ထိုင်းပြန်များကို ၁ ပတ်လျှင် ဦးရေ ၆၀၀ နှုန်းဖြင့် မဲဆောက်-မြ၀တီ အမှတ် (၂) ချစ်ကြည် ရေး တံတားမှ ပြန်ခွင့်ပြု

ထိုင်းနိုင်ငံမှ ပြန်မည့်သူများကို မဲဆောက်-မြ၀တီ နယ်စပ်ဂိတ် အမှတ် (၂) ချစ်ကြည်ရေး တံတားမှ တစ်ဆင့် တစ်ပတ်လျှင် ဦးရေ ၆၀၀ ခန့်ကို ယခု ဇန်နဝါရီလ ၁၅ ရက်နေ့မှ စတင်ကာ ပြန်ခွင့် ပြုသွားမည် ဖြစ်ကြောင်း မြန်မာ အလုပ်သမား အရေး ကူညီ ဆောင်ရွက်ပေးနေသူများထံက သိရသည်။
လက်ရှိတွင် ပြည်တော်ပြန်များကို တစ်ပတ်လျှင် ဦးရေ ၆၀၀ နှုန်းဖြင့် စနေ၊ တနင်္လာ၊ ဗုဒ္ဒဟူး နေ့ရက်များတွင် တစ်ရက်လျှင် အယောက် ၂၀၀ ပြန်ခွင့်ပေးမည် ဖြစ်ကြောင်း နေရပ်ပြန်များအရေး ဆောင်ရွက် ပေးနေသည့် ကိုဖြိုးက ဆိုသည်။ ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာ နိုင်ငံသို့ ပြည် တော်ပြန်များ ရှိနေသကဲ့သို့ တစ်ဖက်တွင်လည်း မြန်မာ နိုင်ငံမှ ထိုင်းနိုင်ငံသို့ အလုပ် လုပ်ကိုင်ရန် ပွဲစားများဖြင့် ချိတ်ဆက်ကာ တရားမဝင် လာရောက် နေသူများရှိပြီး အဖမ်းခံရသူများစွာ ရှိနေသည်။
အဆိုပါ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်သူများသည် တစ်ဦးလျှင် ထိုင်းဘတ် ၁၅,၀၀၀ မှ ၂၅,၀၀၀ အထိ ပေးဆောင်ကာ ရာနဲ့ချီ၍ တ ရားမဝင် နယ်စပ် ဖြတ်ကျော်မှုများ ရှိနေပြီး ထိုင်း လုံခြုံရေး တပ်ဖွဲ့များက ဖမ်းဆီး အရေးယူမှုများ နေ့စဉ်နီးပါး ဆောင်ရွက်လျက် ရှိသည်။mizzima