တောင်ကြီးမြို့တွင် မင်းအောင်လှိုင်ကို ဆဲဆိုထားသည့် ပိုစတာကို စစ်တပ်က လာဖြုတ်စဉ် ဗုံးပေါက်ကွဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ဒဏ် ရာရရှိ

ရှမ်းပြည်နယ်မြို့နယ်၊ တောင်ကြီးမြို့၊ မြကန်သာအနီးတွင် မင်းအောင်လှိုင်ကို ဆဲဆိုထားသည့် ပိုစတာ ကပ်ထားသည်ကို ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် စစ်တပ်က လာဖြုတ်စဉ် ဗုံးပေါက်ကွဲပြီး စစ်သား ၅ ဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ယနေ့နံနက်ပိုင်း တောင်ကြီး Local PDF တပ်ဖွဲ့က တောင်ကြီး၊ မြကန်သာအနီးတွင် သတိပေးစာတန်း သွားကပ်ပေးခဲ့ကြောင်း၊ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန် စစ်ကောင်စီတပ်များက သတိပေးစာကိုသွားရောက်ဖြုတ်ရာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပေါက်ကွဲသည့်နေရာတွင် စစ်သား ၅ ဦးထိ ခိုက်ဒဏ်ရာရရှိသွားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ စစ်သား ၅ ဦးအနက်မှ ၂ ဦးကို ကားပေါ်သို့ ပွေ့ခေါ်သွားရကြောင်း ဒေသခံများက ပြောဆိုသည်။

လက်ရှိတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အနီးအနားရှိ CCTV မှတ်တမ်းများကို စစ်တပ်က အတင်းအဓမ္မလိုက်လံတောင်းခံလျက်ရှိကြောင်း၊ လမ်းသွားလမ်းလာများကိုလည်း စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s