇ဦးသေဆုံးကြောင်း PDF Zoland အဖွဲ့မှ ယမန်နေ့ကထုတ်ပြန် သည်။ယမန်နေ့ ဇန်နဝါရီလ ၁၃ရက် ၁၀နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့သော်လည်း နေ့လည် ၂နာရီ ခန့်တွင် ထေးဇန်ရွာ အနီးရှိ ကော်ဖီခြံမှ လူနေအိမ် ၃လုံးအား စစ်ကောင်စီတပ်သား များက မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဇန်နဝါရီလ ၁၂ရက်နေ့က စစ်ကောင်စီအင်အား ၁၀၀ကျော်သည် ကလေးမြို့မှ ထွက်ခွာလာကာ ချင်းပြည်နယ် ခိုင်ကမ်းဂိတ်တွင် ခရီးသွားပြည်သူများ အား ၎င်းတို့နှင့်သွားစေသည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့များမှ လှုပ်ရှားခွင့်မရဘဲ ထေးဇန်ရွာသို့ရောက်ရှိပြီးညအိပ်ရပ်နားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။

လက်ရှိအချိန်တွင် သိုင်းငင်းရွာ၌ Civic Defense Militia (CDM Siyin) ၊ Zogam Army ၊ People’s Defense Army (PDA) တို့နှင့် အတူ Zoland PDF သည် ပူးပေါင်း၍ စစ်ကောင်စီတပ်ဖွဲ့အားတိုက်ခိုက် မှုများရှိနေကြောင်း သိရသည်။ထိုသို့ထိတွေ့တိုက်ပွဲများရှိနေ၍ အချိန်မရွေးစစ်ဘေးအန္တရာယ်ကျရောက်နိုင်သည့်အတွက် ပြည်သူများအနေဖြင့် ခရီးသွားလာခြင်းမပြုကြရန်မေတ္တာရပ်ခံကြောင်းဖော်ပြသည်။ဒီဇင်ဘာ ၂၅ရက်ကလည်း Civic Defense Militia (CDM Siyin) တပ်ဖွဲ့ဝင်တစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့မှ လမ်းပြအဖြစ်ခေါ်ဆောင်လာရာ ၎င်းရဲ ဘော်မှပြန်လည် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s