ရုရှားနိုင်ငံမှ Spuntnik Light ကိုဗစ်ကာ ကွယ်ဆေး ၆ သိန်း စစ်ကောင်စီ ဝယ်ယူ

ရုရှားနိုင်ငံကနေ Spuntnik Light ကိုဗစ်-၁၉ ကာကွယ်ဆေး ၆ သိန်းဝယ်ယူထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံကနေ အဆိုပါ Spuntnik Light ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သိန်း လှူဒါန်းတဲ့အတွက် စုစုပေါင်း ကာကွယ်ဆေး ၁ သန်းဟာ ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၆ ရက် တွေမှာ မြန်မာကို ရောက်ရှိလာမယ်လို့ ဆိုပါတယ်။

မနေ့က ကာကွယ်ဆေး ၄ သိန်း လှူဒါန်းတဲ့ အခမ်းအနားကိုတော့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက တက်ရောက်ခဲ့ပြီး ရုရှားသံအမတ်ကြီး  H.E Dr. Nikolay Listopadov လည်း တက်ရောက်ခဲ့ကာ နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအ မှတ်နဲ့ ကိုဗစ်-၁၉တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေမှာ အထောက်အ ကူဖြစ်စေဖို့ လှူဒါန်းရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ ရုရှားနိုင်ငံထုတ် Spuntnik Light ကာကွယ်ဆေးတွေဟာ လူတယောက်ကို တစ်ကြိမ်သာ ထိုးနှံပေးဖို့ လို အပ်ပြီး မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ပိုမို လျင်မြန်စွာ လွှမ်းခြုံ နိုင်ရေးအတွက် များစွာအ ထောက်အကူပြုမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လတ်တလော မြန်မာပြည်သူတွေကြားမှာတော့ စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးနှံသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ၂၀၂၁ နှစ်ကုန်မှာ မြန်မာနိုင်ငံ လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်း ကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မယ်လို့ ပြောထားတာပါ။

လတ်တလောအချိန်ထိ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးတည်အုပ်စုတွေအလိုက် ထိုးနှံပေးနေပြီး ဇန်နဝါရီ ၁၁ ရက်နေ့အထိ ကာကွယ်ဆေး ၁ ကြိမ်ထိုးနှံပြီးသူ ၄ ဒသမ ၁၆ သန်းကျော်၊ ၂ ကြိမ်အပြည့်ထိုးနှံပြီးသူ  ၁၆ ဒသမ ၉၉ သန်း ကျော်နဲ့ စုစုပေါင်း ၂၁ ဒသမ ၁၅ သန်းရှိခဲ့ပြီလို့ ဖော်ပြထားပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ဓာတ်ခွဲစမ်းသပ်ခန်းတွေမပါဝင်ဘဲစစ်အုပ်စုလက် အောက် ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s