ယင်းမာပင်နှင့် ပုလဲ အစပ်ရှိ ကျေးရွာများကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီးနောက် ဝင်ရောက်စီးနင်း၊ ပြည်သူ မှန်သမျှကို လိုက်လံပစ်ခတ်နေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၁နာရီခန့်တွင် ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်တပ်က ရဟတ်ယာဉ်များဖြင့် စစ်သားများချကာ ကျေးရွာများကို စီးနင်းကြောင်း၊ တွေ့သမျှ ပြည်သူများကို လိုက်လံ ပစ်ခတ်နေကြောင်း ဒေသခံပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြော ဆို သည်။

“ရိုးရိုးရဟတ်ယာဉ် တစ်စီး‌၊ Mi3 တစ်စီး နဲ့ ဗုံးကျဲတယ်။ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်လာတယ်လို့ သိရတယ် ရိုးရိုး ရဟတ်ယာဉ်က ခွေးတွေ ချပေးတယ်။ Mi35က အပေါ်ကနေ ပစ်တယ်လို့ ပြောတယ်။ တော်တော်လေးကို ပစ်တာလို့ ပြောတယ်။ ရဟတ်ယာဉ်နဲ့ စစ်သားတွေ ချတယ် စစ်ခွေးတွေ မြေပေါ်ရောက်တာနဲ့ ရွာထဲကို ဝင်ပြီး တရစပ်တန်းပစ်တော့တာပဲလို့ ပြောတယ်” ဟု ယင်းမာပင်မြို့နယ် သတင်းမှန် ပြန် ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ် အစပ်ရှိ ကျေးရွာများကို ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီးနောက် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များဖြင့် စစ်သားများ ချပေးကာ စစ်တပ်က ကျေးရွာများကို ဝင်ရောက်စီးနင်းပစ်ခတ်နေသဖြင့် ဒေ သ ခံပြည်သူများ အားလုံး ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

” စစ်တပ်က ပုလဲနယ်နဲ့ယင်းမာပင်နယ်အစပ်က ကျေးရွာတွေကို ဒီကနေ့ မွန်းလွဲ ၁ နာရီကျော်လောက်မှာ ရဟတ်ယာဉ် ၂ စီးနဲ့ ညှပ်ပီး ပစ်သွားတယ်။ စစ်သားတွေလည်း ရွာတွေနားကို ရောက်နေတယ်။ သေနတ်တွေ တောက် လျှောက်ပစ်နေတယ်။ ကျေးရွာနေ ပြည်သူတွေလည်း ထွက် ပြေးနေရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s