လွိုင်ကော်မြို့ထဲတွင် ဆိုင်ကယ်စီး ပြည်သူတစ်ဦး ဦးခေါင်းတေ့၍ ပစ်သတ်ခံထားရ၊ စစ်တပ်လက်ချက်ဟု ဒေသခံတချို့ပြောဆို

ကရင်နီပြည်နယ်၏ မြို့တော် လွိုင်ကော်မြို့ထဲတွင် ဆိုင်ကယ်စီးနင်းလာသော ပြည်သူတစ်ဦးကို ယမန်နေ့က ဦးခေါင်းတေ့၍ ပစ်သတ်ထားပြီး အဆိုပါ အ လောင်းမှာ ကောက်သူမရှိဘဲ ယနေ့ ဇန် နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းအထိ ရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ရန်ကုန်ခေတ် သစ် သတင်းဌာနသို့ ပြောဆိုသည်။

“လွိုင်ကော်မင်္ဂလာရပ်ကွက်၊ စျာန်အရှေ့မှာ ဆိုင်ကယ်နဲ့ လူ၁ ယောက် အပစ်ခံထား ရတယ်။ ခေါင်းကို အပစ်ခံထားရတယ်ပြောတယ်။ မနေ့ကတည်းက အပစ်ခံထားရတာ။ အခုလည်း အလောင်းကောက်မယ့်သူမရှိဘူး။ ပရဟိတအသင်းတွေကိုတော့ အကြောင်းကြားထားတယ်ပြောတယ်။ အလောင်းကောက်ပေးဖို့ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

လွိုင်ကော်မြို့ထဲတွင် စစ်ကောင်စီတပ်များက ကင်းပုန်းအများအပြား ဝင်နေကြပြီး အဆိုပါ ပြည်သူ ပစ်ခတ်သတ်ဖြတ်ခံရမှုသည် စစ်ကောင်စီတပ်များ၏ လက်ချက်ဟု ဒေသခံများက သုံးသပ်ပြောဆိုကြသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s