တော်လှန်ရေးရန်ပုံငွေအတွက် သရုပ်ဆောင်ပိုင်ဖြိုးသု ကိုယ်တိုင်ထိုး Crochet ၃ လုံး ကံစမ်းဝယ်ယူနိုင်

သရုပ်ဆောင် အကယ်ဒမီမင်းသမီး ပိုင်ဖြိုးသု ကိုယ်တိုင်ထိုးထားတဲ့ Crochet အိတ် ၃ လုံး ကို ကံစမ်းဝယ်ယူကြဖို့  ဖိတ်ခေါ်ထားပြီး ရရှိလာတဲ့ ရန်ပုံငွေတွေအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းအတွက်  ပါ ဝင် လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ ပိုင်ဖြိုးသု ကိုယ်တိုင်ထိုး Crochet အိတ် ၃ လုံးနဲ့ fundraising မှာ ပါဝင်ချင်တယ်ဆိုရင်တော့ ကံစမ်းမဲလက်မှတ်တစ်စောင်ကိုတော့ မြန်မာငွေကျပ် ၅၀၀၀၊ Cryptocurrency နဲ့ ဝယ် ယူလိုပါက တစ်စောင်ကို  3 USDT နဲ့ ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ လာမယ့် ဖေဖော်ဝါရီလမှာ ၁ နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကာ ဒီကာလအတွင်း ကိုဗစ်-၁၉ တတိယလှိုင်း ကို ပြည်သူလူထုတွေ အပြင်းအထန် ခံစားခဲ့ကြရပါတယ်။

အခုအချိန်မှာလည်း မြန်မာနိုင်ငံမှာ အိုမီခရွန်ပိုးတွေ့လူနာတွေ စတင်တွေ့ရှိပြီး များပြား လာနေခဲ့သလို လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ကာ ကွယ်ဆေး တစ်ကြိမ်မှ မထိုးရသေးတဲ့ ပြည် သူတွေလည်း များစွာကျန်ရှိနေတာကြောင့် နောက်ထပ် စတုတ္ထလှိုင်းနဲ့ ကြုံတွေ့မှာ စိုးရိမ် စရာဖြစ်နေပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ၂၀၂၁ နှစ်ကုန်မှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင် နှုန်း ကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မယ်လို့ ပြောထားပြီး လက်ရှိအချိန်ထိ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၂၁ သန်းခွဲကျော်ရှိခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ပြည်သူတွေကြားမှာတော့ စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးနှံသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါ တယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s