Monthly Archives: Jan 2022

ရွှေဘိုရှိ မအူပင်ကျေးရွာကို အကြမ်းဖစ် စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ် ၊ ဘုန်း ကြီးကျောင်းနှင့် စာသင်ကျောင်းပေါ်ကျရောက်ကာ မီးလောင်ကျွမ်း

ရွှေဘိုမြို့ မအူပင်ရွာအနီးတွင် ယနေ့ အကြမ်းဖက်စစ်ကောင်စီနှင့် PDF များ တိုက်ပွဲ ဖြစ်ပွားရာ အကြမ်းဖက် စစ်ကောင်စီက မအူပင်ရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအပါအဝင် ပြည်သူများ နေအိမ်များ မီးလောင်ကျွမ်းနေကြောင်း ဒေသခံများက ပြောဆိုသည်။

“ကျေးရွာနေသူတွေ ထွက်ပြေးချိန် မီးလောင်တာ ၊ အိမ်ဘယ်နှလုံးဆိုတာ အတည်မပြုနိုင်ဘူး။ ရွာကို လက်နက်ကြီးနဲ့ ထုတာ” ဟုဒေသခံတစ်ဦးက ပြောဆိုသည်။ အကြမ်းဖက် စစ်ကောင်စီဝင်များနှင့် အပေါင်းပါ အင်အား ၇၀ ခန့်သည့် ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် ဒီပဲယင်းရွာဘက်သို့ ချီတက်စဉ် မအူပင်ရွာအနီး မိုင်းမိပြီး အကြမ်းဖက်စစ်ကောင်စီဝင် လေးဦး သေဆုံးခဲ့ပြီး မအူပင်ရွာအနီးတွင် PDF များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အပြန်အလှန်ပစ်ခတ်ရင်း စခ လေးဦးသေ၊ PDF ၂ ဦး ဒဏ်ရာ မစိုးရိမ်ရဟု သိရှိရကြောင်း ဒေသခံများက ပြောဆိုသည်။ လတ်တလောတွင် တိုက်ပွဲရပ်သွားပြီ ဖြစ်သော်လည်း အကြမ်းဖက် စစ်ကောင်စီဝင်များ မအူပင်ရွာတွင် ရှိနေသည့်အတွက် ကျေးရွာဒေသခံများ ပုန်းရှောင်နေရဆဲ ဖြစ်သည်။ khit thit

ကြံခင်းမြို့နယ် ခုံကြီးရွာတွင် ရဲသတင်းပေးဟု နာမည်ထွက်သူ ၁ ဦး ပစ်သတ်ခံရ

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ခုံကြီးကျေးရွာအုပ်စု၊ ခုံကြီးကျေးရွာတွင် ရဲသတင်းပေးဟု နာမည်ထွက်နေသူ ဦးမြင့်သိန်း ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၉ နာရီခန့်တွင် သေနတ်ဖြင့် ပစ်သတ် ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ပစ်သတ်ခံရသူ ဦးမြင့်သိန်း သတင်းပေးမှုများကြောင့် ခုံကြီးကျေးရွာနှင့် ကြံခင်းမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများ မကြာခဏ ဖမ်းဆီးခံနေရကြောင်း ခုံကြီးကျေးရွာ တစ်ဘက်ကမ်းရှိ ၎င်းပိုင်ဆိုင်သော ဘိလိယက်ခုံတွင် သေနတ်ဖြင့် လေးချက် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ကြံခင်းမြို့နယ်ထဲက ကျွန်တော်တို့ ရွာတွေမှာ PDF တွေ ရှိတယ်ဆိုပြီး ရဲနဲ့စစ်တပ်ကို မြင့်သိန်းက သတင်းပေးလို့ မဆိုင်တဲ့သူတွေ အဖမ်းခံရတာ အများကြီး၊ မနေ့ညကတော့ သေနတ်နဲ့ ပစ်သွားတာ ပွဲချင်းပြီး သေသွားတယ်၊ သူ့အလောင်းကိုတော့ စစ်တပ်က လာယူသွားတယ်” ဟု ၎င်းကဆိုသည်။

ဦးမြင့်သိန်း အသတ်ခံခဲ့ရပြီးနောက် ညပိုင်းတွင် ခုံကြီးကျေးရွာ တစ်ဘက်ကမ်း၌ စစ်ကောင်စီတပ်များနှင့် ရဲများက ပိတ်ဆို့ စစ်ဆေးမှုများ ပြု လုပ်ခဲ့ပြီး ယနေ့ ဇန်နဝါရီလ ၁၆ ရက် မနက်ပိုင်းတွင် ကြံခင်းမြို့နယ် အုတ်ပုံဂိတ်နှင့် တလိုင်းကွင်းအုပ်စုရှိ ရွှေဗျိုင်းဖြူဂိတ်များတွင် ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံက ဆက်ပြောသည်။ mizzima

မြိုင်မြို့နယ်၊ လက်ယက်မစံပြကျေးရွာတွင် အ လောင်း ၃ လောင်း စစ်တပ်က မီးရှို့ထားခဲ့ပြီး ကျေးရွာတစ်ခုလုံးကို ဖျက်ဆီးသွား၊ သဒွတ်ရွာနှင့်ညောင်ပင်လယ်ရွာကိုလည်း စစ်တပ်က ဖျက်ဆီး မီးရှို့နေ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မစံပြကျေးရွာကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းပြီး အလောင်း ၃ လောင်းကို မီးရှို့ခဲ့ကာ တစ်ရွာလုံးကိုလည်း ဖျက်ဆီး မီးရှို့သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ မြိုင်မြို့ နယ် လက်ယက်မစံပြကျေးရွာကို ဇန်နဝါရီလ ၁၁ ရက် နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်း၍ လူနေအိမ်တချို့ ဖျက်ဆီးခဲ့ပြီး တန်းဖိုးကြီး ပစ္စည်းများအား ခိုးယူသွားခြင်း၊ ဘုန်းကြီးကျောင်းများတွင် တိမ်းရှောင်နေသော ပြည်သူများကို ဖမ်းဆီး နှိပ်စက် ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က မီးရှို့ထားသော အလောင်း ၃ လောင်းအားတွေ့ရှိရပြီး ထိုအလောင်း ၃ လောင်းသည် မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းနေဆဲဖြစ် ကြောင်း ၊ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် စခစ တပ်ဖွဲ့များ ရွာအတွင်းမှ ပြန်လည်ထွက်ခွာသွားကြောင်း၊ ဦးကျော်ဝင်း၊ ဦးကျော်မင်းနှင့်ဦးသိန်းလွင်တို့ ၃ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ပျောက်ဆုံးနေကြောင်း သိရှိရသည်။

“စစ်တပ်က မီးရှို့သွားတဲ့ အလောင်း ၃ လောင်းက ဦးကျော်ဝင်း၊ ဦးကျော်မင်းနဲ့ ဦးသိန်းလွင်ဆိုတာ လည်း မသိရသေးဘူး။ ဖမ်းသွားတာလား၊ သတ်ပြီး မီးရှို့သွားတာလားလည်း မသိသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။ အလားတူ စစ်ကောင်စီတပ်များသည် ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့ ၊ မြိုင်နယ် ၊သဒွတ်ရွာကို နံနက် ၈ နာရီအချိန်တွင် ဝင်ရောက်‌ပြီး မီးရှို့လျက်ရှိကြောင်း၊ သဒွတ် ရွာမှ နေအိမ် ၂၀ ကျော် မီးလောင်သွားကြောင်း၊ ထပ်မံ ၍ မွန်းတည့် ၁၂ နာရီတွင် ညောင်ပင်လယ်ရွာကို ဝင်ရောက်စီးနင်း‌ပြီး ကျေးရွာရှိ နေအိမ်များကို မီးရှို့ကြောင်း သိရှိရသည်။

” သဒွတ်ရွာကို မီးရှို့တာကတော့ နေအိမ် ၂၀ နဲ့ ၂၅ လုံးကြား မီးလောင်သွားတယ်။ နောက်ပြီး ညောင်ပင်လယ်ရွာကိုလည်း မီးဝင်ရှို့တယ်။ စစ် တပ်က ဝင်လာတော့ ရွာနှစ်လုံးက ပြည်သူတွေ အကုန်ထွက်ပြေးနေရတယ်။ ရွာထဲမှာ ကျန်ခဲ့တဲ့ မပြေးနိုင်တဲ့သူတွေလည်း အသတ်ခံရတယ် လို့ ကြားရတယ်။ ဘယ်သူမှ သွားမကြည့်ရဲကြသေးဘူး။ စစ်တပ်က ရွာထဲမှာပဲရှိသေးတယ်ပြောတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောဆိုသည်။ khit thit

ရန်ကုန် မြို့နယ် ၅ ခုတွင် စစ်ဆင်ရေးများပြု လုပ်၊ စစ်ကောင်စီဘက်မှ သေဆုံးမှုများရှိ

ရန်ကုန် မြို့နယ်ငါးခုတွင် “ပျံလွှားအောင်” စစ်ဆင်ရေး အမည်ဖြင့် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ပြီး သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ယနေ့ ဇန်နဝါရီလ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။ အလုံမြို့နယ်၊ သုံးခွမြို့နယ်၊ တိုက်ကြီးမြို့နယ် ၊ တွံတေးမြို့နယ် နှင့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွင် “ပျံ လွှားအောင်” စစ်ဆင်ရေးအဖြစ် ပြည်သူ့ကာကွယ်ရေးတပ် ( PDF ) များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အလုံမြို့နယ်၊ ထော်လီကွေ့မှတ်တိုင်အနီး အကြမ်းဖက် စစ်ကောင်စီ၏ စီးပွားရေး ဒေါက်တိုင် တစ်ခုဖြစ်သည့် “ထူး” စက်သုံးဆီ အရောင်းဆိုင်ကို ယနေ့ နံနက် ၄ နာရီ ခန့်တွင် ပြည်သူ့ကာကွယ်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Special Task Agency of Burma-STA တပ်ဖွဲ့ဝင်များက လက်ပစ်ဗုံး နှစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ တစ်ဆိုင်လုံး မီးလောင် ပျက်စီးသွားခဲ့သည်။ သုံးခွမြို့နယ်ရှိ ပြည်သူများအပေါ် မီတာခ အ တင်းအကျပ် ကောက်ခံခြင်း၊ လျှပ်စစ်မီး ဖြတ်တောက်ခြင်းများ အနိုင်ကျင့် ဆောင်ရွက်လျက်ရှိသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များရှိရာ မြို့နယ် EPC ရုံးကို ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၇ နာရီခွဲခန့် တွင် ပြည်သူ့ကာကွယ်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Thongwa Youth Force-TYF တပ်ဖွဲ့ ဝင်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ကြီးမြို့နယ်၊ အင်္ဂလားရပ်ကွက် ထိပ်ရှိ ကင်းပုန်းဝပ်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိုလည်း ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၇ နာရီခွဲ အချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦး အနက် တပ်ကြပ် ကြီး တစ်ဦးနှင့် တပ်သားတစ် ဦး သေဆုံးပြီး ကျန်တပ်သားများ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ တွံတေးမြို့နယ်၊ ထွေ/အုပ်ရုံးအနီး တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် များကိုလည်း ဇန်နဝါရီလ ၁၀ ရက် ည ၇ နာရီ အချိန်ခန့်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့်အတူ Twantay Rangers တပ်ဖွဲ့ဝင်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

ထို့အပြင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ EPC ရုံးအနီး ကင်းပုန်းဝပ်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ပစ် မှတ်ထား၍ ဇန်နဝါရီလ ၈ ရက်နေ့ ည ၈ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက အဝေးထိန်းမိုင်း နှစ် လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရန်သူတပ်သား အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏ လက်ပါးစေများသည် ပြည်သူ့ တော်လှန်ရေး ရဲ ဘော်များကို အသွင်ယူ အယောင်ပြ ထောက်ခြောက်ဆင် ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိ ပြီး တော်လှန်ရေး ရဲဘော်များ အနေဖြင့် မိမိတို့အဖွဲ့များ၏ တာဝန်ရှိသူ အဆင့်ဆင့်၏ သတိပေး ပြောကြားချက် များကို အထူး အလေးထား လိုက်နာဆောင်ရွက်ကြရန်နှင့် တော်လှန်ရေး အင် အားစု များ၊ ရဲဘော်များ အချင်းချင်းကြားတွင် ထင်ယောင်ထင်မှား သံသယ ဖြစ်စေနိုင်သော လှည့်ကွက်များကို အထူး သတိပြု ဆင်ခြင် လုပ် ကိုင်ကြရန်လည်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က သတိပေး ထုတ်ပြန်ထားသည်။ mizzima

ဟိန်ဇိန်ကျေးရွာ အနီးတဝိုက်ကို စစ်ကောင်စီတပ်က အဝေးပစ်လက်နက်ကြီးများဖြင့် ပစ် ခတ်

ကလေးတက္ကသိုလ်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဟိန်ဇိန်ကျေးရွာတဝိုက်ကို ဒီနေ့မနက်ပိုင်းကစတင်ပြီး အဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲမဖြစ်ပေမယ့်လည်း လက်နက်ကြီးတွေနဲ့ ၄ ကြိမ် ခြောက်လှန့် ပစ်ခတ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

“မနက် ၈ နာရီကျော်လောက်က စပစ်တာ၊ လက်နက်ကြီးနဲ့က ၄ ချက် ပစ်တာ ကြားတယ်။ ကလေးတက္ကသိုလ်ထဲက အဝေးပစ်လက်နက်ကြီးတွေနဲ့ လှမ်းထုတယ်။ ရွာထဲက လူတွေလည်း ထွက်ပြေးကြတယ်” လို့ ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီ ၁၅ ရက်နေ့ မနက် ၈ နာရီလောက်ကတည်းက စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့  တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့်  ရဲတပ်ဖွဲ့ဝင်တွေက ကလေး-တီးတိန်-ဟားခါး သွားတဲ့ကားလမ်းကို မွန်းတည့် ၁၂ နာရီလောက်ကစပြီး  လမ်းပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက်နေ့မှာ ကလေးမြို့ထဲက စစ်ကားတစ်စီးဟာ ၁၀၅-မမ အမြောက်လက်နက်ကို ယူဆောင်ပြီး ကလေးတက္ကသိုလ်ကျောင်းထဲ ဝင်သွားခဲ့ပြီး ဇန်နဝါရီ ၁၆ ရက်နေ့မှာတော့ ကျေးရွာဝန်းကျင်ကို အခုလိုပစ်ခတ်နေတာလို့ သိရပါတယ်။ 

ဇန်နဝါရီ ၁၅ ရက်နေ့က စစ်ကောင်စီနဲ့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဖြစ်ပွားခဲ့တဲ့ ဟိန်ဇိန်တိုက်ပွဲမှာ ဂျက်လေယာဉ်အသုံးပြု တိုက်ခိုက်တာကြောင့် CAN တပ်ကြီးတစ်ဦး ကျဆုံးခဲ့တယ်လို့  CAN  ကသိရပါတယ်။ 

တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ CNDF၊ CNA၊ CDF-KKG၊ Zoland – PDF ၊ CDM တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ DVB

မုံရွာမြို့ရှိ လွှတ်တော်ကိုယ်စားလှယ် ၃ ဦး၏ နေအိမ်များကို စစ်ကောင်စီချိပ်ပိတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် သုံးဦး၏ နေအိမ်များအား စစ်ကောင်စီတပ်ဖွဲ့က ဗီနိုင်းကပ်၍ ချိပ်ပိတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။“စကစ(စစ်ကောင်စီ)က ဘာတွေ၊ ဘယ်လိုပဲ လုပ်လုပ်ပါ။ ပြည်သူနဲ့အတူ ပြည်သူ့အရေးတော်ပုံ အောင်နိုင်ပြီးမြောက်သည်အထိ ဆက်လက်တော်လှန် တိုက်ခိုက်သွားမှာပါ” ဟု နေအိမ်ချိပ်ပိတ်ခံရသည့် မုံရွာမြို့နယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က ပြောသည်။

မုံရွာမြို့၊ ရုံးကြီးရပ်ကွက် စာရေးတန်းလမ်းရှိ နေအိမ်အား ယနေ့ ဇန်နဝါရီလ ၁၆ရက်တွင်ချိပ်ပိတ်သွားခြင်းဖြစ်ပြီး ၎င်းနေအိမ်တွင် လူနေထိုင်ခြင်းမရှိမရှိဘဲ အာဏာသိမ်းပြီးနောက် ၎င်းအား ပုဒ်မ ၅၀၅(ခ) နှင့် တရားစွဲဆိုချိန်မှ စတင်ရှောင်တိမ်း နေခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

၎င်းနေအိမ်သည် မိဘများ လက်ထက် ကတည်းက အစဉ်တစိုက်နေထိုင်လာသော အိမ်ဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် ခန့်မှန်းခြေ ကျပ်သိန်း ၁,၅၀၀ ခန့် ရှိနိုင်ကြောင်း ပြောသည်။ တစ်ချိန်ထဲတွင် မုံရွာမြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည် နေ အိမ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးညွန့်အောင် တို့၏ နေအိမ်များလည်း ဗီနိုင်းကပ် ချိပ်ပိတ်သွားကြောင်း အတည်ပြုပြောဆိုသည်။

အာဏာရှင်စနစ် အမြစ်ပြတ်ပြီး ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာသည့်အထိ ပြည်သူနဲ့အတူ လက်တွဲမဖြုတ်စတမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်အမာကြည်က ဆိုသည်။ mizzima

ကလေးမြို့တွင် ဆွံ့အနားမကြား မသန်စွမ်း မောင်ရဲရင့်ဇော်ကို အကြမ်းဖက်စစ်တပ်က ပစ်သတ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်မြေမာန်ရပ်ကွက်၊ လျှပ်စစ်ရုံးအနီးတွင် စစ်ဘီးစီးလာသူ အသက် ၂၂ နှစ်အရွယ် ဆွံ့အနားမကြား မသန်စွမ်း မောင်ရဲရင့်ဇော် (ခ) အာပါပါ ကို အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက် ညပိုင်းတွင် ပစ်သတ်လိုက်ကြောင်း သတင်းရရှိသည်။

“သူက ဒီလိုပဲ သွားလာနေတာ၊ အေးအေးဆေးဆေးပဲနေတာ။ ကလေးမြို့ လျှပ်စစ်ဝန်းထဲမှာ လုံခြုံရေးယူထားတဲ့ စစ်သားတွေက ရဲရင့်ဇော် စက်ဘီးစီးလာတာကို ရပ်ခိုင်းတာ၊ ဖြစ်တာက မနေ့ည ၈ နာရီနဲ့ ၉ နာရီကြားမှာ ဖြစ်တာ။ သူက နားလည်းမကြားဘူး၊ စကားလည်း မပြောတတ်ဘူးဆိုတော့ စစ်သားတွေက ပစ်တာ၊ ကျည်ဆံက ဂျိုင်းကြားကနေ ဖောက်ထွက်သွားတာ၊ ဟိုတလောက လျှပ်စစ်ခရိုင်မှူး အသတ်ခံထားရတော့ စစ်သားတွေက အဲဒီနားမှာ အမြဲအပြည့် လုံခြုံရေးယူထားတာ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများက မောင်ရဲရင့်ဇော်ကို ပစ်သတ်ပြီး အလောင်းကို စစ်တပ်ထဲ ယူဆောင်သွားကြောင်းယနေ့မှ အလောင်း ရပြီး မနက်ဖြန် ဇန်နဝါရီလ ၁၇ ရက်တွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။”ဖြစ်တဲ့ညကတည်းက စစ်သားတွေက အလောင်းကို တပ်ထဲကို ယူသွားတာ၊ အလောင်းကိုလည်း သံမံသလင်းမှာ ပစ်ထားတာ၊ သွေးတွေကို အိုင်နေရော” ဟု ဒေသသတင်းရင်းမြစ်က ဆက်ပြောသည်။

မောင်ရဲရင့်ဇော်သည် အသက် ၂၂ နှစ်ခန့် အရွယ်ရှိပြီး အစ်မဖြစ်သူနှင့် နေထိုင်သူဖြစ်ကြောင်၊း အနေအေးသူတစ်ဦးသာဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ khit thit

နိုင်ငံ့ခေါင်းဆောင် ၂ ဦးအား အဂတိပုဒ်မ ၅ ခုဖြင့် စစ်ကောင်စီက ထပ်မံတရားစွဲဆို

နိုင်ငံ့ခေါင်းဆောင် နှစ်ဦးဖြစ်သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပေါ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ် ငှားရမ်းသုံးစွဲမှုအား အကြောင်းအရာငါးမျိုးခွဲ၍ အဂတိပုဒ်မ ငါးခုဖြင့် စစ် ကောင်စီက ထပ်မံ တရားစွဲဆိုထားကြောင်း တရားရုံးနှင့် နီးစပ်သူ တစ်ဦးက မဇ္ဈိမကို ပြောသည်။ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့် ပတ်သက်၍ ကနဦး စွဲဆိုထားသည့် အဂတိအမှု ငါးမှုအပြင် ယခု ထပ်မံစွဲဆိုသည့် အမှု ငါးမှုကြောင့် စုစုပေါင်း အဂတိမှု ၁၀ မှု တရား ရင်ဆိုင်ရန် ရှိနေသည်။

ထို့အပြင် စီးပွားရေး အကြံပေးဖြစ်သူ မစ္စတာရှောင်တာနယ်နှင့် ပူးတွဲ စွဲဆိုခြင်း ခံထားရသော နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ၃-၁(ဂ) အမှုသည်လည်း ရင်ဆိုင်ရန် ကျန်ရှိနေသေးသည်။“ပြီးခဲ့တဲ့ သောကြာနေ့ ရုံးချိန်းတုန်းက လွန်ခဲ့တဲ့ နှစ်ပတ်လောက်တည်းက တရားရုံးကို တင်ထားတဲ့ ရဟတ်ယာဉ် ကိစ္စနဲ့ ပတ်သက်တဲ့ အဂတိမှုကို ရှေ့နေကိုယ်စားလှယ် စာတင်ဖို့ ပြောတယ်။ ဒါပေမယ့် လာမည့် သောကြာနေ့ကြမှ တင်မယ်လို့ တရားရုံးကို လျှောက်ထားခဲ့တယ်။

ရဟတ်ယာဉ် ကိစ္စအတွက် တရားစွဲထားတဲ့ အဂတိမှုနဲ့ ပတ်သက်လို့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်တည်းကိုဘဲ သီးခြား စွဲဆိုထားတာ ဖြစ်တယ်။ ရဟတ်ယာဉ်ကို ငှားပြီးတော့ သတ်မှတ်ထားတဲ့ အချိန်တွေထက် အများကြီး လျှော့သုံးတဲ့အတွက် အလကား လေလွင့်သွားတယ်ပေါ့ဗျာ။ နိုင်ငံတော်မှာ နာတယ်ဆိုပြီးတော့ ပေါ့ဗျာ။ ရဟတ်ယာဉ်ကိစ္စကိုဘဲ အကြောင်းအရာ ငါးခုနဲ့ စွဲတာဗျာ။ ရဟတ်ယာဉ် ပြုပြင်တဲ့ ကိစ္စမှာလည်း စိစစ်ခြင်းမရှိလို့ ငွေအပို ကုန်တယ် ပေါ့ဗျာ။

အဲ့ဒီလို အကြောင်းပြချက်လိုမျိုး ငါးခုနဲ့စွဲတာ အဂတိမှုပုဒ်မ (၅၅) တွေနဲ့ဘဲ” ဟု ရှင်းပြသည်။စစ်ကောင်စီက ထပ်မံစွဲဆိုလိုက်သည့် အဂတိမှု ငါးမှုသည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အတွက် ပထမဆုံး အကြိမ် အဂတိမှုဖြင့် ရင်ဆိုင်ရခြင်း ဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူက ဆိုသည်။

အဆိုပါ အဂတိမှုများအတွက် အပတ်စဉ် သောကြာနေ့တိုင်း ရုံးထုတ် ကြားနာမည် ဖြစ်သလို၊ စီးပွားရေး အကြံပေး မစ္စတာရှောင်တာနယ်နှင့် ပတ်သက်၍ ပူးတွဲ စွဲဆိုခံထားရသော လျှို့ဝှက်အက်ဥပဒေ ၃-၁(ဂ)အမှု အတွက်ကိုမူ အပတ်စဉ် ကြာသာပတေးနေ့တိုင်း တရားရင်ဆိုင်ရန် ရှိနေသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဆက်လက် တရားရင်ဆိုင်ရန် စုစုပေါင်း အမှု ၁၁ မှု ကျန်ရှိနေသည်။ဒေါ်အောင်ဆန်းစုကြည် အ ပေါ် စစ်ကောင်စီက နေပြည်တော် ဇဗ္ဗူသီရိ တရားရုံးတွင် စွဲဆိုထားသော သဘာဝဘေး အမှု နှစ်မှု၊ ဆူပူအောင်လှုံ့ဆော်မှု ၅၀၅(ခ)၊ ပို့ကုန်သွင်း ကုန် အမှုနှင့် ဆက်သွယ်ရေး ပုဒ်မအမှု စသည့် ငါးမှုအတွက် ထောင်ဒဏ် အသီးသီး ချမှတ်ထားသည်။ယင်းအပြင် စစ်ကောင်စီက သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးအပေါ် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ကာလအတွင်း မဲမသာမှုဆိုင်ရာ စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားသည်ဟု ဆိုသော်လည်း လက်ရှိတွင် တရားရုံးသို့ အမှုတွဲ တက်မလာသေးကြောင်း ဆိုသည်။ mizzima

မြိုင်မြို့နယ်က ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်မီးရှို့၊ နေအိမ်အနည်းဆုံး ၂၅ လုံး မီး လောင် ဆုံးရှုံး

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ကျေးရွာ ၂ ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြိုင်မြို့နယ် သဒွတ်ကျေးရွာကို ဒီကနေ့မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်သား အင်အား ၇၀ လောက်က ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၂၅ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ညောင်ပင်လယ် ကျေးရွာကိုလည်း စစ်ကောင်စီတပ်သား အင်အား ၄၀ လောက်က ဝင်ရောက်မီးရှို့ခဲ့ပြီး အခုအချိန်ထိ မီးလောင်ကျွမ်းနေကာ အိမ်ခြေဘယ်လောက် မီးလောင်ကျွမ်းတယ် ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

“ညောင်ပင်လယ်ရွာထဲမှာ စစ်ကောင်စီတပ်သားတွေ မရှိတော့ဘူးလို့ သတင်းကြားတာကြောင့် ဒေသခံ PDF အဖွဲ့တွေတော့ သွားရောက်မီးငြှိမ်းသတ်နေကြတယ်။ ညီမတို့ ဒေသခံတွေကတော့ အဆင်ပြေတဲ့ဆီကို တကွဲတပြားစီနဲ့ ထွက်ပြေးနေကြရတာပေါ့။ စစ်ကောင်စီတပ်တွေ ဝင်လာလို့ မြိုင်မြို့နယ်အနောက်ပိုင်းက သဒွတ်၊ ညောင်ပင်လည်နဲ့ နန်းတော်ရာရွာက ပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးနေကြရတယ်” လို့ ဒေသခံတဦးက  ပြောပါတယ်။

နန်းတော်ရာရွာမှာ ပြီးခဲ့တဲ့ ၂ ရက်လောက်ကလည်း စစ်ကောင်စီတပ်တွေက ရွာပြင်မှာနေတဲ့ စိတ်ဝေဒနာရှင်တစ်ယောက်ကို လည်လှီးပြီး တဲကောလူကော မီးရှို့ သတ်ဖြတ်သွားကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်ထဲက ကျေးရွာအများအပြားကို ဝင်မွှေပြီး နေအိမ်တွေ၊ တဲတွေနဲ့ ဆိုင်ယ်တွေကို မီးရှို့ဖျက်ဆီတာတွေ ပြည်သူတွေရဲ့ငွေကြေးနဲ့ ပစ္စည်းတွေကို ခိုးယူတာတွေနဲ့ အိမ်မွေးတိရစ္ဆာတွေကိုပါ သတ်ဖြတ်စားသောက်သွားကြတယ်လို့ ပြောပါတယ်။

မြိုင်မြို့နယ်ကို စစ်ကောင်စီတပ်တွေဟာ အင်အားအလွန်အကျွံ သုံးပြီး စစ်ကြောင်း ၅ ကြောင်းလောက်နဲ့ ထိုးစစ်ဆင်နေတာကြောင့် ကျေးရွာ ၁၀ ရွာကျော်လောက်က ဒေသခံပြည်သူ ၂၀၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ DVB

ရေဦးမြို့နယ်တွင် သေဆုံးခဲ့သည့် စစ်သားအ လောင်းများကို ၃ရက်ကြာမှ စစ်ကောင်စီ လာသယ်

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်း သေဆုံးခဲ့သော စစ်ကောင်စီတပ်သား အလောင်းများကို သုံးရက်ကြာမှ စစ်တပ်က လာရောက် သယ်ယူကြောင်း ဒေသခံပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။ရေဦးမြို့နယ် ချမ်းသာရွာနှင့် မရိုးကုန်းရွာကြား၌ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဒေသခံ ကာကွယ်ရေး အဖွဲ့များနှင့် ဖြစ်ပွားသော တိုက်ပွဲအတွင်း သေဆုံးခဲ့သူများနှင့် ဒဏ်ရာ ရသူများကို ဇန်နဝါရီ ၁၄ ရက်ရောက်မှ ရဟတ်ယာဉ်ဖြင့် လာရောက်သယ်ဆောင်ခြင်း ဖြစ်သည်။

တိုက်ပွဲတွင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ပြီး ခြောက်ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံ ပြောက် ကျား တပ်ဖွဲ့ဖြစ်သည့် ဝေဟင်စွန်ရဲ အဖွဲ့ဝင် တစ်ဦးက ပြောသည်။ဒဏ်ရာ ရသူများထဲတွင် ရာထူးကြီးပိုင်း တစ်ဦး ပါဝင်ပြီး ၎င်းကို ရေဦးမြို့နယ်အတွင်း ရွာမိသာ ကျေးရွာ၌ ဆေးကုသကာ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ရဟတ်ယာဉ်ဖြင့် သယ်ဆောင် ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဇန်နဝါရီ ၁၂ ရက်နေ့မှာ ချမ်းသာကျေးရွာကနေ ညီနောင်ကျေးရွာသို့ ထွက်ခွာလာတယ်ဗျ။ ညီနောင် ကျေးရွာကနေ ညတွင်းချင်း ၉ နာရီ အချိန်မှာ ချမ်းသာ မရိုးကုန်း ကျေးရွာဘက်ကို တစ်ခေါက် ပြန်ဝင်လာတယ်ဗျ။ သူတို့ ဦးတည်ထွက်သွားတဲ့ သတင်းရရခြင်း သူတို့ရှေ့ကိုရောက်အောင်ချီတက်ပြီး ချမ်းသာရွာနဲ့ မရိုးကုန်းရွာကြားမှာ ရှေ့ထွက်မိုင်း ခင်းလိုက်တယ်။ ကျွန်တော်တို့က သေနတ်နဲ့ လှမ်းပစ်ပြီး ပွိုင့်ဘက်ကို မျှားခေါ်တာ။ ၁၀ ယောက်လောက် တက်လာတယ်။ အဲ့ချိန်မှာ ဆွဲလိုက်တာ”ဟု မိုင်းဆွဲခဲ့သည့် ဖြစ်စဉ်ကို ဝေဟင်စွန်ရဲ အဖွဲ့ဝင်က ရှင်းပြသည်။

ရေဦးမြို့နယ် ချမ်းသာရွာကို စစ်ကောင်စီက အင်အား ၁၂၀ ခန့် ဖြင့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဝင်ရောက်ခဲ့ပြီး နေအိမ်များကို မီးရှို့ ဖျက်စီးကာ စိတ်မနှံ့သူ တစ်ဦးနှင့် အခြားတစ်ဦးတို့ကို သတ်သွားသည်။ mizzima

« Older Entries Recent Entries »