မန္တလေး မဟာအောင်မြေ လျှပ်စစ်ရုံး အစောင့်စစ်သားများ ပစ်ခတ်ခံရ၊ ၁ ဦး သေဆုံး

မန္တလေး၊ မဟာအောင်မြေမြို့နယ် လျှပ်စစ်ရုံးတွင် ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်က ရုံးအစောင့် စစ်သားများ ပစ်ခတ်ခံရပြီး၊ တစ်ဦး သေဆုံးကြောင်း သိရသည်။”ရုံးအစောင့် စစ်သားတွေကိုပစ်တာ နှစ်ယောက်ထိတယ်၊ စစ်သားတွေလည်း ပြန်ပစ်တယ်၊ ညက အဲ ဒီဘက်မှာ ပစ်သံတွေ ဆူညံနေတာ” ဟု ဒေသခံ တစ်ဦးက ပြောသည်။ထိုပစ်ခတ်တိုက်ခိုက်မှုကို မန္တလေးမြို့အခြေစိုက် Justice Mandalay People Defense Force-JMPDF နှင့် Phoenix Special Task Force တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း JMPDF က ထုတ်ပြန်သည်။

ဝင်ရောက်ပစ်ခတ်ချိန်တွင် လမ်းလျှောက်နေသည့် စစ်သားတစ်ဦး လဲကျ သွားသည်ကို အတည်ပြုနိုင်ကြောင်း၊ နောက်ထပ်တစ်ဦးကိုမူ အ တည် မပြုနိုင်ကြောင်း၊ ၎င်းတို့ လုံခြုံဘေးကင်းစွာ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။မန္တလေး၊ မဟာအောင်မြို့နယ် ၃၅ လမ်း၊ မြတောင်ကျောင်းတိုက်အနီးရှိ၊ လျှပ်ပ်စစ်အင်ဂျင်နီယာရုံးသည် ယမန် နေ့နံနက်ပိုင်းကလည်း ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပြီး လူအထိအခိုက် မရှိခဲ့ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s