မုံရွာမြို့တွင်စစ်ကောင်စီ လမ်းဖွင့်ပွဲလုပ်နေစဥ်ပေါက်ကွဲသံများကြောင့် ဖွင့်ပွဲပျက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အောင်သပြေလမ်းနှင့် ပေ(၈၀)လမ်းမကြီးတို့ကို ယနေ့ ဇန်နဝါရီလ ၁၄ရက် နံနက်အစောပိုင်းအချိန်တွင် စစ်ကောင်စီက ဦးဆောင်ပြီး ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။

အဆိုပါဖွင့်ပွဲကို စစ်ကောင်စီမှ အထက်ပိုင်းအရာရှိများ ဦးဆောင်ကာ နံနက် ၈ နာရီခန့်တွင်စတင်ပြုလုပ်ခဲ့ပြီး နံနက် ၉ နာရီခန့်တွင် ပေါက်ကွဲသံများကြောင့် ဖွင့်ပွဲအခမ်းအနားပျက်သွားခဲ့ရသည်ဟု ဒေသခံများ ထံက သိရသည်။ “သူတို့ မိန့်ခွန်းပြောမယ့် အချိန်မှာ ဖြစ်သွားတာ (၂) လမ်းဗျ ။ ဖွင့်ပွဲက နှစ်ခုလုပ်တာပေါ့နော် ဖြစ်သွားတာက အောင်သပြေလမ်း၊ အောင်သပြေလမ်းဖြစ်လို့ပေ ၈၀လမ်းပါ ဖျက်သွားတာ၊ အကုန် ထွက် ပြေးကြတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

မုံရွာမြို့၊ အောင်သပြေလမ်းနှင့် ပေ(၈၀)လမ်းမကြီး နှစ်ခုကို စစ်ကောင်စီက တစ်ချိန်တည်း ဖွင့်လှစ်ရန်ပြုလုပ်ထားသောလည်း ပေါက်ကွဲသံများကြောင့် ဖျက်သိမ်းခဲ့ရပြီး စစ်ကောင်စီ အထက်အရာရှိများလည်း ထွက်ပြေးခဲ့ရသည်ဟု သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s