ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခံရသည့် မရသိမ်ရွာတွင် ရွာသား ၅ ဦးကို စစ်တပ်က ဖမ်းဆီးရိုက်နှက်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များ စခန်းချရာ မရသိမ်ရွာ စာသင်ကျောင်းအား စစ်ကောင်စီတပ်က ရဟတ် ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး စီးနင်းကာ ဒေသခံရွာသား ငါးဦးအား ဖမ်းဆီး ရိုက်နှက် စစ်ဆေးနေကြောင်း သိရသည်။ ဇန်နဝါရီလ ၁၃ မနက် ၈ နာရီခန့်တွင် ကသာခရိုင် ထီးချိုင့်မြို့နယ်ရှိ မရသိမ်ကျေးရွာ စာသင်ကျောင်းအား စစ်ကောင်စီတပ်က ရဟတ်ယာဉ် နှစ်စင်းဖြင့် မိနစ်သုံးဆယ်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“သူတို့က အဲ့ဒီစာသင်ကျောင်းမှာ စခန်းချနေကြတာ ပြီးတော့ အရင်နေ့က တိုက်ပွဲကြောင့် ပြေးလွှားနေရတဲ့ ဒေသခံတွေထဲက အမျိုးသား ငါးဦးကို ဖမ်းပြီး ရိုက်နှက် စစ်ဆေးနေတယ်လို့ သိရပါတယ်” ဟု HPDF- Htee Phyu အဖွဲ့ခေါင်းဆောင် တစ်ဦးကပြောသည်။ ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်ကာ ထီးချိုင့်မြို့မှ ထွက်ခွါလာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် ဒေသခံ တော်လှန်ရေး တပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ စ တင်ခဲ့ခြင်း ဖြစ်သည်။ ဇန်နဝါရီလ ၁၂ ရက်နေ့တွင်မူ ထီးချိုင့်မြို့ အနောက်တောင်ဘက်ရှိ အရိုးတောင်အနီးတွင် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့က ယင်းစစ်ကောင်စီ စစ်ကြောင်းအား ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ကျဆုံးမှုများပြီး ဒေသခံတော်လှန်ရေး တပ်သားတစ်ဦးလည်း ကျဆုံးခဲ့ရသည်။ ထို့နောက် ဇန်နဝါရီလ ၁၃ ရက် နံနက်တွင် သာလွန်အင်အားဖြင့် ဒေသခံ တော်လှန်ရေး တပ်များ စခန်းချရာ စာသင်ကျောင်းအား စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။ ခုံခံတိုက်ခိုက်ရင်း လက်နက်အင်အား မမျှသည့်အတွက် ဒေသခံတပ်ဖွဲ့များ စခန်းမှ ဆုတ်ခွါပေးလိုက်ရသည်ဟု HPDF- Htee Phyu အဖွဲ့ခေါင်းဆောင်က ပြောသည်။

လေကြောင်း၊ ကြည်းကြောင်းဖြင့် ဝင်ရောက်တိုက်ခိုက်မည်ကို သတင်းကြိုတင်ရသည့် အတွက် ဒေသခံ တပ်အဖွဲ့ဝင်များ အချိန်မီ ဆုတ်ခွါနိုင်ခဲ့ပြီး ဖမ်းဆီးခံရသူ မရှိခဲ့ကြောင်း ဆိုသည်။ စစ်ကောင်စီတပ် လေကြောင်း ကြည်းကြောင်းဖြင့် ဝင်ရောက်လာမည်ကို ကြိုတင် သတင်းပေးခဲ့သော တပ်တွင်း အရာရှိတစ်ဦးအား ကျေးဇူးတင်ကြောင်းလည်း HPDF- Htee Phyu အဖွဲ့က ထုတ်ပြန်ထားသည်။ ယခုကဲ့သို့ အာဏာသိမ်း စစ်ကောင်စီအား ခုခံတိုက်ခိုက်ရာတွင် လက်နက်အင်အား မမျှတသည့်အတွက် လက်နက်ထောက်ပံ့မှုများ လိုအပ်ကြောင်းနှင့် မရလျင်လည်း ရှိသည့်လက်နက်ဖြင့်ပင် ဆက်လက်တိုက်ပွဲဝင်မည်ဟု HPDF- Htee Phyu အဖွဲ့ခေါင်းဆောင်က ပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s