Monthly Archives: Jan 2022

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သင်တောကျေးရွာသို့ ဝင်ရောက်ကာ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်၊ ရွာသား ၂ ဦး ကျည်ထိမှန် ဒဏ်ရာရကာ နွားတစ်ကောင် ကျည်ထိမှန် သေ ဆုံး၊ ပြည်သူများ၏ ပစ္စည်းများကို ခိုးယူသွား

ကန့်ဘလူမြို့နယ် သင်တောကျေးရွာသို့ အကြမ်းဖက် စစ်ကောင်စီများ ဇန်နဝါရီ ၁၈ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်ဝန်းကျင်လောက်တွင် ဝင်ရောက်လာပြီး ကျေးရွာအတွင်း ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ နှစ်ဦး ဘေးဘက် ၊ ကျောဘက်နှင့် လက်တွင် ကျည်ထိမှန်ကာ စားကျက်တွင် ရှိနေသည့် နွားတစ်ကောင်လည်း ကျည်ထိမှန် သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။“အင်အား ၄၀ လောက်ရှိတယ်။

လူ ၈၀ ကျော် ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းဝင်းကို လာပြီး စစ်မေးတာတွေ လုပ်တယ်။ နေအိမ်ခြံတံခါးတွေ ဖျက်ဆီး၊ TV မှန်တွေ ရိုက်ခွဲတာတွေ၊ ရေခဲသေတ္တာတွေ၊ နေအိမ်တိုင်တွေ၊ သံသေတ္တာတွေလည်း ရမ်းသမ်းပစ်သွားတယ်” ဟုဒေသခံတစ်ဦးက ပြောကြားသည်။ထို့ပြင် အ ကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘုန်းကြီးကျောင်းရှေ့ လမ်းဘေးရပ်ထားသော Cyclone ဆိုင်ကယ်ကို မီးရှို့ပြီး ရွာနတ်စင်နားရပ်ထားသော Canda ဆိုင်ကယ် စုစုပေါင်းနှစ်စီးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သည်။

“”ရွှေလက်ကောက်တစ်ရံရယ် ပိုက်ဆံတွေရယ်၊ ဖိနပ် ၊ အဝတ်အစားတွေက အစ အကုန်ယူသွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ ၁၂နာရီ ၃၀ မိနစ်တွင် ပြန်လည် ထွက်ခွာသွားသည်ဟု ဒေသခံများက ပြောဆိုသည်။ကန့်ဘလူမြို့နယ် သင်တောကျေးရွာသို့ ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကန့်ဘလူမြို့နယ် ချပ်သင်းစံပြကျေးရွာ ရဲစခန်းတွင် အထိုင်ချနေသည့် အဖွဲ့ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။ khit thit

ဖလမ်းနှင့်ကလေးမြို့က လွှတ်တော်ကိုယ်စား လှယ်အချို့၏ နေအိမ်များ ချိပ်ပိတ်ခံရ

ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့က လွှတ်တော်ကိုယ်စားလှယ် ၃ ဦးရဲ့ နေအိမ်တွေကို ဇန်နဝါရီ ၁၉ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လာရောက်ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖလမ်းမြို့နယ် ကျင်မွှာလ်ရပ်ကွက်မှာရှိတဲ့ ပြည်နယ်လွှတ်တော်အမတ် ပူရွယ်နှင်းရဲ့နေအိမ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ စမ်းမြို့ရပ် ကွက်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခေါ်) ဒေါ်ရှားမီးရဲ့နေအိမ်၊ ကလေးမြို့လှိုင်သာယာရပ်ကွက်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တို့က လာရောက်ချိပ်ပိတ်ခဲ့ကြတာလို့ သိရပါတယ်။

ကလေးမြို့ဒေသခံတစ်ဦးက “အင်အားက ၁၅ ယောက်လောက်ရှိမယ်၊ ဒီမနက်ပိုင်းမှာ ချိပ်လာပိတ်တာပါ။ လူမရှိတဲ့အိမ်မှာ ဗီနိုင်းအနီတွေ လာကပ်တာ နိုင်ငံတော်ပိုင်သိမ်းတယ်ဆိုတဲ့စာနဲ့။ ရပ်ကွက်ထဲက လူတွေကလည်း သူတို့ကိုမြင်တာနဲ့ ထွက်ပြေးကြတဲ့အခြေအနေကိုရောက်နေပြီ။ စစ်ကောင်စီက တွေ့ကရာကို ပစ်သတ်နေတာ၊ တိုက်ပွဲတွေကလည်း မငြိမ်းချမ်းသေးဘူးလေ“ လို့  ပြောပါတယ်။

ချိပ်ပိတ်ထားတဲ့ အိမ်တွေရဲ့ရှေ့မှာ ဗီနိုင်းအနီရောင်နဲ့ “ဤအဆောက်အဦနှင့် မြေနေရာသည် အကြမ်းဖက် အဖွဲ့အစည်းများနှင့်ဆက်စပ်နေသ ဖြင့် နိုင်ငံတော်ပိုင်သိမ်းမည်ဖြစ်သောကြောင့် မကျူးကျော်ရ/ ရောင်းချခြင်း/ ရောင်းဝယ်ခြင်းမပြုလုပ်ရ” လို့ ရေးသားတဲ့စာကို ကပ်ထားခဲ့တာဖြစ်ပါတယ်။ 

ဇန်နဝါရီ ၁၁ ရက်နေ့မနက်ပိုင်းကလည်း ချင်းပြည်နယ်၊  ဟားခါးမြို့က CNLD လွှတ်တော်ကိုယ်စားလှယ် ပူရှမ်းမန် ရဲ့နေအိမ် ချိပ်ပိတ်ခံခဲ့ရပါသေးတယ်။ ပူရှမ်းမန်ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ မဲအနိုင်ရရှိခဲ့သူ ဖြစ်တယ်လို့ ဟားခါးဒေသခံတွေဆီက သိရပါတယ်။

သူ့ရဲ့ နေအိမ်မှာ “အကြမ်းဖက်မှု ကျူးလွန်သူတစ်ဦးအား ပုန်းအောင်းခွင့်ပေးခြင်းနှင့် ယာယီနေထိုငခွင့်ပေးကြောင်း ဖော်ထုတ် ရရှိသည့်အ တွက် အကြမ်းဖက် မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ အရ နေအိမ်အဆောက်အဦးပိုင်ရှင်အား အရေးယူမည့်အပြင် ပုဒ်မ ၅၆ အရ နေအိမ်၊ အဆောက်အဦအားနိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်သည်” လို့ ရေးသားထားတဲ့ ဗီနိုင်းအနီရောင် ကပ်ထားခဲ့တာဖြစ်ပါတယ်။ 

ပူရှမ်းမန်ရဲ့သားဟာ ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးက ဒုတိယဆေးရုံအုပ် ဒေါက်တာ မန်ဗျက်ကုန်ပြီး CDM ပြုလုပ်ခဲ့တာကြောင့် ၂၀၂၁  စက် တင်ဘာ ၉ ရက်နေ့မှာ  စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားပြီး ၃ ရက်အကြာမှာ ပြန်လည်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။ 

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ကလည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီကနေ ရွေးကောက်ခံရတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်းစားလှယ် ဆလိုင်းမျိုးထိုက်ရဲ့ နေအိမ်နဲ့ အိမ်ဝန်းထဲက ဘုရားကျောင်းကိုပါ စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပါတယ်။

NUG အစိုးရဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းရဲ့ ဟားခါးမြို့က နေအိမ်ကိုလည်း ၂၀၂၁ ခုနှစ်မှာ စစ်ကောင်စီတပ်က ချိပ်ပိတ်ခဲ့ပါသေးတယ်။ DVB

မဟာချိုင်တွင် ညဘက် အလုပ်သွားလျှောက်သည့် မြန်မာလုပ်သား ၁၀၀ ခန့် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်စခွန်းခရိုင်၊ မဟာချိုင်မြို့ရှိ Thai Union Group PCL  စက်ရုံမှာ အလုပ်သမားတွေ အမြောက်အမြားလိုအပ်နေပြီး အထောက်အထားတွေလည်း လုပ်ပေး မယ်ဆိုတဲ့သတင်းကြောင့် ဇန်နဝါရီ ၁၈ ရက်ညက ရာနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ သွားရောက်တန်းစီခဲ့ကြပါတယ်။

ဒါပေမဲ့ အလုပ်လည်းမရ စက်ရုံထဲလည်းဝင်ခွင့်မရဘဲ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကိုသာ ခံခဲ့ကြရတယ်လို့ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ် သ မားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ AAC ဒါရိုက်တာ ဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ 

“အဲဒီစက်ရုံမှာ အလုပ်သမားအများကြီးလိုတယ်၊ လက်မှတ်အထောက်အထား မရှိလည်း ယူမယ်၊ သူတို့က အထောက်အထားလုပ်ပေးမယ်၊ အဲ လိုတွေ သတင်းထွက်နေတော့ သွားတန်းစီကြတာပေါ့။ တရားဝင်ကြေညာတာတော့ မဟုတ်ဘူး၊ တဆင့်စကားတဆင့်နားနဲ့ သွားကြတာ၊ ထူးဆန်းတာက ညအချိန်ကြီးမှာ လာလျှောက်ခိုင်းတာ။ အဲဒီမှာရာနဲ့ချီတဲ့ အလုပ်သမားတွေ တန်းစီနေတုန်း စက်ရုံက လော်စပီကာနဲ့ အော်ပြောတယ်၊ ရဲတွေလာပြီတဲ့။ အဲဒါနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်၊ အလုပ်ရ မရတော့ မသိဘူး။ ကျနော်တို့သိရသလောက် ၉၈ ယောက် (တစ်ရာနီးပါး ) အဖမ်းခံရတယ်။”

ဖမ်းဆီးခံထားရသူတွေ ဒီကနေ့ အတော်များများပြန်လွတ်လာပြီဖြစ်ကြောင်း၊ ဒါပေမဲ့ ပိုက်ဆံ ဘတ် ၅၀၀၀ မှ ၁၀၀၀၀ ထိ ဒဏ်ငွေပေးဆောင် ခဲ့ရတယ်လို့ ကိုခိုင်ကြီးက ဆက်ပြောပါတယ်။ 

“ကျနော်တို့နဲ့သိတဲ့ ကလေးတွေ ပြန်ပြောပြတာကတော့ သူတို့တွေ ပိုက်ဆံပေးပြီး ပြန်လွတ်လာကြတယ်တဲ့။ ပိုက်ဆံပေးရတာချင်းလည်း မတူဘူး၊ တချို့က လက်မှတ်ရှိပေမယ့် နယ်ကျော်လို့၊ အလုပ်ရှင် မတူလို့၊ စာအုပ်သက်တမ်းကုန်လို့၊ တချို့ကလည်း ဘာအထောက်အထား မှမရှိလို့ အဲဒီလို အမျိုးမျိုးပေါ့၊ အနည်းဆုံး ၅ ထောင်ကနေ ၁ သောင်းထိ ပေးခဲ့ရတယ်။ သူတို့မှာ ပိုက်ဆံလိုချင်လို့ အလုပ်သွားလျှောက်ပါတယ်ဆို၊ ထပ်တောင်ကုန်ခဲ့ရသေးတယ်။”

ဒီကိစ္စနဲ့ပတ်သက်ပြီး စက်ရုံနဲ့ ပုလိပ်ပေါင်းပြီး လုပ်စားကြသလားဆိုတာကို သံသယဖြစ်မိကြောင်း၊ အမှန်က အလုပ်လျှောက်လွှာကို နေ့ခင်းမှာသာ လက်ခံသင့်ပြီး တရားမဝင် အလုပ်သမားခန့်မယ်ဆိုရင် လူသိရှင်ကြားမဟုတ်ဘဲ နားလည်မှုနဲ့သာ လက်ခံကြကြောင်း၊ အဓိကမှာတော့ ရွှေ့ ပြောင်းအလုပ်သမားတွေကိုယ်တိုင်က အယုံမလွယ်ဖို့၊ ဖြစ်နိုင်ခြေရှိ၊ မရှိကို သေချာစုံစမ်းသင့်တယ်လို့ ဦးခိုင်ကြီးက ပြောသွားပါတယ်။ DVB

သာကေတတွင် သတင်းပေးဟုဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ (၆) ရပ်ကွက် အရှေ့ပိုင်း၊ ဝေဇယန္တာ (၁၀) လမ်း အနောက်တွင် နေထိုင်သည့် ပြောင်ကြီးဆိုသူ ယနေ့နံနက် ၁၁ နာရီ ၂၀ မိနစ် ဝန်းကျင်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။“အောင်သုခ (၁၉) လမ်းထိပ် စက်ဘီးပြင်ဆိုင်မှာ ပစ်ခံရတာ၊ ဘယ်နှစ်ချက်လဲ ဆိုတော့ လေးချက် ငါးချက်ရှိမယ်။

အပစ်လည်း ခံရပြီးရော ဆိုက်ကားနဲ့ ပြန်ပြေးသွားတယ်။ သူက အမှုပွဲစား လုပ်တယ်၊ နှစ်လုံး သုံးလုံး ရောင်းတယ်၊ သတင်းပေးတောင်မှ နှစ် ဖက်ချွန်တဲ့ လူမျိုးပါ။ နောက်ပြီး သူ့သားက ရဲဝန်ထမ်းပါ” ဟု ၎င်းနှင့် ပတ်သက်၍ ဒေသခံ တစ်ဦးက ပြောသည်။

ဒလန်ဟုဆိုသူ ပြောင်ကြီးသည် ပစ်ခတ်ခံရစဉ် စက်ဘီးပြင်ဆိုင် အတွင်း ပြေးဝင်ပြီး လူတစ်ဦးအား အကာအကွယ် ယူခဲ့သောကြောင့် ပြောက် ကျားရဲဘော်များ ဆက် လက် တိုက်ခိုက်ခြင်း မပြုသဖြင့် ပုခုံးနှင့် ဝမ်းဗိုက်တွင်သာ ဒဏ်ရာ ရရှိခဲ့ပြီး ရပ်ကွက် ဆရာဝန်ဖြင့် နေအိမ်တွင် ဆေး ကုသမှု ခံယူနေရာမှ စစ်ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း သေဆုံးမှု မရှိသေးကြောင်း ဒေသတွင်း သတင်းများ ဖော်ပြနေသော Tharkayta News ပြန်ကြားရေး တာဝန်ခံက အတည်ပြုသည်။အခင်းဖြစ်ပွားပြီးနောက် သာကေတ (၆) ရပ်ကွက် အရှေ့ပိုင်းတွင် ရဲကားများ လှည့်ပတ် သွားလာနေကြောင်း သိရသည်။mizzima

တီးတိန်မြို့နယ်၊ ကနေဒီတောင်စခန်းသို့ လေ ထီးဖြင့် ဆင်းသည့် စစ်ကောင်စီတပ်သား ၁၂ ဦးအနက် ၁ ဦး လေထီးမပွင့်ဘဲ ချောက်ထဲကျ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကနေဒီတောင်ရှိ စစ်ကောင်စီတပ်စခန်းသို့ လေထီးဖြင့် ဆင်းသက်သည့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂ ဦး အနက်မှ ၁ ဦးသည် လေထီးမပွင့်ဘဲ ချောက်ထဲကျသွားကြောင်း သတင်းရရှိသည်။

ကနေဒီတောင် တပ်ကင်းစခန်းကို ယနေ့ ဇန်နဝါရီလ ၁၉ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် စစ်ရဟတ်ယာဉ်မှတဆင့် လေထီးဖြင့် ဆင်းသက်ရာ စစ်သား ၁ ဦးမှာ လေထီးမပွင့်ဘဲ ချောက်ထဲကျသွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ‌PDF Zoland ထံမှ သိရှိရသည်။”ဟုတ်တယ်၊ အဲဒီသတင်းက ကွန်ဖမ်းတယ်၊ ရဟတ်ယာဉ်ပေါ်ကနေ လေထီးနဲ့ ဆင်းတာ ၁ ယောက် လေထီးမပွင့်ဘူး ဖြစ်တယ်၊ ပြီးတော့ အဲဒီနေရာမှာ လေလည်း အရမ်းကြမ်းနေတယ်” ဟု PDF Zoland တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

အဆိုပါ ကနေဒီတောင်ရှိစခန်းသည် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ ဝိုင်းထားခြင်းကို ခံနေရသည်မှာ ၃ လခန့်ရှိပြီဖြစ်ကြောင်း၊ တပ်စခန်းရှိ တပ်သားများအတွက် စားနပ်ရိက္ခာနှင့် သောက်ရေအခက်အခဲများဖြစ်နေကြောင်း၊ ယနေ့ လေထီးဖြင့် လာရောက်မှုမှာ ရိက္ခာရော၊ အင်အားပါ လာရောက်ဖြည့်တင်းသည် ဖြစ်နိုင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ ဒေသသတင်းရင်းမြစ် Zalen သို့ပြောသည်။

အဆိုပါ ကနေဒီတောင်သည် ကလေး-တီးတိန် ဆက်သွယ်ထားသည့် ကားလမ်းပေါ်တွင် တည်ရှိပြီး အမြင့်ပေ ၈၈၆၈ ပေ ရှိကာ တီးတိန်မြို့နှင့် အနီးတဝိုက်ဒေသများသို့ အပေါ်စီးမှ လှမ်းမြင်ရသည့် တောင်တစ်ခုဖြစ်ကြောင်း သိရှိရသည်။khit thit

စမ်းမြို့ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့၊ အိမ်ခြေ ၁၀၀ ကျော် မီးလောင်ဆုံးရှုံး

မကွေးတိုင်း ဂန့်ဂေါမြို့နယ် စမ်းမြို့ရွာကို ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၀၀ ကျော်လောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စမ်းမြို့ကျေးရွာကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့ အင်အား ၄၀ လောက်ဝင်ရောက်ပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို ညနေ ၃ နာရီခွဲလောက်ကစလို့ မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။

စမ်းမြို့ရွာမှာ အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ထဲက နေအိမ် ၁၄ လုံးပဲ ကျန်တော့တယ်။ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေပေါင်းပြီး မီးရှို့ဖျက် ဆီးခဲ့ကြတာ၊ နေအိမ်တွေက အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကိုလည်း ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

“သူတို့မီးရှို့တော့ အဝေးကနေပဲ လှမ်းကြည့်နေရတာ၊ ဘယ်သူမှလည်း သွားမငြိမ်းရဲကြဘူး။ စစ်ကောင်စီတပ်တွေက တစ်ရွာလုံးကုန်အောင် မီးရှို့မယ်လို့ ကြိမ်းဝါးပြီးမှ ရှို့သွားတာ။ အကြမ်းဖက်စစ်တပ်က ပြည်သူလူထုရဲ့ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်သလို စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စမ်းမြို့ရွာကို ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအင်အား ၁၅၀ လောက်က မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေ ဖမ်းဆီးနှိပ်စက်မှာကို ကြောက်ပြီးတော့ စမ်းမြို့ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်လောက်နဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာ ၆ ရွာက ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ အကူညီလိုအပ်နေတယ်လို့ သိရပါတယ်။

ပြည်သူလူထုရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ အမြဲတမ်းငြင်းဆိုနေကျ ဖြစ်ပါတယ်။DVB

မြိုင်တွင် `တစ်ပွင့်ကြွေရင် တစ်တောလုံးဝေမယ်၊ အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲမယ် ´ စာ တန်းကိုင်ကာ အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြ

khit thit

ဧရာဝတီတိုင်းတွင် နွေစပါးအတွက် ဓာတ်မြေ ဩဇာ လုံလောက်အောင်ရောင်းမပေ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်းက တောင်သူလယ်သမားတွေကို နွေစပါး စိုက်ပျိုးဖို့အတွက် ၁၀ ဧကကို ဓာတ် မြေဩဇာ ၂ အိတ်နှုန်းနဲ့ စစ်ကောင်စီက ရောင်းချပေးနေတယ်လို့ သိရပါတယ်။ 

တောင်သူလယ်သမားတွေအနေနဲ့ နွေစပါးအတွက် စိုက်ပျိုးလယ် ၁၀ ဧကကို ဓာတ်မြေဩဇာ ၂ အိတ်နှုန်း ရရှိဖို့အတွက် ငွေ ကျပ် ၃၅၀၀၀ ကြိုသွင်းရသလို ၁၀ ဧကထက်ကျော်တဲ့ တောင်သူတွေကိုလည်း ၂ အိတ်နှုန်းသာ ရောင်းချပေးတယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။ 

ငပုတောဒေသခံလယ်သမားတဦးက “အဲဒီနှစ်အိတ်ရဖို့ကို မြို့နယ်ရုံးမှာ ပိုက်ဆံအရင်သွင်းရတဲ့ မသွင်းတဲ့သူကတော့ မရဘူးပေါ့။ ရသလောက် လေးကို လုယူနေရတာ အပြင်မှာက ၃ ဆလောက် ဈေးကြီးတာကို လောက်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ခေတ်ဆိုတော့ ဘာမှပြောခွင့်မရဘူးလေ”လို့ ပြောပါတယ်။

စစ်ကောင်စီက ထုတ်ပေးတဲ့ ပုလဲဓါတ်မြေဩဇာ ၁ အိတ်ကို ၃၅၀၀၀ နှုန်းနဲ့ ဝယ်ယူရပြီး မလောက်ငလို့ အပြင်က ပြန်လည်ဝယ်ယူရတဲ့အခါ ၁ အိတ်ကို ကျပ် ၉ သောင်းနှုန်းထိ ပေါက်ဈေးရှိနေတာကြောင့် လောက်ငအောင် ဝယ်မသုံးနိုင်တဲ့ လယ်သမားတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ 

ဧရာဝတီတိုင်းက လယ်သမားတွေအနေနဲ့ စစ်ကောင်စီက ထုတ်ပေးတဲ့ ဓာတ်မြေဩဇာနဲ့ မလောက်ငသလို ဝယ်သုံးဖို့လည်း မတတ်နိုင်တာကြောင့် ထွက်နှုန်းကောင်းအောင်လုပ်ဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ DVB

MNDAA နှင့်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးပြီး ကျည်နှင့်လက်နက်များ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် စစ်ကောင်စီနှင့်MNDAA တို့အကြား ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးပြီး ကျည်နှင့်လက် နက်များ သိမ်းဆည်းမိကြောင်း ကိုးကန့်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ၊ ဇန်ဝါရီလ ၁၁ ရက်နေ့တွင် ၅ ဦး သေဆုံးခဲ့‌ပြီး ဇန်နဝါရီလ ၁၅ ရက်နေ့ တိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများရှိကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်များ ထွက်ပြေးသွားပြီး ယင်းနေရာများကို နယ်မြေရှင်းလင်းရာ ၅ ဒသမ ၅၆ ကျည် ၇၉၀ တောင့်၊ ကျည်ဘောက် (၄)ခု၊ လက်ပစ်ဗုံး(၅)လုံး၊ စကား ပြောစက်(၂) လုံး၊၊ဒီတိုနေတာ(၁)ခု၊ကျောပိုးအိတ်(၁)လုံး၊ခြင်းကြား(၁)လုံး သိမ်းဆည်းရမိကြောင်း ကိုးကန့်သတင်းရင်းမြစ်များက သတင်းဖော်ပြသည်။ khit thit

« Older Entries