တမူး၊ နန်းဖာလုံရပ်ကွက်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်လို့ စစ်သား ၄ ဦး သေဆုံး၊ ၂ ဦး ခန့် ဒဏ်ရာရ၊ တီးတိန်မြို့နယ်အတွင်း နယ်မြေရှင်း လင်းစဉ် စစ်ကောင်စီ၏ သေနတ် ၁ လက် ထပ် မံသိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ တမူးမြို့၊ မြို့မ ၁၂ နန်းဖာလုံရပ်ကွက်၊ ကံကြီးဝတံတားအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၁၆ ရက် နံနက် ၈ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးပြီး ၂ ဦးခန့် ဒဏ်ရာရရှိကြောင်း တမူး PDF တပ်ရင်း ၄ က သတင်းထုတ်ပြန်သည်။ကားလေးဝင်းအကျော်၊ ကံကြီးဝတံတားအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ကို အလစ်အငိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တမူး PDF တပ်ရင်း ၁ တပ်ခွဲ ၃၊ ကျောင်းသားတပ်ခွဲ BSO နှင့် တမူး PDF တပ်ရင်း ၄ (TSG) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး မြေပြင်စစ်ဆင်ရေးများကို ပူးပေါင်းကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု တပ်ရင်း ၄ က သတင်းထုတ်ပြန်သည်။အလားတူ တီးတိန်မြို့နယ်အတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းစဉ် သေ နတ် ၁ လက် ထပ်မံ သိမ်းဆည်းရမိကြောင်း၊ ဟိန်ဇင်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် ရှေ့တိုးလာခြင်းမရှိကြောင်း၊ ယနေ့တွင် တီးတိန်မြို့နယ်အတွင်း၌ ပစ်ခတ်မှု အနည်းအကျဉ်းသား ရှိကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

ယနေ့ ဇန်နဝါရီလ နံနက် ၇ နာရီ ၅၀ ခန့်တွင် ခိုင်ကမ်းမြို့ရှိ ကလေးတက္ကသိုလ်ဝန်းထဲ၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယမန်နေ့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ ရဲဘော် ၇ ဦးအနက်မှ Sergeant Thang Pui သည် ဒဏ်ရာပြင်းထန်ပြီး ယနေ့နံနက်တွင် ကျဆုံးသွားကြောင်း၊ ကျန်ရဲဘော်များမှာ လုံခြုံသောနေရာတွင် ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။

ကလေးမြို့မှ ကလေး-တီးတိန်းလမ်းအတိုင်း တက်လာသော အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်နှင့် PDF Zoland, CDM Siyin, Zogam Army, PDA, CNA, CNDF, Zomi PDF နှင့် Kalay PDF များကြား သိုင်းငင်း အနီးတဝိုက်တွင် တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၄ ရက်ဆက်တိုက် ရှိပြီ ဖြစ်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s