အရာတော်မြို့နယ်တွင် စစ်ကောင်စီခြေလျင် တပ် မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကြာပင်လှကျေးရွာအနီးမှာ  ဇန်နဝါရီ ၁၃ ရက်မနက် ၈ နာရီခွဲလောက် စစ်ကောင်စီခြေလျင်တပ်ဖွဲ့တွေကို ARA မြောက်ပိုင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ကျဆုံးကာ ၂၀ လောက် ဒဏ်ရာရခဲ့တယ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ ARA မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။

“မနက်ပွဲကတော့ အတော်လေးလှတယ်။ စစ်သားတွေ လေပေါ်မြောက်တက်သွားတာကို မြင်လိုက်ရတယ်။ အ ခုအထိအလောင်းတွေမကောက်သေးဘူး” လို့ နယ်မြေခံပြည်သူတော်လှန်ရေးခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဟာ အရာတော်မြောက်နယ်က ကျေးရွာတွေကို ၄ ရက်တိုင် လှည့်ပတ်ပြီး ရှာဖွေရေးလုပ်နေတဲ့ ခြေလျင်စစ်ကြောင်းဖြစ်တယ်လို့လည်း သိရပါတယ်။

ဇန်နဝါရီ ၁၃ ရက် မနက် ၅ နာရီလောက်ကလည်း အရာတော်အရှေ့နယ်၊ ငွေတွင်းကျေးရွာက CDM ကျောင်းဆရာတစ်ဦးရဲ့ နေအိမ်နဲ့ NLD ရပ်ကျေးဥက္ကဌရဲ့ နေအိမ်တို့ကို ဒေသခံပျူစောထီးများက မီးတင်ရှို့သွားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s