Monthly Archives: Jan 2022

PDF များကို လက်ခံလျှင် ဗုံးကြဲတိုက်ခိုက်မည်ဟု စစ်ကောင်စီက ထီးချိုင့်ပြည်သူများကို ခြိမ်းခြောက်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြိုနယ်အတွင်းက ကျေးရွာအချို့မှာ PDF တပ်တွေကို လက်ခံထားပါက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မယ်ဆိုပြိး ခြိမ်း ခြောက်စာတွေ ဇန်နဝါရီ ၁၈ ရက်မနက်ပိုင်းမှာ စစ်ကောင်စီက လိုက်လံဖြန့်ဝေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလိုစစ်ကောင်စီက ခြိမ်းခြောက်စာတွေ ဖြန့်ဝေနေတာကြောင့် ဒေသခံတွေ ကြောက်လှန့်နေကြပြီး စစ်ဘေးရှောင်နိုင်ဖို့ ကြိုတင်ပြင်ဆင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ရွာကိုတော့ မနက်ပိုင်းက ထီးချိုင့်ထွေအုပ်ရုံးကလူတွေနဲ့ စစ်ကောင်စီ လက်နက်ကိုင်တွေနဲ့ လာကပ်သွားတယ်။ ဘယ်လိုပဲဖြစ်နေဖြစ်နေ ကျနော်တို့တတွေကတော့ ကြိုတင်ပြင်ဆင်တာတွေတော့ လုပ်ထားတယ်။ သူတို့ ဘယ်လိုပဲ ခြိမ်းခြောက်နေပါစေ ဆက်လက်ပြီး စစ်ကောင်စီကို ဆန့်ကျင်သွားမယ်” လို့ အလယ်တောစံပြကျေးရွာသားတစ်ဦးက ပြောပါတယ်။

ခြိမ်းခြောက်တဲ့စာထဲမှာတော့ ‘နောက်တစ်ခါ PDF များကို လက်ခံအားပေးပါက၊ သင်တန်းဖွင့်ပါက ရွာလုံးကျွတ် ရွှေ့ပြောင်းရမယ်’ လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၄ ရက်နေ့ကလည်း ထီးချိုင့်မြို့နယ် ဂဟဲကျေးရွာကို ရဟတ်ယာဉ်အသုံးပြုပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးကာ အများအပြားဒဏ်ရာရခဲ့ကြပြီး နေအိမ်တချို့ မီးလောင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီလို ဂဟဲကျေးရွာကို‌ လေယာဉ်အသုံးပြု ပစ်ခတ်ပြီးခဲ့ပြီးနောက် ဇန်နဝါရီ ၅ ရက်ကလည်း စစ်ကောင်စီက ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေး ရွာတွေကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မယ်ဆိုတဲ့ စာရွက်တွေကို လေယာဉ်ပေါ်ကနေ ကြဲချကာ ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

ဖလမ်းမြို့ ယနေ့တိုက်ပွဲတွင် စစ်သား ၄ဦးသေပြီး ၃ ရက်ဆက် တိုက်ပွဲတွင် စစ်သား သေဆုံးမှု များပြားဟုဆို

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဖလမ်း – ကလေးကားလမ်း ပေါ်မှာ တိုက်ပွဲပြင်းထန်လျက်ရှိပြီး ယနေ့ဇန်နဝါရီလ ၁၈ရက်နံနက် ၈နာရီ မိနစ် ၃၀မှ စတင်ပြီး းသီးကူဇမ်တောင်ကြောတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ နှစ်နာရီနီးပါးအကြာပစ်ခတ်မှုအတွင်းစစ်သားလေးဦးသေဆုံးသွားကြောင်း ‌ချင်းအမျိုးသားကာကွယ် ရေးတပ်ဖွဲ့ထံမှသိရသည်။သည်။ တိုက်ပွဲဖြစ်ပွားချိန် နှစ်နာရီနီးပါး ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း တပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း ချင်းအမျိုးသားကာကွယ် ရေးတပ်ဖွဲ့ထံမှ တာ၀န်ရှိသူကပြောသည်။

ယင်းအပြင် ဖလမ်း -ကလေးကားလမ်း ပေါ်၌ တိုက်ပွဲပြင်းထန်လျက်ရှိပြီး ဇန်နဝါရီလ ၁၆ရက်နေ့မှ စတင်၍ နေ့စဉ်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိရာ ပြင်းထန်တိုက်ပွဲဖြစ်ပွားသည့် သုံးရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ၂၉ဦးအထိ သေဆုံးမှုရှိကြောင်း ၎င်းကပြောပြသည်။ “အဓိက ကတော့နယ်မြေကျွမ်းကျင်မှု၊ မိုင်းကွင်းလက်ဦးမှုရယူနိုင်တာရယ်၊ စစ်ကောင်စီကို အမြစ်ဖြတ်နိုင်မှ ချင်းပြည်ပြန်လည်ထူထောင်နိုင်မယ်ဆိုတဲ့ စိတ်ဓါတ်ရယ်၊ စစ်တိုက်တာလည်းကျွမ်းကျင်လာကြလို့ပါ” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တာဝန်ရှိသူ တစ်ဦးမှပြောသည်။

ဇန်နဝါရီလ ၁၆ရက်နေ့ တွင် ဖလမ်းမြို့နယ် ပါရ်သဲကျေးရွာအနီး အင်အား ၁၀၀နီးပါး ဖြင့်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စတင်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၎င်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့မှ ၁၇ဦး သေဆုံးကာ CNDF ဖက်က ဒဏ်ရာရရှိသူ တစ်ဦးရှိကြောင်းနှင့် ယင်းတိုက်ပွဲအတွင်း ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈မှ လက်နက်ကြီးဖြင့် လေးကြိမ်ပစ်ကူခဲ့ကြောင်းဆိုသည်။

အလားတူ ဇန်နဝါရီလ ၁၇ရက်နေ့တွင် လားသီးကျေးရွားအနီးတွင် ဆက်လက် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးကာ ဒဏ်ရာရရှိသူအများ အပြားရှိကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် CNO သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန မှ ထုတ်ပြန်ကြေညာထားသေးသည်။ mizzima

ဟုမ္မလင်း PDF က စစ်ကောင်စီတပ်ကို စတင်တိုက်ခိုက်ပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ ဖလမ်းနှင့်မြို့လှတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် ဟုမ္မလင်း PDF က စစ်ကောင်စီတပ်များကို ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် စတင်တိုက်ခိုက်ပြီး စစ် တပ်ဘက်မှ ၅ ဦးသေဆုံးသွားကြောင်း ဟုမ္မလင်း PDF က တရားဝင်သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ ဝန်း ကျင် ဟုမ္မလင်းမြို့နယ်၊ နမ်ပတ်ကားကျေးရွာ အနီး၌ စစ်ကောင်စီ စစ်ကြောင်းကို ဟုမ္မလင်း PDF က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ် သား ၅ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့သည် ယနေ့မှစ၍ စစ်အာ ဏာရှင် အမြစ်ပြတ်ရေးအတွက် လက်နက်ကိုင် တော်လှန်ရေးလုပ်ငန်းကို စတင်လိုက်ပြီ ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များနှင့်ဝေးဝေး နေထိုင်ကြရန် အသိပေးချက် ထုတ်ပြန်သည်။

အလားတူ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဖလမ်း – ကလေး ကားလမ်းမပေါ်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် CNDF တို့အ​ကြား နေ့စဉ်တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၆ ရက်နေ့က ဖလမ်းမြို့နယ်၊ ပါရ်သဲ ကျေးရွာ အနီးတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို မိမိတို့ CNDF တပ်ဖွဲ့ဝင်များမှ ခုခံတိုက်ခိုက်ခဲ့ရာ ဖလမ်းမြို့ အ‌ခြေစိုက် ခလ၇ ၂၆၈ မှ လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ကူခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၇ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း CNDF က သတင်းထုတ်ပြန် သည်။

အလားတူ ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် လာသီးကျေးရွာအနီး၌ အကြမ်း ဖက် စစ်ကောင်စီများအား မိမိတို့ CNDF တပ်ဖွဲ့မှ ဆက်လက်ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ ဘက်မှ ၈ ဦး သေဆုံးကာ ဒဏ်ရာရရှိသူများပြားကြောင်း CNDF သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဌာနက သတင်းထုတ်ပြန်သည်။ အလားတူ ဇန်နဝါရီလ ၁၇ ရက်နေ့ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ မြို့လှမြို့ နယ်မြေအတွင်း ခြေလျင်စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ရာ အကြမ်း ဖက်စစ်ကောင်စီတပ်သား ၁၅ဦးထက်မနည်း သေဆုံးကြောင်း မြို့လှPDFက ဇန်နဝါရီ ၁၈ရက်နေ့ တွင် တရားဝင်ထုတ်ပြန်သည်။ khit thit

လွိုင်ကော်မြို့တွင် ပြည်သူ ၁ ဦး လက်နက်ကြီးထိမှန်သေဆုံး

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကယားပြည်နယ် လွိုင်ကော်မြို့၊  ဒေါတမရပ်ကွက်နေ ဒေသခံပြည်သူတယောက်  လက်နက်ကြီးထိမှန် သေဆုံးသွားပါတယ်။

ထိခိုက်သေဆုံးသူဟာ  အသက် ၃၀ ဝန်းကျင်ရှိသူ အမျိုးသားတယောက်ဖြစ်ပြီး  ဒီကနေ့ မနက် ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ထိမှန်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

လွိုင်ကော်မြို့အတွင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ နေ့စဉ် ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က တိုက် လေယာဉ်အသုံးပြုကာ တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

ဒီကနေ့ လက်နက်ကြီးကျရောက်မှုကြောင့် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှာ နေအိမ်တွေ မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပေမယ့် အရေအတွက်ကို မသိရသေးပါဘူး။

စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်တာကြောင့် လွိုင်ကော်မြို့နယ် မြို့နေ ဒေသခံထက်ဝက်ကျော် မြို့ကိုစွန့်ခွာပြီး ထွက် ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုရန်မှ ကာကွယ်ရေးအတွက် ဗုံးခိုကျင်းတွေ အမြန်ဆုံးတူးထားဖို့နဲ့ စားနပ်ရိက္ခာ စုဆောင်းပြင်ဆင်ထားကြဖို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) က ဇန်နဝါရီ ၁၇ ရက်က ကရင်နီပြည်သူ့လုံခြုံရေးဆိုင်ရာ အရေးပေါ်ထုတ် ပြန်ကြေညာထားပါတယ်။  DVB

စမ်းချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်က မီးလိုက်ဖြတ်နေ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းက မီတာမဆောင်တဲ့အိမ်တွေကို လျှပ်စစ်ဌာနဝန်ထမ်းတွေက စစ်ကောင်စီတပ်တွေပါ ခေါ်ပြီး တစ်လမ်းဝင်တစ်လမ်းထွက် မီးလိုက်ဖြတ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဗဟိုလမ်း၊ သံတံတားလမ်း၊ အင်္ဂပူလမ်း၊ တရုတ်ကျောင်းလမ်းတလျှောက် မီတာမဆောင်တဲ့ အိမ်တွေကို လိုက်ဖြတ်နေတာဖြစ်ပြီး မီတာဆောင် ထားတဲ့ အထောက်အထား မပြနိုင်ရင် ချက်ချင်းမီးဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စမ်းချောင်းမှာ နေထိုင်သူတဦးက “မီတာစာရွက်ပြခိုင်းတာ ဆောင်ထားလား၊ မဆောင်ထားဘူးလား စစ်တာ။ မဆောင်ထားရင် မီးဖြတ်သွားတယ်။ မီတာက ဆောင်ဆောင် မဆောင်ဆောင် မီးက ခဏခဏ ပျက်နေတာ။ ဆောင်လည်း ဘာမှ သိပ်မထူးဘူး။ ပျက်ချင်တဲ့ အချိန်ပျက်နေတာလေ” လို့ ပြောပါတယ်။ 

မီတာလိုက်ဖြတ်ပြီးနောက် စမ်းချောင်းမြို့နယ်အတွင်း စစ်ကောင်စီ လက်နက်ကိုင်တပ်သားတွေ ကားနဲ့ လှည့်လည်နေခဲ့တယ်လို့လည်း သိရပါတယ်။

ရန်ကုန်မှာ လတ်တလော သတင်းပတ်တွေမှာ  လျှပ်စစ်မီး အကြိမ်ကြိမ်ပျက်နေတဲ့ အတွက် အိမ်ရှင်မတွေနဲ့  အသေးစားနဲ့ အလတ်စား စီးပွား ရေးလုပ်ငန်း လုပ်ကိုင်သူတွေ အခက်ကြုံနေကြရပါတယ်။ DVB

တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ သေဆုံးဟု NUG ထုတ်ပြန်

ပြည်သူ့ခုခံတော်လှန်စစ်အတွင်း ဇန်နဝါရီ ၁၇ ရက် မနေ့က တရက်တည်းမှာတင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အယောက် ၃၀ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်လက်ဟာ မြေပြင်အခြေအနေမှာ ပိုပြီးတော့များနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူအရေအတွက်က တော့ ၃ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ် ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှအပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်းမှာ တနင်္သာရီတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာ ၂ ကြိမ်စီ၊ မန္တလေးတိုင်းမှာ ၄ ကြိမ်နဲ့ စစ်ကိုင်း တိုင်းမှာ ၉ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားပါတယ်။ DVB

ဖလမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်၊ မပြေးနိုင်သည့် သက်ကြီးရွယ်အို ၇ ဦးကို စစ်တပ်က ဖမ်းဆီး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဖလမ်း-ကလေး လမ်းမကြီးပေါ်က ပါးရ်သဲကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ဒေသခံ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတာကြောင့်  ဒေသခံ ကျေးရွာပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး မပြေးနိုင်ဘဲ ကျန်ရှိနေခဲ့တဲ့ သက်ကြီးရွယ်အို ၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ဟာ ဇန်နဝါရီ ၁၅ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ၁၇ ရက်နေ့မှာလည်း ထပ်မံဖြစ်ပွားခဲ့ကြတာပါ။

တိုက်ပွဲဖြစ်ပွားတာကြောင့် ကျေးရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး  စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၇ ရက်နေ့ ညပိုင်းမှာ နေအိမ်တွေအတွင်းမှာ ထွက်မပြေးနိုင်ဘဲ ကျန်ရှိခဲ့တဲ့ သက်ကြီးရွယ်အို ၇ ဦးကို ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးတိမ်းရှောင်နေသူ ဒေသခံတစ်ဦးက “ရွာထဲမှာကျန်ခဲ့တဲ့ အသက်ကြီးသူတွေကို စကစက ဝင်ဖမ်းထားတယ်၊ အားလုံးပေါင်း ၇ ယောက် ရှိတယ်လို့ သိထားတယ်။ ရွာထဲကို လက်နက်ကြီးတွေ ကျကျလာတယ်။ ထွက်ပြေးကြတာပေါ့၊ အခုထိ မပြန်ရဲသေးဘူး။ အခုလည်း တိုက်ပွဲဖြစ်နေတုန်းပဲ၊ စစ်တပ်ဘက်က အသေများလို့ ဖမ်းတာလို့လည်း ပြောနေကြတယ်” လို့ ပြောပါတယ်။

ပါးရ်သဲကျေးရွာနဲ့ လုမ်ဘမ်ကျေးရွာတွေက ပြည်သူတွေဟာ စစ်ကောင်စီတပ် ဝင်ရောက်လာကတည်းက ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ် ပြီး အသက်ကြီးရွယ်အိုတွေသာ အိမ်မှာ ကျန်ရစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့ မနက် ၈ နာရီခွဲလောက်ကလည်း ဖလမ်းမြို့နယ် သူဖယ်ကျေးရွာ (Tuphei လို့ဖတ်ရန်) အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ CNDF( Chin National Defence Force)တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်က ၄ ဦး သေဆုံးတယ်လို့ CNDFက သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း ဖလမ်းမြို့နယ်၊ ပါရ်သဲ ကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့  ၇ နာရီအချိန်ကြာအောင် တိုက်ပွဲဖြစ်ပွားရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းအတွဲလိုက်နဲ့ တိုက်ခိုက်ရာမှာ စစ် ကောင်စီ ၄ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်က သိရပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့မှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထွက်လာပြီး တိုက်ပွဲဖြစ်ပွားတာကြောင့် ဖလမ်းမြို့နယ် ဝေဘူလမြို့အနီးက ကျေး ရွာ ၈ ရွာက ပြည်သူ ၃ ထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်နေသူတွေက ပြောပါတယ်။

ပါးရ်သဲ၊ လုမ်ဘမ်နဲ့ ဖလမ်း-ကလေး လမ်းမကြီးပေါ်က ကျေးရွာသားတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ DVB

မအူပင်လွှတ်တော်အမတ် ဒေါ်အိအိပြုံး၏ ဖ ခင်အပါအဝင် ၄ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးရဲ့ ဖခင်ဖြစ်သူအပါဝင် ဒေသခံ ပြည်သူ ၄ ယောက်ကို  စစ်ကောင်စီက ဇန်နဝါရီ ၁၆ ရက် ညပိုင်းက ဖမ်းဆီးသွားပါတယ်။ 

ဒေါ်အိအိပြုံးရဲ့နေအိမ်ကို ရဲနဲ့ စစ်ကောင်စီတပ်သားတွေက  ည ၁၀ နာရီကျော်လောက်မှာ ဝင်ရှာပြီး ဒေါ်အိအိပြုံးကို မတွေ့တာကြောင့် ဖခင်ဖြစ်သူကို ဖမ်းသွားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“အိမ်ကို လာရှာတာ။ ကား ၂ စီးနဲ့ ဆိုင်ကယ်တွေလည်းပါတယ်။ အားလုံးက အရပ်ဝတ်တွေနဲ့ မြို့မရဲစခန်းမှူးလည်းပါလာတယ်။ စာရွက်စာ တမ်းတွေလည်း သယ်သွားတာတွေ့တယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီညပိုင်းမှာပဲ မအူပင်မြို့က အပြစ်မဲ့ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အိအိပြုံးရဲ့ ဖခင်ဖြစ်သူကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပြီးနောက် မအူပင်မြို့မရဲစခန်းအချုပ်မှာထားရှိကာ စစ်ဆေးမေးမြန်းနေပါတယ်။ DVB

လွယ်ဂျယ်-လိုင်ရင်း နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ လွယ်ဂျယ် – လိုင်ရင်း နယ်စပ်ဂိတ်ကို ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက် နေ့လည်ပိုင်းတွင် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း ကချင်ပြည်နယ် နယ်စပ်ကုန်သွယ်မှုဌာနမှ သိရသည်။ခြောက်လနီးပါးကြာ ပိတ်ထားခဲ့ရသည့် တရုတ် – မြန်မာနယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်သည့် လွယ်ဂျယ် – လိုင်ရင်း နယ်စပ်ကုန်သွယ်ရေးစခန်းသည် ကချင်ပြည်နယ်အတွင်း ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးစခန်း ဖြစ်သည်။

အဆိုပါ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်း ပြန်လည်ဖွင့်နိုင်ရေးအတွက် တရုတ်နိုင်ငံ တာဝန်ရှိသူများနှင့် ၁၀ ကြိမ်ထက်မနည်း တွေ့ဆုံဆွေး နွေးခဲ့ရကြောင်း ဆိုသည်။နယ်စပ်ဂိတ်ဖွင့်သည့်နေ့တွင် ကချင်ပြည်နယ်မှ တစ်ရှူးဌက်ပျောတင်ကုန်ကား ကိုးစီးနှင့် ကြံကား ခြောက်စီး စုစု ပေါင်း ၁၅ စီး ကုန်သွယ်မှု နမူနာပုံစံနှင့် နှစ်နိုင်ငံကြား Covid ကူးစက်ရောဂါ သတ်မှတ်ချက်နှင့်အညီ ကုန်သွယ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း Covid-19 ကူးစက်မှု များပြားစဥ် တရုတ်နိုင်ငံဘက်မှ ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုက်တည်နယ်စပ်ဂိတ်၊ လွယ်ဂျယ်နယ်စပ်ဂိတ်နှင့် ပန်ဝါနယ်စပ်ကုန်သွယ်ရေး ဂိတ်တို့ကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က စတင် ပိတ်ထားခဲ့ခြင်း ဖြစ်သည်။ပြီးခဲ့သည့် ဒီဇင် ဘာ လဆန်းပိုင်းတွင် ကန်ပိုက်တည်နယ်စပ်ဂိတ် ပြန်ဖွင့်ခဲ့ကြောင်း သိရသည်။ mizzima

« Older Entries