စစ်တပ် လေယာဉ်ဆီ သယ်ယူရေး ကူညီရန် သဘောတူထားဆိုသည့် သတင်း RCSS ငြင်းဆို

စစ်ကောင်စီ၏ လေယာဉ်ဆီ သယ်ယူရေး ကူညီပေးရန် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/ SSA) က သဘောတူထားသည် ဆိုသော သတင်းသည် အခြေအမြစ် မရှိသည့် သတင်းရင်းမြစ်ကို အခြေခံထားသော သတင်းသာ ဖြစ်သည်ဟု RCSS က ထုတ်ပြန်ပြောဆို သည်။
အဆိုပါ သတင်းသည် မဟုတ်မှန်ဘဲ ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်း RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက ပြော သည်။” ကျွန်တော်တို့ မလုပ်ပါဘူးဗျ။ အခြေအမြစ် မရှိတဲ့ သတင်းတွေပါ။ ဒီဟာက RCSS ကို အဖွဲ့အစည်း တစ်ခု ဒါမှမဟုတ် လူပုဂ္ဂိုလ် တစ် စုံတစ်ယောက်က ရည်ရွယ်ချက် ရှိရှိနဲ့ ဝါဒဖြန့်တယ်လို့ ယူဆ ရပါတယ် ” ဟု ၎င်းက ပြောသည်။
RCSS အနေဖြင့် စစ်ကောင်စီ၏လေ ယာဉ်ဆီများ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မှတစ်ဆင့် တောင်ကြီးသို့အရောက် ကူညီပေးရန် ဒီဇင်ဘာ လတွင် သဘောတူထားသည် ဆိုသော သ တင်းကို RCSS နှင့် နီးစပ်သည်ဆိုသော သတင်းရင်းမြစ်တစ်ခုကိုကိုးကားကာ Myanmar Now သ တင်းဌာနက ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဖော်ပြခဲ့ရာ လူမှုကွန်ရက်တွင် ပျံ့နှံ့ ခဲ့သည်။အဆိုပါ သတင်းနှင့် ပတ်သတ်၍ RCSS ဗဟို ဌာနချုပ်က Myanmar now သတင်းဌာနကို သတင်းမှား ဖြန့်ဝေမှုအတွက်ဟု ဆိုကာ ပြန်လည်တောင်းပန်ရန် အိတ်ဖွင့်ပေးစာကို ယနေ့ ဇန်န ဝါရီလ ၂၂ ရက်နေ့တွင် ပေးပို့သည်။
ယခုကဲ့သို့ RCSS ဗဟို ဌာနချုပ်ဘက်က Myanmar now ကို ပြန်လည် ဖြေရှင်းရန် ပြောဆိုမှုနှင့် ပတ် သက်၍ မဇ္ဈိမ သတင်းဌာနက မြန်မာနောင်းမ် သတင်းဌာနသို့ တရားဝင် ဆက်သွယ်ရသည့် အီးမေလ်မှ တစ်ဆင့် ဆက်သွယ်ပေးပို့ မေးမြန်းထားသော်လည်း လက်ရှိ သတင်းရေး သား ဖော်ပြသော အချိန်အထိ အကြောင်း တစ်စုံတစ်ရာ ပြန်လည် မှတ်ချက်ပေးခြင်း မရှိပေ။‘’ စစ်ကောင်စီအတွက် လေယာဉ်ဆီ သယ်ပေးရန် RCSS သဘောတူထားဟုဆို “ ဆိုသည့် သတင်းကိုလည်း ယခု သတင်းဖော်ပြသည့် မြန်မာစံတော်ချိန် ည ၈ နာရီ မိနစ် ၃၀ ကျော် အထိ Myanmar Now သတင်းဌာန ဝက်ဆိုက် စာမျက်နှာတွင် ဖော်ပြထားဆဲ ဖြစ်သည်။ mizzima