မြောင်နယ်တွင် PDF များ ဝန်းရံမှုဖြင့် လူထုသပိတ် ကျင်းပ

မြောင်မြို့နယ်၌ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ထောက်ခံပွဲနှင့် ပြည်သူ့သပိတ်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ၏ ဝန်းရံ ကာကွယ်ပေးမှုနှင့် အတူ ပြည်သူ့ကာကွယ်ရေးတပ် အလံ လွှင့်ထူပြီး ကျင်းပနိုင်ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDS OM က ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။NUG အစိုးရကို ကြိုဆိုထောက်ခံကာ ပြည်သူ့ ကာကွယ်ရေး လုပ်ငန်းများ တွင်တွင်ကျယ်ကျယ် လုပ်ဆောင် ပေးစေလိုသော ရည်ရွယ်ချက်များဖြင့် ယခုကဲ့သို့ လူထုသပိတ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုထားသည်။

“ ပြည်သူမှာ ပြည်သူပဲရှိတယ် မှန်ပါတယ်။ သို့သော် ပြည်သူ့ခွန်အား နည်းတူ ကျွန်တော်တို့အတွက် တရားမျှတပြီး လွတ်လပ်တဲ့ နိုင်ငံတော်ကြီး ဖြစ်လာစေဖို့ ပြည်သူ ယုံကြည် အားကိုးရမယ့် NUG အစိုးရကိုလည်း တရားဝင် အလုပ်ဖြစ်မြောက် လာစေဖို့ ထောက်ခံ ရပါမယ်။ ကျွန် တော်တို့အင်အား၊ NUG ရဲ့ အင်အား၊ နိုင်ငံတကာရဲ့ အင်အား၊ ပြည်သူ့ ကာကွယ်ရေး တပ်/အဖွဲ့ တွေရဲ့ အင်အားနဲ့ ပြိုင်တူတွန်းရင် ဖြစ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ် “ ဟု CDSOM အဖွဲ့က ဆိုထားသည်။

ယခု သပိတ်ကို မြောင်မြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ဖြစ်ကြသည့် CDSOM ၊ Myaung Union Army၊ M2W၊ PDF TALOKE၊ မြင်းမူ လျှပ်စီးပြောက်ကျားအဖွဲ့ ၊ နှလုံးလှ လူမိုက်ကြီးများ အဖွဲ့ ၊ MGN RANGER ၊ YFPDF ၊ စွန်ရဲအဖွဲ့၊ ပြောက်ကျားလင်းယုန် ၊ ဗိုလ်ကျားသစ် နှင့် GGG စသည့် ကာကွယ်ရေး တပ်ဖွဲ့များက လုံခြုံရေး လိုက်ပါ ဆောင်ရွက်ပေးခဲ့ပြီး မြောင်မြို့ပေါ်တွင် စစ်ကောင်စီ တပ်များ ရှိနေသည့် ကြားက အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။“အဖွဲ့ ၁၁ ဖွဲ့က လုံခြုံရေး တာဝန်ယူတာ ဟုတ်ပါတယ်။ လုံခြုံရေး အင်အားကတော့ ၅၀ ကျော်လောက် ရှိမယ်ထင်တယ်။ လူထုသပိတ်ကတော့ အောင်မြင်စွာ ပြီးဆုံးသွားပါတယ်ဗျ။ ဘာအန္တရယ်မှ မရှိခဲ့ပါဘူး။

ကျွန်တော်တို့အဖွဲ့အနေနဲ့ ပြည်သူတွေ အတွက် လုံခြုံရေး ယူပေးတာပေါ့။ ပြည်သူတွေနဲ့ PDF တွေနဲ့ တစ်သားထဲ ရှိတယ်ဆိုတဲ့ အရာကို ပြသတာပါပဲ”ဟု နှလုံးလှ လူမိုက်ကြီးများ အဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။ယခုကဲ့သို့ လုံခြုံရေး ယူပေးရန် ရောက်ရှိလာကြသည့် ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များအား ကျေးရွာနေ လူထုက အောင်သပြေပန်းများဖြင့် ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြကြောင်းကိုလည်း Myaung Union Army အဖွဲ့တာ ဝန်ရှိသူက ပြန်ပြောပြသည်။

“ဒီရွာကို ဖြတ်သွားမယ်ထင်ရင် ကြိုတင်ပြီး အောင်သပြေပန်းတွေ ပြင်ဆင်ပြီး ကြိုစောင့် နေကြတယ်။ ကြီးကြီးငယ်ငယ် ကျွန်တော်တို့ လာရင် ရောက်တဲ့နေရာ၊ တွေ့တဲ့နေရာက အမြဲ သူတို့ ကြိုဆိုကြောင်း၊ အားကိုးကြောင်း ပြတယ်ဗျ။ ဒါဟာ ကျွန်တော်တို့အပေါ် ထားတဲ့ မေတ္တာပဲ။ ကျွန်တော်တို့ လုပ်ဆောင်ချက်တွေက ပြည်သူတွေ အတွက်ပါပဲ။ ကိုယ်ကျိုးအတွက် လုပ်ခဲ့တာ မရှိပါဘူး၊ ဒါကို သူတို့ အပြည့်အဝ ထောက်ခံကြတယ်” ဟု ၎င်းက ဆိုသည်။လူထုသပိတ်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထု ပူးပေါင်းကာ “We Stand with NUG၊ ပြည်သူ့စစ်တပ် PDF ၊ NUG အစိုးရ တို့အစိုးရ၊ အရေးတော်ပုံ အောင်ရမည်” စသဖြင့် သံပြိုင် ကြွေးကြော်ပြီး ဆန္ဒ ထုတ်ဖော် ခဲ့ကြသည်။

“မနေ့က ပြည်သူလူထု ပူးပေါင်းပါဝင်မှု ကြိုဆိုမှုတွေက ကျွန်တော်တို့ တင်ထားတဲ့ ပုံရိပ်တွေကနေ တစ်ဆင့် မှန်းဆလို့ ရပါတယ်ဗျ။ ပြည်သူတွေရဲ့ စိုးရိမ် ကြောင့်ကြနေမှုတွေ ဖြေလျော့ ပေးနိုင် ခဲ့တယ်လို့ သုံးသပ်မိတယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေ ကိုယ်တိုင် လမ်းပေါ်ထွက်ပြီး အရေးတော်ပုံ အောင်ရမည် ဆိုတဲ့ ဟစ်ကြွေးသံတွေ ကြောင့်ဗျ။ ပန်းကုံးစွပ် ကြိုဆိုကြသလို ဟစ်ကြွေးသံတွေ ကို ပြိုင်တူ အော်နေခြင်းတွေကလည်း သက်သေအဖြစ် ရှိနေခဲ့ပါတယ်” ဟု CDSOM အဖွဲ့ တာဝန်ရှိသူက ပြောသည်။

မြောင်မြို့နယ်တွင် ယမန်နေ့က NUG ထောက်ခံပွဲနှင့် ပြည်သူ့သပိတ် ပြုလုပ်ခဲ့သည့်အပြင် မြောင်မြို့ပေါ်ရှိ စစ်ကောင်စီ လက်အောက်ခံ ငါးဦးစီးဌာန ရုံးနှင့် ရဲကင်းစခန်းတို့ကိုလည်း CDSOM နှင့် Myaung Union Army တို့က ဖောက်ခွဲမှုများ လုပ်ဆောင် ခဲ့ကြသေးသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s