Monthly Archives: Jan 2022

ကလေးမြို့၊ တာဟန်းရပ်ကွက်တွင် ယမန်နေ့ညက စစ်ကောင်စီတပ်နှင့် မြို့ပေါ်ပြောက် ကျားတပ်ဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ တာဟန်းဈေးအနောက်ဘက်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပ.က.ဖ က လေးမြို့ (မြို့ပေါ်ပြောက်ကျားအဖွဲ့) ကြား ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက် ည ၇ နာရီခန့်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သား ၂ ဦး နေ ရာတွင် သေဆုံးကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရှိရသည်။

ပစ်ခတ်မှုသည် ည ၇ နာရီမှ စတင်ကာ ၈ နာရီ ၄၅ မိနစ်ထိ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ ပစ်ခတ်သော ကျည်များထိမှန်ပြီး ပြည်သူနေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း ပြည်သူထိခိုက်မှု မရှိကြောင်း သိရှိရသည်။”တာဟန်းဘက် ရဲစခန်းနဲ့ မူးယစ်ရုံးကို ဝင်ပစ်တယ်လို့ ကြားတာပေါ့၊ ပစ်တာခတ်တာ တော်တော်ကြမ်းတယ်။ စစ်သား ၂ ယောက် သေတယ်လို့ သတင်းကြားတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

ယနေ့ နေ့လယ် ၁ နာရီခန့်တွင် ကလေးမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ Mi35p အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ် ပျံဝဲခဲ့ကြောင်း၊ ကလေးမြို့အနောက်ဘက် တီးတိန်မြို့နယ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်နေသည့် သိုင်းငင်းဘက်သို့ တက်သွားကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း ကလေးမြို့တောင်ဘက်တွင်လည်း Kalay PDF၊ CDF KKG ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။ khit thit

တိုက်ပွဲဖြစ်နေသည့် ကလေးမြို့နယ်နှင့် ချင်း ပြည်နယ်တွင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နဲ့ ချင်းပြည်နယ် (မြောက်ပိုင်း) ကုန်ကူးသန်းလမ်းမကြီး နေရာတွေမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်သွားပြီး ဒေသတွင်းမှာ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။

အရင်က ခေါက်ဆွဲခြောက်တစ်ထုပ်ကို  ငွေကျပ် ၅၀၀ ဝန်းကျင်ရှိခဲ့ပေမဲ့ အခုအချိန်မှာတော့ ကျပ် ၁၀၀၀ နဲ့ ၁၅၀၀ လောက်အထိ ပေးပြီး ဝယ်စားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ်နေ ပြည်သူတယောက်က “ကလေးမှာက အခုတလော အခြေအနေတော်တော်ဆိုးနေတာ။ ယံယံမျက်လုံးတောင် အရင်က ကျပ် ၅၀၀ ပဲပေးဝယ်စားရတာ။ အခု ၁၀၀၀/ ၁၅၀၀ နဲ့ ဝယ်စားနေရတာ တိုက်ပွဲဖြစ်တော့ ဘယ်ကုန်ကားမှဝင်လို့မရဘူး”လို့ ပြောပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ အစာရေစာပြတ်လပ် နိုင်တာကြောင့် ကြိုတင်သိုလှောင်ထားရှိကြဖို့နဲ့ ကုန်ကူးသန်းရောင်းဝယ်သူတွေအနေနဲ့လည်း ပုံမှန်ဈေးအတိုင်းပဲရောင်းချကြဖို့ ချင်းပြည်သူ့ကာကွယ်ရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။

ကုန်ဈေးနှုန်းတွေ မြင့်တက် ရောင်းချနေတယ်ဆိုရင် ချင်းပြည်သူ့ကာကွယ်ရေး စစ်တပ်ကို အကြောင်းကြား ဆက်သွယ် တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဇန်နဝါရီ ၁၂ ရက်က စတင်ပြီး  စစ်ကိုင်းတိုင်း၊ ကလေးနဲ့ ချင်းပြည်နယ်(မြောက်ပိုင်း) ကုန်ကူးသန်း လမ်းမကြီးမှာရှိတဲ့ ချင်းပြည်နယ် တီးတိန်မြို့၊ ထေးဇန်ကျေးရွာနဲ့ ဟိန်ဇိန်ကျေးရွာကြားမှာ စစ်ကောင်စီတပ်တွေနဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ တိုက်ပွဲအ ပြင်းအထန်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါကျေးရွာတွေအနီးက ကျေးရွာ ၈ ရွာလောက်ကဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး ကုန်ကူးသန်းလမ်းမကြီးပေါ်မှာရှိတဲ့ တိုက်ပွဲဖြစ်ကျေးရွာတွေရဲ့ ကြားမှာရှိတဲ့ လမ်းမကြီးပေါ်က ကျေးရွာတွေမှာ ကုန်ဈေးနှုန်းတွေမြင့်တက်နေတာလို့လည်း ဒေသခံတွေဆီကသိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေရာ လမ်းတွေကိုလည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ပိတ်ထားတာကြောင့် ကုန်စည်ကူးသန်း ဖို့ ခက်ခဲနေတယ်လို့သိရပါတယ်။ 

စစ်ကောင်စီတပ်နဲ့ ချင်းပူးပေါင်းတပ်တို့ ဇန်နဝါရီ ၁၅ ရက်မှာ ကလေးမြို့နဲ့ တီးတိန်မြို့လမ်းကြောင်းမှာ  တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး တိုက်ပွဲဟာ ၇ နာရီလောက်အထိ ကြာမြင့်ခဲ့ပါတယ်။ ပါးရ်သဲ၊ လုမ်ဘမ်နဲ့ ဖလမ်း-ကလေး လမ်းမကြီးပေါ် မှာဖြစ်ပွားတဲ့ ဇန်နဝါရီ ၁၆ ရက် တိုက်ပွဲမှာတော့ ၁၁ နာရီလောက်အထိ ကြာမြင့်ခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ ချင်းပူးပေါင်းတပ်တို့ ကလေးမြို့နဲ့ တီးတိန်မြို့လမ်းကြောင်းမှာလည်း တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်သား ၂ ယောက်ရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရပြီး လက်နက် ၄ လက်နဲ့ ကျည်တွေကိုလည်း  သိမ်းဆည်းရမိခဲ့တယ်လို့  ချင်းပူးပေါင်းတပ်ဖွဲ့တွေကသိရပါတယ်။

စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပြီး ချင်းကာကွယ်ရေးတပ်သားတွေ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သလို CAN ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ကလည်း တပ်ကြပ်ကြီး တယောက် သေဆုံးခဲ့ပါတယ်။ DVB

မအူပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ ဖခင်ကို စစ်တပ်က ဖမ်းဆီး

ဧရာဝတီတိုင်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အိအိပြုံး နေအိမ်ကို စစ်ကောင်စီ တပ်များက ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၁၂ နာရီခန့်တွင် စီးနင်း ရှာဖွေခဲ့ပြီး ၎င်း၏ ဖခင်ဖြစ်သူကို အမှုဆင် ဖမ်းဆီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်တွေ နေအိမ်ကို ဝင်ရောက်စီးနင်းစဉ်မှာ ဒေါ်အိအိပြုံး၏ ပင်နီအင်္ကျီနှင့် ပါတီတံဆိပ် ရင်ထိုး၊ ပါတီအလံများကိုပါ ရှာဖွေ သိမ်း ဆည်းသွားခဲ့ကြောင်း၊ နေအိမ်တွင် တပ်ဆင်ထားခြင်း မရှိသည့် PSI စလောင်းကိုပါ အသင့်ယူဆောင်လာကာ နေအိမ်အတွင်း တပ်ဆင်ထား သည်ဟု အကြောင်းပြ၍ သိမ်းဆည်းခဲ့ပြီးနောက် ဒေါ်အိအိပြုံး၏ ဖခင်ဖြစ်သူကို ဖမ်းဆီး သွားခဲ့ခြင်း ဖြစ်ကြောင်း မအူပင် မြို့ခံ တစ်ဦးက ပြောသည်။

“အစ်မက မနေတာ ကြာပြီကို သိရဲ့နဲ့ တမင်လုပ်တာ။ အစ်မ အဖေကို ဖမ်းသွားတယ်။ အိမ်မှာ PSI စလောင်း တပ်ထားလို့ ဆိုပြီး သူတို့ယူလာတဲ့ ပစ္စည်းနဲ့ပဲ သူတို့ဖမ်းသွားတာ။ တမင် အမှုဆင် ဖမ်းတာပါ။ အစ်မရဲ့ ခဲအိုကိုလည်း ဖမ်းထားသေးတယ်။ အဲ့ဒါက ကြာပြီ။ ပထမအကြိမ် ဝင်ရှာတုန်းက ဖမ်းသွားတာ။ ဒါက ဒုတိယအကြိမ် ”ဟု ၎င်းက ပြောသည်။မအူပင်မြို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အပြစ်မဲ့ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးကာ ငွေကြေးတောင်းခံ ပြန်လည် လွှတ်ပေးခြင်းများ ရှိနေကြောင်း ဒေသခံများ ထံက ပြောသည်။ mizzima

မုံရွာမြို့တွင် အမျိုးသား ၁ ဦးကို စစ်တပ်က ဖမ်းဆီး နှိပ်စက်သတ်ဖြတ်

သေဆုံးသူရဲ့ ရုပ်အလောင်းမှာ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေများစွာ ရရှိထားတယ်လို့လည်း နာရေးကူညီဖို့ ဆောင်ရွက်နေတဲ့ ပရဟိတအဖွဲ့က တစ်ဦးက အတည်ပြု ပြောပါတယ်။ 

အခုလို ဖမ်းဆီးရမိသူဟာ ကနီနယ်သားဖြစ်တဲ့အတွက် စစ်ကောင်စီတပ်သားတွေက အခုလို  ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တာဖြစ်နိုင်တယ်လို့ သေဆုံးသူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

သေဆုံးသွားသူဟာ အရပ်သား ကုန်သည်တစ်ဦးဖြစ်ပြီး ကနီမြို့နယ်ဇာတိဖြစ်ကာ ဒေသတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် မုံရွာမြို့ပေါ်မှာ တက်ရောက်နေထိုင်သူ ဖြစ်တယ်လို့လည်း သိရပါတယ်။ 

လတ်တလော စစ်ကိုင်းတိုင်း ကနီနယ်တဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အပြင်းအထန် တိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းမှာ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေများစွာ ရရှိထားတယ်လို့လည်း နာရေးကူညီဖို့ ဆောင်ရွက်နေတဲ့ ပရဟိတအဖွဲ့က တစ်ဦးက အတည်ပြု ပြောပါတယ်။ 

အခုလို ဖမ်းဆီးရမိသူဟာ ကနီနယ်သားဖြစ်တဲ့အတွက် စစ်ကောင်စီတပ်သားတွေက အခုလို  ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တာဖြစ်နိုင်တယ်လို့ သေဆုံးသူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

သေဆုံးသွားသူဟာ အရပ်သား ကုန်သည်တစ်ဦးဖြစ်ပြီး ကနီမြို့နယ်ဇာတိဖြစ်ကာ ဒေသတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် မုံရွာမြို့ပေါ်မှာ တက်ရောက်နေထိုင်သူ ဖြစ်တယ်လို့လည်း သိရပါတယ်။ 

လတ်တလော စစ်ကိုင်းတိုင်း ကနီနယ်တဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အပြင်းအထန် တိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။ DVB

မော်လမြိုင်ကျွန်းမြို့နယ် ကျော်ဇံကျေးရွာ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခံရ

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ် ကျော်ဇံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းထွဋ် သေနတ်ဖြင့် ပစ်ခံရကြောင်း ဒေသခံများထံက သိရသည်။ဦးသန်းဝင်းထွဋ်သည် စစ်ကောင်စီခန့်သည့် အုပ်ချုပ်ရေးမှူး အသစ်ဖြစ်ပြီး ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၇ နာရီကျော်တွင် ပစ် ခတ်ခံရခြင်း ဖြစ်သည်။

အဆိုပါ ကျော်ဇံကျေးရွာရှိ ရပ်ကျေး စာရေးတစ်ဦးကို PDF တပ်ဖွဲ့ဝင်များက ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပစ်သတ်ခဲ့ပြီး နောက်ပိုင်း အုပ်ချုပ်ရေးမှူးဟောင်း နှုတ်ထွက်သွားချိန် ၎င်းအစား ဦးသန်းဝင်းထွဋ်ကို စစ်ကောင်စီက ခန့်ထားခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

“ပထမ အုပ်ချုပ်ရေးမှူး ကြောက်လို့ နှုတ်ထွက်သွားပြီးမှ စစ်ကောင်စီက အသစ် ခန့်လိုက်တဲ့သူပါ။ မနေ့ညကတော့ အပစ်ခံလိုက်ရတယ်။ ခေါင်းကိုပစ်တာ ပါးကနေ ဖောက်ပြီး ပါးစပ်ထဲကို ကျည်ဆံဝင်သွားတယ်လို့ ကြားတယ်။ သေမသေတော့ မသိရသေးဘူး”ဟု ၎င်းက ဆိုသည်။ဦးသန်းဝင်းထွဋ် အပစ်ခံရပြီး မိနစ်အနည်းငယ်တွင် စစ်ကောင်စီ တပ်များနှင့် ရဲများ ကျော်ဇံ ကျေးရွာသို့ ရောက်ရှိလာပြီး ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ပစ်ခတ်ခံရသူ ဦးသန်းဝင်းထွဋ်အား ခေါ်ဆောင်သွားကြကြောင်း ဒေသခံများက ပြောသည်။ mizzima

KNU ဘိတ်-ထားဝယ်ခရိုင် ကွန်ဂရက်တွင် ခေါင်းဆောင် အပြောင်းအလဲ ဖြစ်ပေါ်

ကရင်အမျိုးသား အစည်းအရုံး (KNU)၊ တပ်မဟာ (၄)၊ ဘိတ်-ထားဝယ်ခရိုင် (၁၉) ကြိမ်မြောက် ကွန်ဂရက်ကို ဇန်နဝါရီလ ၁၁ မှ ၁၅ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပခဲ့ရာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။အဆိုပါ (၁၉) ကြိမ်မြောက် ကွန်ဂရက် အခမ်းအနားတွင် KNU ဘိတ်-ထားဝယ်ခရိုင်ရှိ မြို့နယ် လေးခုမှ ခေါင်းဆောင်နှင့် ကိုယ်စားလှယ်များ၊ အထူးဒေသ နှစ်ခုမှ ခေါင်း ဆောင်နှင့် ကိုယ်စားလှယ်များ စုစုပေါင်း ၉၃ ဦး တက်ရောက်ခဲ့ကြောင်း ဆိုသည်။

ရွေးကောက် တင်မြှောက်ခြင်း ခံရသည့် ခေါင်းဆောင်များမှာ ခရိုင် ဥက္ကဋ္ဌ ပဒိုစောဖလို့စိုးဝင်း၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် စောမူလာ၊ အတွင်းရေးမှူး ပဒိုစောအယ်နာ၊ တွဲဘက် အတွင်းရေးမှူး ပဒိုစောဘိုးဘိုးခင်မောင်၊ တရားသူကြီး ပဒိုစောသူးယယ် တို့ဖြစ်ပြီး အခြား ဌာန အသီးသီးအတွက်လည်း ခေါင်းဆောင်များ ရွေးချယ် တင်မြှောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ mizzima

တမူးခရိုင်အတွင်း စစ်တပ်ထုတ်ကုန်များ သယ်ယူသုံးစွဲပါက ပြင်းပြင်းထန်ထန် အ ရေးယူမည်ဟု တမူး PDF တပ်ရင်း (၃) ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်း စစ်တပ်ထုတ်ကုန်များ သယ်ယူသုံးစွဲပါက ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း People Defence Force Tamu တမူး PDF တပ်ရင်း (၃) က ဇန်နဝါရီလ ၁၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ “တပ်ဖွဲ့အနေနဲ့ တောင်းဆိုချင်တာက ပြည် သူလူထုတွေအနေနဲ့ စစ်တပ်ထုတ်ကုန်တွေက်ို မသယ်ယူ မသုံးစွဲကြဖို့နဲ့ သယ်ယူသုံးစွဲတယ်ဆိုရင် ပြတ်ပြတ်သားသားအရေးယူမယ်ဆိုတာကို ပြောလိုပါတယ်။” ဟု တမူး PDF တပ်ရင်း (၃) မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်ကောင်စီ၏ ကျောထောက်နောက်ခံ စီးပွားရေးထုတ်ကုန်များ ဖြစ်ကြသည့် Myanmar ဘီယာ ၊ Dagon ဘီယာ ၊ Mandalay ဘီယာ ၊ Andaman Gold ဘီယာ ၊ Red Ruby ဆေးလိပ် နှင့် Premium Gold ဆေးလိပ်များအား သယ်ယူပို့ဆောင်ခြင်း ၊‌ရောင်းဝယ်‌ဖေါက်ကားခြင်းများကို တွေရှိပါက ပြင်းထန်ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း တမူး PDF တပ်ရင်း (၃) က ထုတ်ပြန်ထားသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တမူးခရိုင်အတွင်း အိမ်စီးကားများ၊ခရီးသည်တင်ကားများ၊ ၁၂ ဘီးကုန် ကားကြီးများ ကို အသုံးပြု၍ လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိ‌နေခြင်းကြောင့် မိဘပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် စစ်ကောင်စီကားများနှင့် မှား ယွင်းပစ်ခတ်မှုမဖြစ်မိစေရန် မိမိတို့၏ မော်တော်ယဉ်ကားမှန်များအားချပြီး မောင်းနှင်ရန်လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တမူးပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၃) သည် ရဲလင်းဖိုင်တိုက်ပွဲအပါအဝင် တမူးမြို့တဝိုက် စစ်ကောင်စီနှင့် ထိတွေ့ တိုက်ပွဲများတွင် စစ်ကောင် စီတပ်ဖွဲ့ဝင် အများအပြား ကျဆုံးကာ လက်နက်များသိမ်းယူရရှိထားသည် အထိ ပြင်းပြင်းထန်ထန်ပြတ်ပြတ်သားသား ဆန့်ကျင်တိုက် ခိုက်နေသည့် ဒေသကာကွယ်ရေး တပ်ရင်းတစ်ခုဖြစ်သည်။ mizzima

မြန်အောင် အမှတ် ၅၁ ခြေလျင်တပ်ရင်းအနီး ဗုံးကွဲ

ဧရာဝတီတိုင်း၊ မြန်အောင်မြို့၊ အမှတ် ၅၁ ခြေလျင်တပ်ရင်းအနီး တာဝါတိုင်အနားမှာ ဇန်နဝါရီ ၁၆ ရက် ၉ နာရီခွဲလောက်က ဗုံးတစ်လုံး ပေါက် ကွဲခဲ့ပြီး ထိခိုက်မှုမရှိဘူးလို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတယောက်က ပြောတယ်။

အခု ဗုံးပေါက်ကွဲတဲ့နေရာဟာ မြန်အောင်-ကနောင် ကားလမ်းဘေးက အမှတ် ၅၁ ခြေလျင်တပ်ရင်း ခြံစည်းရိုးဘေးက Mytel တာဝါတိုင်နားမှာဖြစ်ပြီး၊ အပျက်အစီး အထိအခိုက်ကိုတော့ အတိအကျ မသိရသေးပါဘူး၊

“ညက ပေါက်ကွဲတာ အသံအကျယ်ကြီး ကြားလိုက်ရတာ။ ဘာမှ​တေ့ာမဖြစ်ဘူး။ မည်သူမည်ဝါ ဖောက်ခွဲတယ်ဆိုတာ မသိရသေးဘူး။ ခုအချိန်ထိတော့ အဲဒီဖြစ်တဲ့နေရာမှာ ရဲတပ်ဖွဲ့က ခရိုင်အဆင့် တာန်ရှိသူတချို့  သွားစစ်ဆေးသွားပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် အခု မနက်ပိုင်းအထိ ဖြတ်သွားဖြတ်လာ ဆိုင်ကယ်တွေ၊ ကားတွေကိုလည်း စစ်ဆေးနေသလို အနီးအနားရှိ ရှားတောရပ်ကွက်ထဲက အိမ်တွေကို လိုက်စစ် ဆေးနေတယ်”လို့  ဒေသခံတယောက်က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်အောင်မှာ အခုအချိန်အထိ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး ဘယ်သူတွေ ဖောက်ခွဲတယ်ဆိုတာတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်အောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။ DVB

Save Myanmar USA ဦးဆောင်ကျင်းပသည့် ရံပုံငွေပွဲတော် ကန်ဒေါ်လာ ၄၀၀၀၀ နီးပါးရရှိ

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ အခြေစိုက် Save Myanmar (USA) ဦးဆောင်ပြီး အမျိူးသား ညီညွတ်ရေး အစိုးရနှင့် ပူးပေါင်းကာ “မဟာ ဗျူ ဟာမြောက် (၃) ပွင့်ဆိုင် အွန်လိုင်း အလှူငွေ ကောက်ခံပွဲ” အမှတ်စဉ် (၃) ကို ဇန်နဝါရီလ ၁၆ ရက်၊ မြန်မာစံတော်ချိန် နံနက် ၈ နာရီတွင် အောင် မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရံပုံငွေရှာပွဲတွင် အမေရိကန် ဒေါ်လာ ၄၀၀၀၀ နီးပါး ရရှိခဲ့ပြီး စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ် လူမဆန်စွာ ထိုးစစ်ဆင် ခံနေရသည့် ချင်းတောင်ရှိ CDF နှင့် PDF အဖွဲ့ပေါင်း ၁၇ ဖွဲ့ စုဖွဲ့ထားသည့် “Chinland Joint Defense Committee” အ တွက် အလှူငွေ အားလုံးကို ပေးအပ်မည်ဖြစ်ကြောင်း Save Myanmar-USA ဦးဆောင်သူ တစ်ဦးက မဇ္ဈိမကို ပြောသည်။အဆိုပါ ရံပုံငွေရှာပွဲသို့ အမျိုးသား ညီညွတ်ရေး အစိုးရ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးထင်လင်းအောင်တို့ တက်ရောက် မိန့်ခွန်း ပြောကြားပြီး အမေရိကန်ရောက် မြန်မာနိုင်ငံသားများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြေပြင်တွင် အသက်စွန့် တိုက်ပွဲဝင်နေသည့် ဒေသခံ ကာကွယ်ရေးတပ် PDF များအား နွေဦးတော်လှန်ရေး အောင်နိုင်ရေး အတွက် ပံ့ပိုးကူညီရမည် ဖြစ်ကြောင်း နွေဦးတော်လှန်ရေး အစမှ အဆုံးအထိ အစွမ်းကုန် ကူညီမည် ဖြစ်ကြောင်း Save Myanmar-USA ဦးဆောင်သူများက ဆို သည်။

ပြည်တွင်း ပြည်ပ အလှူရှင်များ ပါဝင်သည့် အွန်လိုင်း အလှူငွေ ကောက်ခံပွဲများကို ယမန်နှစ် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလကုန် နောက်ဆုံးပတ်မှ စ တင်ကျင်းပခဲ့ရာ ယခု တတိယ အကြိမ်မြောက် ဖြစ်ကြောင်း၊ စုစုပေါင်း အလှူငွေ အမေရိကန် ဒေါ်လာ ၁၂၀၀၀၀ နီးပါး ကောက်ခံ ရရှိခဲ့ပြီး ပထ မအကြိမ် ရရှိခဲ့သော ဒေါ်လာ ၅၀၀၀၀ ကျော်ကို ကလေး၊ ယော၊ မြိုင်မြို့နယ်များရှိ PDF များကိုလည်းကောင်း၊ ဒုတိယအကြိမ် ရရှိသော ဒေါ် လာ ၂၅၀၀၀ နီးပါးကို KNDF၊ ပေါက် PDF၊ ကသာ PDF များကို လှူဒါန်းခဲ့ကြောင်း PDF များအား ဆက်လက်ပံ့ပိုးမည် ဖြစ်ကြောင်း Save Myanmar-USA တာဝန်ရှိသူက ဆိုသည်။ mizzima

လည်ငေါက်-ယင်းမာပင် လမ်းပိုင်းကို ဆရာစံ YMB-PDF ရဲဘော်များ ပြုပြင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှာ မိုင်းခွဲခဲ့လို့ ပျက်စီးသွားတဲ့ လည်ငေါက်-ယင်းမာပင် လမ်းပိုင်းနေရာကို ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက ဆရာစံ YMB-PDF ရဲဘော်တွေက ပြုပြင်ခဲ့ပါတယ်။ 

စစ်ကောင်စီယာဉ်တန်းတွေ ဖြတ်သန်းသွားလာခဲ့တဲ့အချိန်တုန်းက ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းခွဲတိုက်ခိုက်လို့ ပျက်စီးသွားတဲ့ လည်ငေါက် – ယင်းမာပင်လမ်းပိုင်းကို အများပြည်သူတွေ သွားလာလို့ အဆင်ပြေစေဖို့ သဲနဲ့ ကျောက်တွေ ခင်းပြီး ပြုပြင်ခဲ့တာလို့ ဆရာစံ YMB-PDF ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်က လူအင်အား ၃၀ လောက်နဲ့ လမ်းကိုပြန်လည်ပြုပြင်ခဲ့ကြတာဖြစ်ကာ လမ်းခင်းရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကိုလည်း ရပ်ဝေးက အလှူရှင်တွေက အကူအညီပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ဇန်နဝါရီလ ၆ ရက်ကလည်း  လည်ငေါက်-ယင်းမာပင် လမ်းကြားကို ဖြန့်တက်လာတဲ့ စစ်ကောင်စီ တပ်တွေနဲ့ ဆရာစံ YMB -PDF တပ်တွေ မိနစ်အနည်းကြာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ DVB

« Older Entries