Monthly Archives: Jan 2022

တမူး၊ နန်းဖာလုံရပ်ကွက်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်လို့ စစ်သား ၄ ဦး သေဆုံး၊ ၂ ဦး ခန့် ဒဏ်ရာရ၊ တီးတိန်မြို့နယ်အတွင်း နယ်မြေရှင်း လင်းစဉ် စစ်ကောင်စီ၏ သေနတ် ၁ လက် ထပ် မံသိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ တမူးမြို့၊ မြို့မ ၁၂ နန်းဖာလုံရပ်ကွက်၊ ကံကြီးဝတံတားအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၁၆ ရက် နံနက် ၈ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးပြီး ၂ ဦးခန့် ဒဏ်ရာရရှိကြောင်း တမူး PDF တပ်ရင်း ၄ က သတင်းထုတ်ပြန်သည်။ကားလေးဝင်းအကျော်၊ ကံကြီးဝတံတားအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ကို အလစ်အငိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တမူး PDF တပ်ရင်း ၁ တပ်ခွဲ ၃၊ ကျောင်းသားတပ်ခွဲ BSO နှင့် တမူး PDF တပ်ရင်း ၄ (TSG) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး မြေပြင်စစ်ဆင်ရေးများကို ပူးပေါင်းကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု တပ်ရင်း ၄ က သတင်းထုတ်ပြန်သည်။အလားတူ တီးတိန်မြို့နယ်အတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းစဉ် သေ နတ် ၁ လက် ထပ်မံ သိမ်းဆည်းရမိကြောင်း၊ ဟိန်ဇင်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် ရှေ့တိုးလာခြင်းမရှိကြောင်း၊ ယနေ့တွင် တီးတိန်မြို့နယ်အတွင်း၌ ပစ်ခတ်မှု အနည်းအကျဉ်းသား ရှိကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

ယနေ့ ဇန်နဝါရီလ နံနက် ၇ နာရီ ၅၀ ခန့်တွင် ခိုင်ကမ်းမြို့ရှိ ကလေးတက္ကသိုလ်ဝန်းထဲ၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယမန်နေ့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ ရဲဘော် ၇ ဦးအနက်မှ Sergeant Thang Pui သည် ဒဏ်ရာပြင်းထန်ပြီး ယနေ့နံနက်တွင် ကျဆုံးသွားကြောင်း၊ ကျန်ရဲဘော်များမှာ လုံခြုံသောနေရာတွင် ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။

ကလေးမြို့မှ ကလေး-တီးတိန်းလမ်းအတိုင်း တက်လာသော အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်နှင့် PDF Zoland, CDM Siyin, Zogam Army, PDA, CNA, CNDF, Zomi PDF နှင့် Kalay PDF များကြား သိုင်းငင်း အနီးတဝိုက်တွင် တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၄ ရက်ဆက်တိုက် ရှိပြီ ဖြစ်သည်။ khit thit

စစ်ကောင်စီ ချိပ်ပိတ်ထားသည့် ပုသိမ် NLD ရုံးတွင်းရှိ အဖိုးတန် ပစ္စည်းများ ပျောက်ဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မရမ်းချိုလမ်းမကြီး အနောက်ဘက်ရှိ ပုသိမ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှိ ကာလပေါက်ဈေး ကျပ်သိန်း ၂၅၀ ကျော်ခန့် တန်ဖိုးရှိသည့် ရုံးတွင်း ပစ္စည်းများ အခိုးခံလိုက်ရကြောင်း ပုသိမ် NLD ပါတီဝင် တစ်ဦးက ပြောသည်။စစ်အာဏာ သိမ်းသည့်နေ့တွင် ချိပ်ပိတ်ခံခဲ့ရသည့် အတွက် ပုသိမ်မြို့နယ် NLD ရုံးတွင်း ပစ္စည်းများ အားလုံး ထားခဲ့ရပြီး အဆိုပါ ပစ္စည်း အားလုံးနီးပါး အခိုးခံလိုက်ရခြင်း ဖြစ်ကြောင်း အဆိုပါ ပါတီဝင်က ပြောသည်။

“ရုံးထဲမှာရှိတဲ့ ဆက်တီ နှစ်စုံ၊ စာအုပ်ထည့်တဲ့ ဘီရိုတွေ၊ ရုံးသုံး ပရိဘောဂတွေ ၊ကွန်ပြူတာတွေ၊ ၄၂ လက်မ TV တစ်လုံး ၊ရေအေးစက်၊ ဆောင်းဘောက် အသံချဲ့စက် အစုံလိုက်နဲ့ အဲကွန်း ၁၁ လုံးကို အောက်ဒိုးရော အင်ဒိုးတွေရော ဖြုတ်ခိုးသွားတာပါ၊ ရုံးထဲမှာ တစ်ခြားဟာတွေလည်း အများကြီး ရှိသေးတယ်၊ အကုန်လုံးပေါင်းရင် သိန်း ၂၅၀ ကျော်ဖိုးလောက်ရှိတယ် ” ဟု ၎င်းကဆိုသည်။

ပုသိမ်မြို့နယ် NLD ပါတီရုံးအား စစ်တပ်အာဏာ သိမ်းယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၃၀ ခန့်တွင် စစ်သားများနှင့် ရဲများက ချိပ်ပိတ်သွားခြင်း ဖြစ်ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ မနက် ၃ နာရီခန့် အချိန်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သေးသည်။ရုံးတွင်း ပစ္စည်းများ အခိုးခံခဲ့ရသော ပုသိမ်မြို့နယ် NLD ပါတီရုံးသည် ပုသိမ် နယ်မြေရဲစခန်းနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိကာ ချိပ်ပိတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီ တပ်သားများနှင့် ရဲများသာ ရုံးအတွင်း အဝင်အထွက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ mizzima

ရန်ကုန်မှာ “တိုက်ပွဲဝင်မှအောင်ပွဲဆင်” ​ကြွေး​ကြော်သံနဲ့ ရန်ကုန်လူထုသပိတ်က လူထုတေးသံသီချင်းသီဆိုကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှား ချီတက် သပိတ်​မှောက်

khit thit

မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မိုင်းကိုင်စစ်ရှောင်များ ဒုက္ခရောက်နေ

ဇန်နဝါရီ ၁၅ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းလာတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့၊  မွေတော်တပေါင်းဝင်းအတွင်းရှိ ယာယီ စစ်ရှောင်တဲတွေ အမိုးလန် ပျက်စီးသွားကာ နေစရာ အခက်အခဲကြုံနေကြတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

“မနေ့က မိုးအရမ်းကြီးတာရယ်၊ တချို့ဆိုတဲတွေ အကုန်လန်သွားတာမျိုး ကြုံနေရတယ်” လို့ စစ်ရှောင် ပြည်သူတစ်ဦး က ပြောပါတယ်။

အရင်က ပန်ကေတုနဲ့ မြို့ပြင်ဘက်က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံခဲ့ပေမယ့် တိုက်ပွဲက နေထိုင်ရာနေရာနဲ့ နပိုနီးလာလို့ မြို့ဘက်ထဲ ပြောင်း ရွှေ့နေထိုင်ကြရပြီး နေရာမဆံ့တာကြောင့် ကွင်းပြင်မှာ တဲထိုးနေထိုင်ကြရာ ရုတ်တရက် မိုးရွာသွန်းမှုကြောင့် ခက်ခဲဒုက္ခရောက်ရ‌တာလို့ စစ်ဘေးဒုက္ခသည်‌တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။


စစ်ရှောင် လူဦးရေက မတည်ငြိမ်သေးပဲ တိုးလိုက်၊ လျော့လိုက်ဖြစ်နေပြီး ပျမ်းမျှ ၂၆၀၀ ဝန်းကျင်မှာ ရှိတယ်လို့ ဆိုပါတယ်။

“စစ်ရှောင်ဦးရေက သတမတ်တည်းတော့ မဟုတ်ဘူးပေါ့နော်။ တချို့နေရာကျတော့ ပြန်တိုးလာတာ ရှိတယ်ရှင့်။ စုစုပေါင်း ပျမ်းမျှ စစ်ဘေးဒုက္ခသည်က ၂၆၀၀ လောက်ရှိတယ် ခုလောလောဆယ် မိုင်းကိုင်မှာလေ။” 

လက်ရှိ မိုင်းကိုင်မြို့နယ်မှာ တိုက်ပွဲရှောင်စခန်း ၁၄ ရှိပြီး အိမ်ထောင်စု ၇၆၀၊ လူဦးရေ ၂၅၈၆ ဦး တိမ်းရှောင်နေကြရတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ DVB

အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ကို မိုးတားလေးကျေးရွာအနီးတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့က မိုင်း ၆ လုံးခွဲတိုက်ခိုက်၊ စစ်သား ၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် သံပုကုန်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်မ ၈၈ လက်အောက်ခံတပ်ဖွဲ့များနှင့် ရွှေကူမှ စုန်ဆင်းလာသော သင်္ဘော ၂ စီးမှ အဖွဲ့တို့ ပေါင်းမိနေစဉ် ယနေ့ ဇန်နဝါရီလ ၁၆ ရက် မွန်းလွဲ ၃ နာရီ ၃၈ တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်း ၆ လုံး ဖောက်ခွဲတိုက်ခိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

သံပုကုန်းရွာမှ တပ်မ ၈၈ လက်အောက်ခံအဖွဲ့သည် ရွှေကူမှ စုန်ဆင်းလာသော စစ်ကောင်စီသင်္ဘော ၂ စီးကို လုံခြုံရေးယူပေးထားပြီး ယင်းအ ဖွဲ့များ ပူးပေါင်းနေချိန်တွင် မြို့လှ PDF တပ်ခွဲ ၂၊ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မိုးတားအောက်ဘက်မှာသူတို့ ရေယာဉ်နှစ်စီး မထွက်ခင်ကတည်းက စကစတွေ ထွက်သွားရင် သံပုရာကုန်းမှာ တပ်စွဲထားတဲ့တပ်တွေနဲ့ မိုးတားမှာတပ်စွဲထားတဲ့ကောင်တွေ ကူးလူးကြမယ်ဆိုတာ ကျွန်တော်တို့သေချာပေါက်သိလို့ စောင့်နေတာ ၁၅ ရက်လောက်ပြီ။ ဒီနေ့ဒီချိန်က တော့ ကျွန်တော်တို့ဆင်ထားတဲ့ မိုင်းကွင်းထဲကို တည့်တည့်ကြီးဝင်လာကြတာဆိုတော့ အခါကောင်းကိုမိလိုက်တာပါ” ဟု ကသာပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ တပ်ခွဲမှူး ဗိုလ်ကံက ကသာတော်လှန်ရေးအင်အားစုသို့ ပြောကြားသည်။

မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့သည် ညနေ ၅ နာရီ ၂၀ ခန့်တွင် မိုးတားလေးကျေးရွာရှိ ဘုန်းကြီးကျောင်းများသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။ khit thit

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့တွင် One Day Challenge ကမ်ပိန်းပြုလုပ်

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖောင်းဘူတာရှေ့မှာ ဇန်နဝါရီ ၁၆ ရက်နေ့လယ် ၁ နာရီကနေ ညနေ ၃ နာရီအထိ ONE DAY CHALLENGE ကမ်ပိန်းကို လူအင်အား ၃၀ လောက့် ပြုလုပ်ခဲ့ကြတယ်လို့ စည်းရုံးရေးကော်မတီဝင်လူငယ်တယောက်က ပြောပါတယ်။

ONE DAY CHALLENGE ကမ်ပိန်းကို အောက်တိုဘာမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခုချိန်ထိ အဖွဲ့ဝင် ၁၆၀၄ ယောက်ရှိနေပြီဖြစ်ပါတယ်။

၁၁ လပိုင်းကနေစပြီး တစ်လကို ဒေါ် ၁ သိန်း ၂ သောင်းလောက်ထိ ရပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာကနေ အခုနှစ်ဇန်နဝါရီလအထိ NUG အစိုးရကို ဒေါ်လာ ၄ သိန်း ပံ့ပိုးပြီးပြီလို့ ဆိုပါတယ်။

တစ်လမှာ တစ်ရက် တိုင်းပြည်အနာဂတ်အတွက် သူရဲကောင်းတွေ အသက်တွေ ပေးဆပ်နေကြတဲ့ ဒီမိုကရေစီ တော်လှန်ရေးမှာ ပြည်ပက ကျနော်တို့ရဲ့တစ်ရက်စာ လုပ်အားခကို ပေးဆပ်ဖို့ ဝန်မလေးရင် ONE DAY CHALLENGE မှာ ပူးပေါင်းပေးကြပါလို့လည်း တောင်းဆိုထားပါတယ်။ DVB

ဖာပွန်ခရိုင်၌ ၁၅ ရက်အတွင်း တိုက်ပွဲ အကြိမ် ၁၀၀ ကျော် ဖြစ်ခဲ့

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေ မူတြော်ခရိုင် (ဖာပွန်) တွင် အကြမ်းဖက် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ ၁၅ ရက်အတွင်း တိုက်ပွဲ ၁၁၉ ကြိမ်ဖြစ်ပွားခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ် ပြန်သည်။

ဇန်နဝါရီလ ၁ ရက်နေ့ မှ ၁၅ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီ ဘက်မှ ၅၄ ဦး သေဆုံးကာ တပ်ခွဲမှူး တစ်ဦး အပါအဝင် ၄၈ ဦး ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီတပ်၏ စစ်ကား ၁၃ စီးကို ဖျက်ဆီး နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ KNLA ဘက်မှလည်း တစ်ဦး ကျဆုံးကာ လေးဦး ဒဏ်ရာရရှိကြောင်း ပါရှိသည်။

ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ခွေးသေရွာနှင့် ၂၁ မိုင်ကြား ဒေသနှင့် လူသော ဒေသများတွင် ဒေသခံများ ရှိရာဘက်သို့ စစ်ကောင်စီတပ်က လက် နက်ကြီးများဖြင့် အကြိမ် ၇၀ ကျော် ပစ်ခတ်ခဲ့ကြောင်းနှင့် စစ်လေယာဉ်ပေါ်မှ လက်နက်ကြီး ၁၀ လုံးလည်း ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထား သည်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ အရပ်သား သုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာ ရရှိသည်ဟု ဆိုသည်။ mizzima

မိုင်တဲလ်တာဝါတိုင်ဖောက်ခွဲမှု သံသယနှင့်ဖမ်း ထားသည့် ပြည်သူတစ်ဦးအလောင်း စစ်တပ်က ပြန်ပို့

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရှင်မုတ္ထီးကျေးရွာအတွင်းရှိ စစ်အုပ်စုပိုင် မိုင်တဲတာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် အဖမ်းခံထားရတဲ့သူတွေထဲက တစ်ဦးရဲ့ ရုပ်အလောင်းအား ဇန်နဝါရီ ၁၅ ရက် မနက်မှာ စစ်ကောင်စီတပ်က မိသားစုဝင်တွေဆီ လာပို့ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရသူ ပြည်သူ ၄ ဦးထဲက အသက် ၄၈ နှစ်အရွယ် စော်ဝကျေးရွာသားတစ်ဦးဖြစ်တဲ့ ဦးခင်မောင်လွင်ရဲ့ အလောင်းအား လာပို့ခဲ့တာလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးဆီက ပြောပါတယ်။

သရက်ချောင်းမြို့နယ်၊ ရှင်မုတ္ထီးကျေးရွာအတွင်းရှိ စစ်အုပ်စုပိုင် မိုင်တဲတာဝါတိုင်ကို ဇန်နဝါရီ ၁၁ ရက်၊ မနက် ၂ နာရီအချိန်လောက်က ဖောက် ခွဲဖျက်ဆီးခံခဲ့ရပြီး ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က သူတို့လုပ်ဆောင်ခဲ့ကြောင်း ဇန်နဝါရီ ၁၄ ရက် ရက်စွဲနဲ့ ထုတ်ပြန် ကြေ ညာထားပါတယ်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း စစ်အုပ်စုပိုင် မိုင်တဲတာဝါတိုင်တွေကို သုံးကြိမ်ထက်မနည်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်က ရွာခံပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ  ရှိခဲ့ပါတယ်။ DVB

မြောင်နယ်တွင် PDF များ ဝန်းရံမှုဖြင့် လူထုသပိတ် ကျင်းပ

မြောင်မြို့နယ်၌ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ထောက်ခံပွဲနှင့် ပြည်သူ့သပိတ်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ၏ ဝန်းရံ ကာကွယ်ပေးမှုနှင့် အတူ ပြည်သူ့ကာကွယ်ရေးတပ် အလံ လွှင့်ထူပြီး ကျင်းပနိုင်ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDS OM က ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။NUG အစိုးရကို ကြိုဆိုထောက်ခံကာ ပြည်သူ့ ကာကွယ်ရေး လုပ်ငန်းများ တွင်တွင်ကျယ်ကျယ် လုပ်ဆောင် ပေးစေလိုသော ရည်ရွယ်ချက်များဖြင့် ယခုကဲ့သို့ လူထုသပိတ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုထားသည်။

“ ပြည်သူမှာ ပြည်သူပဲရှိတယ် မှန်ပါတယ်။ သို့သော် ပြည်သူ့ခွန်အား နည်းတူ ကျွန်တော်တို့အတွက် တရားမျှတပြီး လွတ်လပ်တဲ့ နိုင်ငံတော်ကြီး ဖြစ်လာစေဖို့ ပြည်သူ ယုံကြည် အားကိုးရမယ့် NUG အစိုးရကိုလည်း တရားဝင် အလုပ်ဖြစ်မြောက် လာစေဖို့ ထောက်ခံ ရပါမယ်။ ကျွန် တော်တို့အင်အား၊ NUG ရဲ့ အင်အား၊ နိုင်ငံတကာရဲ့ အင်အား၊ ပြည်သူ့ ကာကွယ်ရေး တပ်/အဖွဲ့ တွေရဲ့ အင်အားနဲ့ ပြိုင်တူတွန်းရင် ဖြစ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ် “ ဟု CDSOM အဖွဲ့က ဆိုထားသည်။

ယခု သပိတ်ကို မြောင်မြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ဖြစ်ကြသည့် CDSOM ၊ Myaung Union Army၊ M2W၊ PDF TALOKE၊ မြင်းမူ လျှပ်စီးပြောက်ကျားအဖွဲ့ ၊ နှလုံးလှ လူမိုက်ကြီးများ အဖွဲ့ ၊ MGN RANGER ၊ YFPDF ၊ စွန်ရဲအဖွဲ့၊ ပြောက်ကျားလင်းယုန် ၊ ဗိုလ်ကျားသစ် နှင့် GGG စသည့် ကာကွယ်ရေး တပ်ဖွဲ့များက လုံခြုံရေး လိုက်ပါ ဆောင်ရွက်ပေးခဲ့ပြီး မြောင်မြို့ပေါ်တွင် စစ်ကောင်စီ တပ်များ ရှိနေသည့် ကြားက အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။“အဖွဲ့ ၁၁ ဖွဲ့က လုံခြုံရေး တာဝန်ယူတာ ဟုတ်ပါတယ်။ လုံခြုံရေး အင်အားကတော့ ၅၀ ကျော်လောက် ရှိမယ်ထင်တယ်။ လူထုသပိတ်ကတော့ အောင်မြင်စွာ ပြီးဆုံးသွားပါတယ်ဗျ။ ဘာအန္တရယ်မှ မရှိခဲ့ပါဘူး။

ကျွန်တော်တို့အဖွဲ့အနေနဲ့ ပြည်သူတွေ အတွက် လုံခြုံရေး ယူပေးတာပေါ့။ ပြည်သူတွေနဲ့ PDF တွေနဲ့ တစ်သားထဲ ရှိတယ်ဆိုတဲ့ အရာကို ပြသတာပါပဲ”ဟု နှလုံးလှ လူမိုက်ကြီးများ အဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။ယခုကဲ့သို့ လုံခြုံရေး ယူပေးရန် ရောက်ရှိလာကြသည့် ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များအား ကျေးရွာနေ လူထုက အောင်သပြေပန်းများဖြင့် ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြကြောင်းကိုလည်း Myaung Union Army အဖွဲ့တာ ဝန်ရှိသူက ပြန်ပြောပြသည်။

“ဒီရွာကို ဖြတ်သွားမယ်ထင်ရင် ကြိုတင်ပြီး အောင်သပြေပန်းတွေ ပြင်ဆင်ပြီး ကြိုစောင့် နေကြတယ်။ ကြီးကြီးငယ်ငယ် ကျွန်တော်တို့ လာရင် ရောက်တဲ့နေရာ၊ တွေ့တဲ့နေရာက အမြဲ သူတို့ ကြိုဆိုကြောင်း၊ အားကိုးကြောင်း ပြတယ်ဗျ။ ဒါဟာ ကျွန်တော်တို့အပေါ် ထားတဲ့ မေတ္တာပဲ။ ကျွန်တော်တို့ လုပ်ဆောင်ချက်တွေက ပြည်သူတွေ အတွက်ပါပဲ။ ကိုယ်ကျိုးအတွက် လုပ်ခဲ့တာ မရှိပါဘူး၊ ဒါကို သူတို့ အပြည့်အဝ ထောက်ခံကြတယ်” ဟု ၎င်းက ဆိုသည်။လူထုသပိတ်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထု ပူးပေါင်းကာ “We Stand with NUG၊ ပြည်သူ့စစ်တပ် PDF ၊ NUG အစိုးရ တို့အစိုးရ၊ အရေးတော်ပုံ အောင်ရမည်” စသဖြင့် သံပြိုင် ကြွေးကြော်ပြီး ဆန္ဒ ထုတ်ဖော် ခဲ့ကြသည်။

“မနေ့က ပြည်သူလူထု ပူးပေါင်းပါဝင်မှု ကြိုဆိုမှုတွေက ကျွန်တော်တို့ တင်ထားတဲ့ ပုံရိပ်တွေကနေ တစ်ဆင့် မှန်းဆလို့ ရပါတယ်ဗျ။ ပြည်သူတွေရဲ့ စိုးရိမ် ကြောင့်ကြနေမှုတွေ ဖြေလျော့ ပေးနိုင် ခဲ့တယ်လို့ သုံးသပ်မိတယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေ ကိုယ်တိုင် လမ်းပေါ်ထွက်ပြီး အရေးတော်ပုံ အောင်ရမည် ဆိုတဲ့ ဟစ်ကြွေးသံတွေ ကြောင့်ဗျ။ ပန်းကုံးစွပ် ကြိုဆိုကြသလို ဟစ်ကြွေးသံတွေ ကို ပြိုင်တူ အော်နေခြင်းတွေကလည်း သက်သေအဖြစ် ရှိနေခဲ့ပါတယ်” ဟု CDSOM အဖွဲ့ တာဝန်ရှိသူက ပြောသည်။

မြောင်မြို့နယ်တွင် ယမန်နေ့က NUG ထောက်ခံပွဲနှင့် ပြည်သူ့သပိတ် ပြုလုပ်ခဲ့သည့်အပြင် မြောင်မြို့ပေါ်ရှိ စစ်ကောင်စီ လက်အောက်ခံ ငါးဦးစီးဌာန ရုံးနှင့် ရဲကင်းစခန်းတို့ကိုလည်း CDSOM နှင့် Myaung Union Army တို့က ဖောက်ခွဲမှုများ လုပ်ဆောင် ခဲ့ကြသေးသည်။ mizzima

နှစ်ပတ်အတွင်း ပြည်တွင်း စက်သုံးဆီစျေး ၁၀ ရာခိုင်နှုန်း၀န်းကျင် မြင့်တက်

နှစ်ပတ်အတွင်း ပြည်တွင်း စက်သုံးဆီစျေး ၁၀ ရာခိုင်နှုန်း၀န်းကျင် မြင့်တက်ခဲ့ပြီး စက်သုံးဆီအမျိုး အစားအလိုက် တစ်လီတာကို  ၁၁၅ ကျပ်ကနေ ၁၄၀ ကျပ်အထိ မြင့်တက်ခဲ့တယ်လို့ မြန်မာနိင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူရေးအသင်း သတ်မှတ်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ပြည်တွင်းစက်သုံးဆီ လက်လီစျေးနှုန်းက ဒီဇယ် တစ်လီတာကို ၁၃၆၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာကို ၁၃၈၀ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာကို  ၁၃၇၅ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာကို ၁၄၄၀  ကျပ်သာရှိခဲ့ပါတယ်။

အငှားယာဥ်မောင်းတစ်ဦးက “ဆီစျေးက နေ့တိုင်း တစ်ရက်ကို ၁၅ ကျပ်တက်လိုက်၊ ၃၀ ကျပ်တက်လိုက်နဲ့ တက်နေတာ။ ခရီးသည်ကလည်း ရှားတော့  ကျနော်ဆိုရင် အရင်ရက်တွေက မကိုက်လို့ ကားရပ်ထားရတယ်” လို့  ပြောပါတယ်။

ဗဟိုဘဏ်က သတ်မှတ်ရည်ညွှန်းငွေလဲနှုန်းနဲ့ တိုက်ရိုက်ရောင်းချပေးခဲ့တဲ့ အမေရိကန်ဒေါ်လာ ၃၄ သန်းနဲ့ စက်သုံးဆီတင်သွင်းခဲ့တဲ့ ကုမ္ပဏီ ၂၆ ခုက  ဒီဇယ်ဆီဂါလန် ၁၂ ဒသမ ၅၄ သန်းကို ဒေသအသီးသီးက စက်သုံးဆီအရောင်းဆိုင် ၁၈၆ ဆိုင်မှာ အထူးစျေးနှုန်းနဲ့ ဇန်န၀ါရီ ၁၁ ရက်နေ့ကနေ စတင်ကာဖြန့်ဖြူးရောင်းချပေးနေတယ်လို့ စစ်ကောင်စီ ၀ါဒဖြန့် သတင်းစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း အခုလို အထူးစျေးနှုန်းနဲ့  စက်သုံးဆီဆိုင်တစ်ချို့ က ရောင်းချပေးခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေက ဒီဇယ် တစ်လီတာကို ကျပ် ၆၆၀၊ ပရီမီယံဒီဇယ် တစ်လီတာကို ကျပ် ၇၁၀၊ အောက်တိန်း 92 တစ်လီတာကို  ၆၆၅ ကျပ်၊အောက်တိန်း 95 တစ်လီတာကို  ၇၇၀ ကျပ်သာရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုးကျဆင်းလာမှုနဲ့အတူ ပြည်တွင်းစက်သုံးဆီစျေးတစ် ရိပ်ရိပ်မြင့်တက်ခဲ့ရာ  ပြီးခဲ့တဲ့ စက်တင်ဘာလ နှောင်းပိုင်းမှာ ဒီဇယ် တစ်လီတာကို  ၁၆၄၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာကို ၁၆၅၀ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၁၆၅၀ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၁၆၉၀ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ အာဏာသိမ်းပြီး ၈ လအတွင်း စက်သုံးဆီစျေး ၂ ဆကျော် ၃ ဆနီးပါး မြင့်တက်ခဲ့တာပါ။

အမေရိကန်ဒေါ်လာဈေးနှုန်းကလည်း စစ်အာဏာမသိမ်းခင်က ၁ ဒေါ်လာကို ကျပ် ၁၃၀၀ ကနေ ၁၄၀၀ ဝန်းကျင်သာ ရှိခဲ့ရာက စက်တင်ဘာလနှောင်းပိုင်းမှာ ၁ ဒေါ်လာကို ကျပ် ၂၇၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး လက်ရှိမှာ တစ်ဒေါ်လာကို ပြင်ပပေါက်စျေး ကျပ် ၂၀၀၀ ၀န်းကျင်မှာ ရှိနေပါတယ်။

ဗဟိုဘဏ်အနေနဲ့လည်း ဒေါ်လာစျေးထိန်းချုပ်နိုင်ဖို့ အခုဇန်န၀ါရီ နှစ်ပတ်အတွင်းမှာ အမေရိကန် ဒေါ်လာ သန်း ၅၀ အထိ ထုတ်ရောင်းချထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဒေါ်လာစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေးတွေအပြင် အခြေခံစားသောက် ကုန်စျေး၊ လူသုံးကုန်စျေးနှူန်းတွေပါ အဆမတန်မြင့်တက်နေတာပါ။

ဇန်န၀ါရီ ၁၅ ရက်နေ့ နေ့လယ်ပိုင်းမှာ ပြည်တွင်းရွှေစျေး တစ်ကျပ်သားကို ကျပ် ၁၈ သိန်း ၆ သောင်း ၃ ထောင်ထိ စျေးမြင့်တက်နေပါတယ်။ DVB

« Older Entries