မိုင်တဲလ်တာဝါတိုင်ဖောက်ခွဲမှု သံသယနှင့်ဖမ်း ထားသည့် ပြည်သူတစ်ဦးအလောင်း စစ်တပ်က ပြန်ပို့

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရှင်မုတ္ထီးကျေးရွာအတွင်းရှိ စစ်အုပ်စုပိုင် မိုင်တဲတာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် အဖမ်းခံထားရတဲ့သူတွေထဲက တစ်ဦးရဲ့ ရုပ်အလောင်းအား ဇန်နဝါရီ ၁၅ ရက် မနက်မှာ စစ်ကောင်စီတပ်က မိသားစုဝင်တွေဆီ လာပို့ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရသူ ပြည်သူ ၄ ဦးထဲက အသက် ၄၈ နှစ်အရွယ် စော်ဝကျေးရွာသားတစ်ဦးဖြစ်တဲ့ ဦးခင်မောင်လွင်ရဲ့ အလောင်းအား လာပို့ခဲ့တာလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးဆီက ပြောပါတယ်။

သရက်ချောင်းမြို့နယ်၊ ရှင်မုတ္ထီးကျေးရွာအတွင်းရှိ စစ်အုပ်စုပိုင် မိုင်တဲတာဝါတိုင်ကို ဇန်နဝါရီ ၁၁ ရက်၊ မနက် ၂ နာရီအချိန်လောက်က ဖောက် ခွဲဖျက်ဆီးခံခဲ့ရပြီး ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က သူတို့လုပ်ဆောင်ခဲ့ကြောင်း ဇန်နဝါရီ ၁၄ ရက် ရက်စွဲနဲ့ ထုတ်ပြန် ကြေ ညာထားပါတယ်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း စစ်အုပ်စုပိုင် မိုင်တဲတာဝါတိုင်တွေကို သုံးကြိမ်ထက်မနည်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်က ရွာခံပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ  ရှိခဲ့ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s