ဖာပွန်ခရိုင်၌ ၁၅ ရက်အတွင်း တိုက်ပွဲ အကြိမ် ၁၀၀ ကျော် ဖြစ်ခဲ့

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေ မူတြော်ခရိုင် (ဖာပွန်) တွင် အကြမ်းဖက် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ ၁၅ ရက်အတွင်း တိုက်ပွဲ ၁၁၉ ကြိမ်ဖြစ်ပွားခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ် ပြန်သည်။
ဇန်နဝါရီလ ၁ ရက်နေ့ မှ ၁၅ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီ ဘက်မှ ၅၄ ဦး သေဆုံးကာ တပ်ခွဲမှူး တစ်ဦး အပါအဝင် ၄၈ ဦး ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီတပ်၏ စစ်ကား ၁၃ စီးကို ဖျက်ဆီး နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ KNLA ဘက်မှလည်း တစ်ဦး ကျဆုံးကာ လေးဦး ဒဏ်ရာရရှိကြောင်း ပါရှိသည်။
ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ခွေးသေရွာနှင့် ၂၁ မိုင်ကြား ဒေသနှင့် လူသော ဒေသများတွင် ဒေသခံများ ရှိရာဘက်သို့ စစ်ကောင်စီတပ်က လက် နက်ကြီးများဖြင့် အကြိမ် ၇၀ ကျော် ပစ်ခတ်ခဲ့ကြောင်းနှင့် စစ်လေယာဉ်ပေါ်မှ လက်နက်ကြီး ၁၀ လုံးလည်း ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထား သည်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ အရပ်သား သုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာ ရရှိသည်ဟု ဆိုသည်။ mizzima