Monthly Archives: Jan 2022

တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆ ဦးသေဆုံးဟု NUG ထုတ်ပြန်

ပြည်သူ့ခုခံတော်လှန်စစ်အတွင်း ဇန်နဝါရီ ၂၁ ရက် တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်လက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၄ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ် ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင် ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည် ဆောက် ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့ကတရက်တည်းမှာ မကွေးတိုင်းမှာ ၁ ကြိမ်၊ မန္တလေး တိုင်းမှာ ၂ ကြိမ်နဲ့ စစ်ကိုင်းတိုင်းမှာ ၁၁ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။ DVB

Updated News – မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ၊ ကားပေါ်မှ ဆင်းလာသောစစ်သားများ ထပ်မံမိုင်းဆွဲခံရပြီး အရာရှိ ၁ ဦးအပါအဝင်၂၀ ကျော် သေ ဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ တောင်ဘက်သို့ ဇန်နဝါရီလ ၂၀ ရက် ညနေ ၆ နာရီခန့်၌ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ချောင်းဦး PDF နှင့် မုံရွာ IGF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၂ စီး လုံး ရပ်တန့်သွားကာ၊ စစ်ကားပေါ်မှ ဆင်းလာသော စစ်သားများက ဘေးပတ်ဝန်းကျင်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်နေစဉ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ပြီး စစ်သား ၂၀ ကျော် သေဆုံးကြောင်း ချောင်းဦး PDF က သတင်းထုတ်ပြန်သည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ယနေ့နံနက်တွင်လည်း ဒေသကာကွယ်ရေး ၂ ဖွဲ့က ထုတ်ပြန်ထားခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိ ၁ ဦးအပါအ ဝင် ၂၀ ကျော် သေဆုံးကြောင်း ညနေတွင် ထပ်မံသတင်းထုတ်ပြန်သည်။ဒုတိယအကြိမ် ပဒေသာမိုင်းဆွဲတိုက်ခိုက်မှုကြောင့် ပစ်ခတ်သံများ ငြိမ်သက်သွားကြောင်း၊ မုံရွာဘက်မှ အိမ်စီးကား ၁၀ စီးဖြင့် သေဆုံးဒဏ်ရာရသူများအား လာရောက်တင်ဆောင်ကြောင်း၊ ကားလမ်းမပေါ်ရှိ အသားစများကို ဆေးကြောနေသည်မှာ ည ၁၂ နာရီထိ ကြာခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

ယင်းနောက် အရပ်သားကားများကို လူသားတံတိုင်းအဖြစ်အသုံးပြုကာ ပျက်စီးသွားသော စစ်ကား ၂ စီးကို ကြိုးဖြင့်ဆွဲသွားကြောင်း၊ စစ်ကောင်စီ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။ပြည်သူများအနေဖြင့် အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့အနီးတွင် သွားလာနေထိုင်ခြင်း လုံးဝ မပြုလုပ်ရန်နှင့် စစ်ကားများနှင့် အနီးကပ်မောင်းနှင်ခြင်းမပြုရန် ချောင်းဦး PDF နှင့် Immortal Gurrilla Force IGF-Monywa က အသိပေးထုတ်ပြန်ထားသည်။ khit thit

တော်လှန်ရေးရန်ပုံငွေအတွက် သရုပ်ဆောင်ပိုင်ဖြိုးသု ကိုယ်တိုင်ထိုး Crochet ၃ လုံး ကံစမ်းဝယ်ယူနိုင်

သရုပ်ဆောင် အကယ်ဒမီမင်းသမီး ပိုင်ဖြိုးသု ကိုယ်တိုင်ထိုးထားတဲ့ Crochet အိတ် ၃ လုံး ကို ကံစမ်းဝယ်ယူကြဖို့  ဖိတ်ခေါ်ထားပြီး ရရှိလာတဲ့ ရန်ပုံငွေတွေအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းအတွက်  ပါ ဝင် လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ ပိုင်ဖြိုးသု ကိုယ်တိုင်ထိုး Crochet အိတ် ၃ လုံးနဲ့ fundraising မှာ ပါဝင်ချင်တယ်ဆိုရင်တော့ ကံစမ်းမဲလက်မှတ်တစ်စောင်ကိုတော့ မြန်မာငွေကျပ် ၅၀၀၀၊ Cryptocurrency နဲ့ ဝယ် ယူလိုပါက တစ်စောင်ကို  3 USDT နဲ့ ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ လာမယ့် ဖေဖော်ဝါရီလမှာ ၁ နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကာ ဒီကာလအတွင်း ကိုဗစ်-၁၉ တတိယလှိုင်း ကို ပြည်သူလူထုတွေ အပြင်းအထန် ခံစားခဲ့ကြရပါတယ်။

အခုအချိန်မှာလည်း မြန်မာနိုင်ငံမှာ အိုမီခရွန်ပိုးတွေ့လူနာတွေ စတင်တွေ့ရှိပြီး များပြား လာနေခဲ့သလို လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ကာ ကွယ်ဆေး တစ်ကြိမ်မှ မထိုးရသေးတဲ့ ပြည် သူတွေလည်း များစွာကျန်ရှိနေတာကြောင့် နောက်ထပ် စတုတ္ထလှိုင်းနဲ့ ကြုံတွေ့မှာ စိုးရိမ် စရာဖြစ်နေပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ၂၀၂၁ နှစ်ကုန်မှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင် နှုန်း ကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မယ်လို့ ပြောထားပြီး လက်ရှိအချိန်ထိ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၂၁ သန်းခွဲကျော်ရှိခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ပြည်သူတွေကြားမှာတော့ စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးနှံသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါ တယ်။ DVB

စစ်ကောင်စီ ဒေါက်တိုင်အဖြစ် ကြေညာခံရပြီးနောက် စစ်ကိုင်း ကမ္ဘောဇဘဏ်ခွဲ ဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ကွက် ဈေးလမ်းမရှိ ကမ္ဘောဇဘဏ် စစ်ကိုင်းဘဏ်ခွဲ(၁)ကို ယနေ့ ဇန်နဝါရီလ ၂၂ရက်နေ့ ည ၆နာရီအချိန်မှာ ဗုံးခွဲတိုက်ခိုက်ကြောင်း ဒေသကာကွယ်ရေးတပ်များကို ကိုးကား၍ စစ်ကိုင်းသတင်းမှန်ပြန် ကြား ရေးက သတင်းထုတ်ပြန်သည်။ အဆိုပါ တိုက် ခိုက်မှုကို စစ်ကိုင်းမြို့နယ်မိုးကြိုးပျောက်ကြားတပ်ဖွဲ့က လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ဗုံး ၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၊ အထိ အခိုက်အပျက်အစီးကို မသိရှိရသေးကြောင်း သိရှိရသည်။

ကမ္ဘောဇဘဏ်သည် စစ်ကောင်စီနှင့်ပူးပေါင်း၍ ပြည်သူများ၏ ဘဏ်အကောင့်များကို ပိတ်ပင်ခြင်း၊ စစ်ကောင်စီ၏ ဒေါက်တိုင်အဖြစ် ရပ် တည်ခြင်းတို့ကြောင့် တိုက်ခိုက်မည်ဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန် ကြေညာပြီးနောက် တိုက်ခိုက်မှုများ စတင်လာခြင်းဖြစ်သည်။ khit thit

အင်းတော်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၁ ဦးသေ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ဇန်နဝါရီ ၂၁ ရက်က စစ်ကောင်စီတပ်ဖွဲ့တွေ လိုက်ပါလာတဲ့ ကား ၂ စီးကို ဒေသခံ IPDF နဲ့ KIA ပူးပေါင်းအဖွဲ့က  ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၁၁ ယောက်သေဆုံးပြီး ၂၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

မနေ့ညနေ ၆ နာရီခွဲလောက်က မော်လူးမြို့နဲ နန့်စီးအောင်ကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ကားတစ်စီး ချောက်ထဲကျခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ပွဲမှာ KIAနဲ့ IPDF ဘက်က ရဲဘော်တယောက် အသက်အန္တရာယ်မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အင်းတော်မြိုမှာ မနေ့ နေ့လယ်ပိုင်းကလည်း နဘားရွာကနေ ပင်ဝယ်ရွာဘက်ကို မီးရထားလမ်းအတိုင်းတက်လာတဲ့ စစ်ကောင်စီတပ် အင် အား ၃၀လောက်ကို  KIA နဲ့ IPDF တို့ ပူးပေါင်းတိုက်ခိုက်ရာမှာ  စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ အင်းတော်ပြည်သူ့ကာ ကွယ်ရေးတပ်က ပြောပါတယ်။ 

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်လို့  ကားသမားတယောက် သေဆုံးသွားပါတယ်။ 

ဒီနေ့ နေ့လယ် ၂ နာရီလောက်မှာတော့  နန့်စီးအောင်စုပေါင်းဂိတ်မှာ အမျိုးသား၂ ဦး တွဲစီးလာတဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်နဲ့ ရဲတွေ ပူးပေါင်းစစ်ဆေးနေပါတယ်။ DVB

စစ်တပ် လေယာဉ်ဆီ သယ်ယူရေး ကူညီရန် သဘောတူထားဆိုသည့် သတင်း RCSS ငြင်းဆို

စစ်ကောင်စီ၏ လေယာဉ်ဆီ သယ်ယူရေး ကူညီပေးရန် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/ SSA) က သဘောတူထားသည် ဆိုသော သတင်းသည် အခြေအမြစ် မရှိသည့် သတင်းရင်းမြစ်ကို အခြေခံထားသော သတင်းသာ ဖြစ်သည်ဟု RCSS က ထုတ်ပြန်ပြောဆို သည်။

အဆိုပါ သတင်းသည် မဟုတ်မှန်ဘဲ ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်း RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက ပြော သည်။” ကျွန်တော်တို့ မလုပ်ပါဘူးဗျ။ အခြေအမြစ် မရှိတဲ့ သတင်းတွေပါ။ ဒီဟာက RCSS ကို အဖွဲ့အစည်း တစ်ခု ဒါမှမဟုတ် လူပုဂ္ဂိုလ် တစ် စုံတစ်ယောက်က ရည်ရွယ်ချက် ရှိရှိနဲ့ ဝါဒဖြန့်တယ်လို့ ယူဆ ရပါတယ် ” ဟု ၎င်းက ပြောသည်။

RCSS အနေဖြင့် စစ်ကောင်စီ၏လေ ယာဉ်ဆီများ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မှတစ်ဆင့် တောင်ကြီးသို့အရောက် ကူညီပေးရန် ဒီဇင်ဘာ လတွင် သဘောတူထားသည် ဆိုသော သ တင်းကို RCSS နှင့် နီးစပ်သည်ဆိုသော သတင်းရင်းမြစ်တစ်ခုကိုကိုးကားကာ Myanmar Now သ တင်းဌာနက ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဖော်ပြခဲ့ရာ လူမှုကွန်ရက်တွင် ပျံ့နှံ့ ခဲ့သည်။အဆိုပါ သတင်းနှင့် ပတ်သတ်၍ RCSS ဗဟို ဌာနချုပ်က Myanmar now သတင်းဌာနကို သတင်းမှား ဖြန့်ဝေမှုအတွက်ဟု ဆိုကာ ပြန်လည်တောင်းပန်ရန် အိတ်ဖွင့်ပေးစာကို ယနေ့ ဇန်န ဝါရီလ ၂၂ ရက်နေ့တွင် ပေးပို့သည်။

ယခုကဲ့သို့ RCSS ဗဟို ဌာနချုပ်ဘက်က Myanmar now ကို ပြန်လည် ဖြေရှင်းရန် ပြောဆိုမှုနှင့် ပတ် သက်၍ မဇ္ဈိမ သတင်းဌာနက မြန်မာနောင်းမ် သတင်းဌာနသို့ တရားဝင် ဆက်သွယ်ရသည့် အီးမေလ်မှ တစ်ဆင့် ဆက်သွယ်ပေးပို့ မေးမြန်းထားသော်လည်း လက်ရှိ သတင်းရေး သား ဖော်ပြသော အချိန်အထိ အကြောင်း တစ်စုံတစ်ရာ ပြန်လည် မှတ်ချက်ပေးခြင်း မရှိပေ။‘’ စစ်ကောင်စီအတွက် လေယာဉ်ဆီ သယ်ပေးရန် RCSS သဘောတူထားဟုဆို “ ဆိုသည့် သတင်းကိုလည်း ယခု သတင်းဖော်ပြသည့် မြန်မာစံတော်ချိန် ည ၈ နာရီ မိနစ် ၃၀ ကျော် အထိ Myanmar Now သတင်းဌာန ဝက်ဆိုက် စာမျက်နှာတွင် ဖော်ပြထားဆဲ ဖြစ်သည်။ mizzima

ချင်းတွင်းမြစ်အတွင်း စစ်ရေယာဉ်အုပ်စုကို PDF က ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံ-မင်းဒေါင့်ဆိပ်ကမ်းကနေ ဇန်နဝါရီ ၂၂ ရက် မနက်က ချင်းတွင်းမြစ်အထက်ပိုင်းကို ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ရေယာဉ်တွေကို  နေရာစုံကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူကာကွယ်ရေးအဖွဲ့ထံက  သိရပါတယ်။

အဆိုပါ စစ်ကောင်စီမော်တော်အုပ်စုမှာ  ကုန်တင်ရေယာဉ် ၆ စီးနဲ့ လူစီးအမြန်ရေယာဥ် ၂ စီးတို့ ပါဝင်ပြီး စုစုပေါင်း ၈ စီးရှိတယ်လို့ သိရပါတယ်။

အဲဒီ စစ်ရေယာဥ်အုပ်စုကို ဒေသခံ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ချင်းတွင်းမြစ်ကမ်းဘေးအရှေ့ဘက်၊ အနောက်ဘက်ကနေ ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

ကနီမြို့နယ်ဒေသခံပကဖအဖွဲ့နဲ့ ဒေါင်းနီပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး နောက်ထပ်တစ်နေရာကနေ ထပ်မံ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ဖလက်ခွန်တစ်စီး မီးစွဲလောင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ရေယာဉ် အုပ်စုကလည်း ချင်းတွင်းမြစ်ကမ်းဝဲယာရှိ ကျေးရွာတွေကို  တရစပ် လက်နက်ကြီးငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။  ကနီမြို့နယ် မုဌောအရှေ့ရွာအရောက်မှာ ကမ်းကပ်ရပ်နားကာ မုဌောကျေးရွာ ရေလုပ်ငန်းအများစု နေထိုင်ရာ နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အခုလိုစစ်ကောင်စီတပ်တွေ ကျေးရွာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဒေသခံ ရွာသား ၇၀၀ ကျော်ဘေးလွတ်ရာကို ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။ DVB

အခက်ခဲများကြားမှ YDF-ထီးလင်း အခြေခံစစ်ပညာသင်တန်းဆင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ အခက်ခဲတွေကြားထဲကနေ အခြေခံစစ်ပညာသင်တန်း အမှတ်စဥ်(၃)ဆင်းပွဲကို ကျင်းပနိုင်ခဲ့တယ်လို့ YDF ထီးလင်းက ဇန်နဝါရီ  ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

YDF-ထီးလင်းရဲ့ အခြေခံစစ်ပညာသင်တန်းကို ဇန်နဝါရီ ၁၉ ရက်မှာ အမျိုးသား ၁၇၀ အမျိုးသမီး ၃၀ နဲ့ သင်တန်းဆင်းပွဲပြုလုပ်ပေးခဲ့တာဖြစ်ပြီး သင်တန်းဆင်းပွဲကို စစ်ကြောင်းပုံနဲ့ ပြုလုပ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ယောဒေသကို စစ်ကောင်စီတပ်တွေက အဆက်မပြတ် စစ်ကြောင်းထိုးနေတဲ့ကြားကနေ ခက်ခက်ခဲခဲ သင်တန်းပို့ချရတာလို့ YDF-ထီးလင်းရဲ့ ခေါင်းဆောင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဆီမှာ လူငယ်တွေက စစ်ပညာသင်ရတာကို အရင်တုန်းကထက်ပိုပြီး စိတ်ဝင်စားမှုရှိလာတယ်။ လစာယူဖို့ သင်တန်းလာတက်တာမဟုတ်ဘဲ စစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လာတက်ကြတာဖြစ်လို့ နှစ်လလောက်သင်ရမယ့် သင်ခန်းစာတွေကို တစ်လတည်းနဲ့တတ်မြောက်တယ်။ ကျနော်တို့ဆီမှာ သင်တန်းတက်ဖို့ နောက်ထပ်စာရင်းသွင်းထားတဲ့ သူတွေလည်း အများကြီးကျန်သေးတယ်”လို့ YDF-ထီးလင်းရဲ့ ခေါင်းဆောင်က  ပြောပါတယ်။

သင်တန်းဆင်းပြီးတဲ့ လူငယ်တွေကို နောက်ထပ်မွမ်းမံသင်တန်းတွေထပ်ပို့ချမှာဖြစ်ပြီး လေ့ကျင့်ရင်းနဲ့တိုက်၊ တိုက်ရင်းနဲ့ လေ့ကျင့်ဆိုတဲ့ စနစ်နဲ့ စစ်အာဏာရှင်ကို တိုက်ထုတ်သွားမယ်လို့ ဆိုပါတယ်။

YDF-ထီးလင်းရဲ့ ခေါင်းဆောင်က  “ကျနော်တို့ ယောဒေသဆိုတာကလည်း ချင်းပြည်နယ်ရဲ့ ခြံစည်းရိုးဖြစ်သလို ချင်းပြည်နယ်ကို စစ်ကြောင်းထိုးမယ်ဆိုရင် ယောဒေသကို ဖြတ်ပြီးတော့မှာ သွားလို့ ရမှာဖြစ်တယ်။ ဒါကြောင့်မို့ ယောဒေသအတွင်းက ကျေးရွာတွေကို ဝင်ရောက်ပြီး ပြည်သူတွေကိုအကြမ်းဖက် ဖမ်းဆီသတ်ဖြတ်ပြီးကျေးရွာတွေကို မီးရှို့ ဖျက်ဆီးခဲ့ကြတာ။ စစ်ကောင်စီတပ်တွေက အကြမ်းဖက်မီးရှို့တာဟာ သူတို့အာဏာတည်မြဲဖို့ ပြည်သူတွေအကြောက်တရားဖြစ်အောင် လုပ်တာပဲ။ ပြည်သူလူထုအနေနဲ့ PDF တွေဘက်ကို မရပ်တည်ရဲအောင် သ တင်းမပေးရဲအောင် လုပ်တဲ့သဘောပဲ”လို့  ပြောပါတယ်။

မြန်မာနိုင်ငံ ဒေသအနှံ့ မြို့နယ်အသီးသီးမှာ အာဏာသိမ်းစစ်ကောင်စီကို အမြစ်ပြတ်တော်လှန်တိုက်ထုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လူ ငယ်အများစုဟာ PDF တပ်ဖွဲ့တွေထဲကို ဝင်ရောက် စစ်သင်တန်းတက်ရောက်ကြပြီး နောက်ထပ်လည်း သင်တန်းတက်ရောက်ဖို့ စာရင်းသွင်းထားတဲ့ လူငယ်တွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။ DVB

သာကေတမြို့နယ် ဘောလုံးကွင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ မြင်တော်သာ လမ်းပေါ်ရှိ၊ နယ်မြေရုံး မှတ်တိုင်အနီး ဘောလုံးကွင်း အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်အား ယနေ့ ဇန်နဝါရီလ ၂၂ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။”သူတို့ တပ်စွဲထားတာ တော်တော်တော့ ကြာပြီ။ အင်အားလည်း များတယ်။ လက်ပစ်ဗုံး ပစ်ထည့်ခဲ့တာ၊ လူလည်း အနားမှာရှိတော့ လူပါထိနိုင်တယ်” ဟု တိုက်ခိုက်ခဲ့သည့် Burma Final Revolution Armed Force အဖွဲ့က ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ထိခိုက်မှုရှိနိုင်ပြီး ကားနှစ်စီး ပျက်စီးခဲ့ကြောင်း ဆိုသည်။”အသံအကျယ်ကြီး ကြားလိုက်တယ်၊ နား နားမှာ ကပ်ပြီး ပေါက်သွားသလိုကို ကျယ်တာ။ ဘယ်နေရာမှာ ပေါက်တာလဲတော့ မသိဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။ပေါက်ကွဲမှုကြောင့် ယနေ့ ည ၈ နာရီခန့်အထိ ယင်းနေရာ တစ်ဝိုက်တွင် စစ်ကောင်စီတပ်များ လမ်းပိတ် စစ်ဆေးမှု ပြုလုပ်နေကြာင်း သိရသည်။

ဇန်နဝါရီလ ၆ ရက်နေ့ကလည်း သာကေတမြို့နယ်၊ မြင်တော်သာ လမ်းပေါ်ရှိ လျှပ်စစ်ရုံးအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ သေးသည်။ mizzima

« Older Entries