အကျဉ်းဦးစီးဌာန ဝန်ထမ်းမိသားစုဝင်များကို အရေးပေါ် စစ်သင်တန်းပေးရန် စစ်ကောင်စီ ညွှန်ကြား

ဧရာဝတီတိုင်း အကျဉ်းထောင်များရှိ အကျဉ်းဦးစီးဌာန ဝန်ထမ်းများနှင့် မိသားစုဝင်များကို အရေးပေါ် စစ်သင်တန်းပေးရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း အမည် မဖော်လိုသူ အကျဉ်းဦးစီးဌာန ဝန်ထမ်းတစ်ဦးက ပြောသည်။တမူးမြို့ ရဲဘက်စခန်းတစ်ခု တိုက်ခံရပြီးနောက် အရေးပေါ် ညွှန်ကြားချက်အဖြစ် စစ်ကောင်စီက ညွှန်ကြားခဲ့ခြင်း ဖြစ်ပြီး ဇန်နဝါရီလ မကုန်မီ အခြေခံ စစ်ပညာ သင်ကြားပေးရမည်ဟု ဆိုထား သည်။

“ပထမ သင်တန်းတက်ရမယ်လို့ ကြားနေတာကြာပြီ။ အခုမှ စာဝင်လာတယ်။ ဒီတစ်ပတ်အတွင်း စမယ်။ ဝင်းထဲမှာပဲ သင်ရမယ်ဆိုပြီး ထဖြစ်တာ။ ဘယ်သူ တက်ချင်မလဲ။ ဝန်ထမ်း အိမ်ယာတွေမှာ နေတဲ့သူတိုင်း မဖြစ်မနေ တက်ရမယ်လို့ ဆိုတယ်။ ယောက္ခမအိမ် အကုန်ပြောင်းဖို့ လုပ်နေရတယ်။ ကျန်တဲ့ သူတွေထဲမှာလည်း တက်မဲ့သူလည်းရှိတယ်။ မတက်ချင်လို့ အပြင်ကို ပြောင်းနေမယ့် သူတွေလည်းရှိတယ်။ ၁၇ ရက်နေ့ စတက်ရမယ် ပြောတယ် ”ဟု ဧရာဝတီတိုင်း အတွင်းရှိ အကျဉ်းထောင် ဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်သင်တန်းတက်ရောက်ပြီးနောက် လက်နက် တပ်ဆင်ပေးခြင်း ရှိ မရှိကို မသိရှိရသေးပေ။“သင်တန်းပြီးရင်တော့ ဘာလုပ်ရမယ်ဆိုတာ မပြောသေးဘူး၊ ဒီမှာတော့ လက်နက်တွေ တိုးပေးထားတယ်၊ လာချထားတယ်တော့ မရှိပါဘူး။ ကျွန်တော့်အဆင့်နဲ့က အဲ့ဒီလောက်ထိ မသိရဘူး။ သေနတ်ကတော့ အရင်ထဲက ကျွန်တော်တို့မှာ ရှိပါတယ်။ ကျွန်တော်တို့က ကိုင်ရတဲ့ အဆင့်မှာ မရှိဘူး”ဟု အဆိုပါ ဝန်ထမ်းက ပြော သည်။

စစ်ကောင်စီသည် မြန်မာနိုင်ငံအနှံ့ထိုးစစ်ဆင်နေပြီး သေဆုံးမှုများ မြင့်တက်နေချိန်တွင် တပ်တွင်း စစ်သား ဇနီးမယားများကို လက်နက် တပ်ဆင်ပေးပြီး လုံခြုံရေး စောင့်ခိုင်းခြင်း ၊ ရဲဝန်ထမ်း ဇနီးမယားများနှင့် အရန်မီးသတ် တပ်ဖွဲများ အပါအဝင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ မိ သား စုများကိုပါ စစ်သင်တန်း ပေးခြင်းများ လုပ်ဆောင်နေသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s