တွန်းဇံမြို့နယ်တွင် ဖြစ်ပွားသည့်မဏိပူရသူပုန်များနှင့် တိုက်ပွဲတွင်CNAမှဗိုလ်မှူး ၁ဦးကျဆုံး

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ စဲနမ်ရွာ (Senam Khua) အနီးတွင် မဏိပူရ(ကသည်း)သူပုန် ပူးပေါင်း တပ်ဖွဲ့များနှင့် ဖြစ်ပွားသည့်တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် CNAမှ ဗိုလ်မှူးNgun Vung ကျဆုံးခဲ့ကြောင်းသိရသည်။ အဆိုပါတိုက်ပွဲတွင် ချင်းပြည်နယ် ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များဘက်မှ နယ်မြေရှင်းလင်းရေး လုပ်ချိန်တွင် မဏိပူရ(ကသည်း)သူပုန် ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွားဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

”တိုက်ပွဲဖြစ်ရတာကတော့ ကျွန်တော်တို့တပ်တွေကအဲဒီဘက်မှာနယ်မြေရှင်းလင်းရေးလုပ်နေကြတာ။ဘာလို့လဲဆိုရင် ကသည်းသူပုန်တွေက ဒေသခံရွာသားတွေကို ဘိန်းစိုက်ခိုင်းပြီး အခွန်တွေကောက်နေကြတယ်။ ဒါကြောင့် ကျွန်တော်တို့နဲ ထိတွေ့မှုဖြစ်တယ်။နောက်ပြီး စစ်ကောင်စီကလည်း သူတို့ကိုလက်နက်တွေထောက်ပံ့နေတယ်လို့ ကျွန်တော်တို့ သိထားရတယ်။တိုက်ပွဲမှာ ကျွန်တော်တို့ ဘက်ကဗိုလ်မှူးတစ်ဦး ကျဆုံးသလိုသူတို့ဘက်မှာလည်း ဗိုလ်မှူးတစ်ဦးအပါအဝင်ရှစ်ဦးသေဆုံးခဲ့ရတယ်လို့သိရတယ်”ဟုCNF ပြောရေးဆိုခွင့်ရှိဆလိုင်းထက်နီက ပြော သည်။

အိန္ဒိယနိုင်ငံ မဏိပူ (ကသည်း) သူပုန်များအား စစ်ကောင်စီမှလက်နက်များထောက်ပံ့ အားပေးကူညီလျက်ရှိကြောင်းသိရပြီး ၎င်းတို့သည် မဏိပူရ ပြည်နယ်တွင်အခြေစိုက်၍ စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်းလည်းသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s