မန္တလေး ၃၅ လမ်း လျှပ်စစ်ရုံးရှေ့ စစ်ကောင်စီကင်းတဲကို ပြောက်ကျားတပ်ဖွဲ့များ ဝင်ပစ် စစ် သား အနည်းဆုံး ၁ ဦး သေဆုံး၊ စိုင်ပြင်ရဲစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဂဠုန်တပ်တော်က မိုင်းဆွဲတိုက်ခိုက်

မန္တလေးမြို့၊ ၃၅လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ မဟာအောင်မြေမြို့နယ် လျှပ်စစ်ရုံးရှေ့တွင် ကင်းစောင့်နေသော အကြမ်းဖက်စစ်ကောင် စီတပ်ဖွဲ့ဝင်များကို မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့မှ ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် ဝင်ရောက်ပစ်ခတ်ရာ အနည်း ဆုံး စစ်သား ၁ ဦး သေဆုံးကြောင်း အဆိုပါ ပြောက်ကျားတပ်ဖွဲ့များထံမှ သိရှိရသည်။

ပြောက်ကျားအဖွဲ့များ ဝင်ရောက်ပစ်ခတ်ချိန်တွင် လမ်း လျှောက်နေသော စစ်သား ၁ ဦး လဲကျသွားကြောင်း၊ နောက် ၁ ဦးမှာ သဲအိတ်များအောက် ဝင်ပုန်းသည်လော၊ လဲကျသေဆုံးခြင်းလော အတည်မပြုနိုင်သေးကြောင်း JMPDF က သတင်းထုတ်ပြန်သည်။အဆိုပါတိုက်ခိုက်မှုကို Phoenix အထူးပြောက်ကျားတပ်ဖွဲ့နှင့် JMPDF အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ကြောင်းနှင့် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ကြောင်း သိရှိရသည်။

အလားတူ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရဲစခန်းတွင်းရှိ အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်နှင့်အဖွဲ့ကို ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဂဠုန်တပ်တော်က နေရာ ၅ နေရာတွင် မိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု ရှိနိုင်ကြောင်း သိရှိရသည်။အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်သေနတ်များ၊ ၄၀ မမ တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ဂဠုန်တပ်တော် (PDF Galon) တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဂဠုန်တပ်တော်က သတင်းထုတ်ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s