ကော့ကရိတ်မြို့နယ် ရွာသစ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောင်ဘက်ရှိ မြို့ဟောင်းကျေးရွာနှင့် ရွာသစ်ကျေးရွာ အနီးတဝိုက်တွင် ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၆ နာရီခန့်က နယ်မြေခံ KNLA တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်းကောင်စီ တပ်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။“မနေ့က ညနေကလည်းဖြစ်တယ်။ ဒီမနက် ၆ နာရီမှာလည်း ပြန်ဖြစ်တယ်။ မနက်ကတော့ မြို့ဟောင်း၊ ရွာသစ်အနီးအနား တဝိုက်မှာ ဖြစ်တာပါ။ အခုတော့ ခဏရပ် ထားတယ်။ မကြားရတော့ဘူး” ဟု ကော့ကရိတ် ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

လက်ရှိ မြို့ဟောင်းနှင့် ရွာသစ်ကျေးရွာ အနီးတဝိုက် ပစ်ခတ်သံများ မကြားရဘဲ ငြိမ်သက်နေကြောင်း ၎င်းက ပြောသည်။ကော့ကရိတ်မြို့ အ မှတ် (၁) ရပ်ကွက်၊ ချောင်းတောင် နှစ်သစ်ကူးကွင်းမှ တောင်ဘက်ရှိ ကမိုင်ကုန်း ကျေးရွာဘက်ကို စစ်ကောင်စီက ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် ည ၇ နာရီ ဝန်းကျင်ခန့်က စတင်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ကမိုင်ကုန်းကျေးရွာရှိ ဈေးဆိုင်တစ်ဆိုင် လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်းဒေသခံများက ပြောသည်။

“ကော့ကရိတ် နှစ်သစ်ကူးကွင်း နားကနေ ပစ်တာပါ။ ကမိုင်ကုန်းမှာ ဆိုင်တစ်ဆိုင်မှာတော့ လက်နက်ကြီး ထိမှန်သွားတယ်” ဟု ဒေသခံက ပြောသည်။ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ကော့ကရိတ်မြို့နယ်တွင် ယခုလအတွင်း နယ်မြေခံ KNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲခပ်စိပ်စိပ် ဖြစ်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် ရဟတ်ယာဉ်များဖြင့်လည်း မကြာခဏ လာရောက် ပစ်ခတ်မှုများ ရှိနေသည်။

ယင်းအပြင် KNU ဘက်က ည ၆ နာရီနောက်ပိုင်း ဖြတ်သန်း သွားလာခွင့် မပြုကြောင်း ကန့်သတ်မိန့် ထုတ်ပြန်ထားသည့် ကော့ကရိတ်မြို့ အ ဝင် အာရှလမ်းမကြီးပေါ်တွင် လောင်စာဆီ တင်ဆောင်လာသည့် ကားနှစ်စီး ဇန်နဝါရီလ ၇ ရက် ည ၈နာရီတွင် ပစ်ခတ်ခံခဲ့ရပြီး ကားတစ်စီး မီးလောင်ကျွမ်းခဲ့သေးသည်။လက်ရှိ တိုက်ပွဲများကြောင့် ကော့ကရိတ်မြို့နယ် ဒေသခံ ၃၀၀၀ ဝန်းကျင်ခန့် အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

မကြာသေးမီက ဖြစ်ပွားခဲ့သည့် မြဝတီမြို့ တောင်ဘက်ခြမ်းရှိ လေးကေ့ကော်ဒေသ တိုက်ပွဲများကြောင့် လေးကေ့ကော်၊ မယ်ထော်သလေး၊ ပဲဟိကလော်၊ထီး မယ်ဝါးခီး၊ ဖလူးကြီး၊ ဖလူးလေး၊ ရသေ့ဂူ၊ မင်းလက်ပံ၊ မေတ္တာလင်းမြိုင်နှင့် အင်ကြင်းမြိုင် ကျေးရွာများတွင် နေထိုင်သည့် ဒေ သခံပြည်သူ ဦးရေ ၁၆၀၀၀ ခန့် ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်း ရှောင်နေရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s