မင်းအောင်လှိုင် မြောက်ကိုရီးယားပုံစံ အလေး ပြုခံမည်၊ သိန်း ၉ သောင်း ဘတ် ဂျက်လျာ ထားပြီး လိုသလောက်သုံးစွဲခွင့်ပြု၊ ဝန်ကြီးဌာနတစ်ခုလျှင် ဝန်ထမ်း ၁၀၀ ကျော်ကို စစ် ကြောင်းပုံစံ ချီတက် အလေးပြုရန် စစ်တပ်က သင်တန်းပေး၊ မင်းအောင်လှိုင် “အာဏာရူး” နေဟု စစ်တပ်အသိုင်းအ၀ိုင်းပြော


အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျရောက်မည့် ၇၅ နှစ် မြောက် စိန်ရတုနှစ်ပတ်လည် ပြည်ထောင်စုနေ့ အခမ်းအနားတွင် မြောက်ကိုရီးယားပုံစံ အလေးပြုခံမည်ဖြစ်ကြောင်း နေပြည်တော်စစ်တပ်အသိုင်းအ၀ိုင်းနှင့်ဝန်ထမ်းအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။
ဝန်ကြီးဌာန တစ်ခုလျှင် ဝန်ထမ်း ၁၀၀ ကျော် စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြုရမည်
==================================================================
အကြမ်းဖက် ဖက်ဆစ်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်ကြောင်းပုံစံဖြင့် ချီတက် အလေးပြုရန် ဝန်ကြီးဌာနတစ်ခုလျှင် ဝန်ထမ်း ၁၀၀ ကျော် အင်အား တောင်းခံပြီး ဇန်နဝါရီလ ၂၁ ရက်နေ့တွင် စစ်တပ်က စစ်ရေးလေ့ကျင့်သည့် သင်တန်းများ စတင်ပေးကြောင်း နေပြည်တော်ဝန်ထမ်းများက ပြောဆိုသည်။ “မအလ ကိုအလေးပြုဖို့ ဝန်ကြီးဌာန တစ်ခုလျှင် ဝန်ထမ်းတစ်ရာကျော် လူအင်အားတောင်းပါတယ်။
ပြည်ထောင်စုနေ့ ဗိုလ်ရှုခံ အခမ်းအနား လုပ်မယ်။ အဲဒီမှာ မင်းအောင်လှိုင်က သူ့ကို ဝန်ထမ်းတွေက အလေးပြုရမယ်။ ဝန်ကြီး ဌာန တစ်ခုကို Non CDM ဝန်ထမ်း (မိန်းမ /ယောက်ကျား )ပေါင်း၁၀၀ကျော် တောင်းတယ်။ အလေးပြုရမယ့် ဝန်ထမ်းတွေကို စစ်တပ်က လာရောက် နည်းပြပေးနေတယ်။ အခု ဘယ် ညာ လျှောက် လေ့ကျင့်ပေးတယ်” ဟု နေပြည် တော်ဝန်ထမ်းအသိုင်းအ၀ိုင်းက ပြောသည်။
အလားတူ နေပြည် တော် ဝန်ကြီးဌာနမှ အရာရှိတစ်ဦးကလည်း မင်းအောင်လှိုင်ကို အလေးပြုရမည့် စစ်ကြောင်းပုံစံ လေ့ကျင့်မှုအတွက် စစ် တပ်က လုံခြုံရေးတင်းကျပ် လေ့ကျင့်ပေးနေသည်ဟု ပြောဆိုသည်။ “နပတ က ဝကဌာနတစ်ခုစီတိုင်းကအင်အားအနည်းဆုံး ၁၀၀ခန့်မှစပြီးထုတ် နုတ်ပေးရပါတယ်။ သူတို့ကို စစ်တပ်က ဘယ်ညာလျှောက်လာသင်ပါတယ်။ အဲဒီသင်တန်းများကိုဖုန်း ကင်မရာလုံးဝမယူရ၊ မရိုက်ရပါတဲ့။ ဖေဖော်ရီလ၁၂ ရက်နေ့အတွက်ချီတက်ကြဖို့လို့ပြောပါတယ်။
သူ့ကိုထောက်ခံသူတွေချီတက် တက်ရောက်ကြပါသည်ပေါ့ပုံစံမျိုးချိုးချင်တာပါ။ ဘယ်ညာအမောင်းခံဝန်ထမ်းတွေမကျေနပ်တဲ့လေသံများကြားရပါတယ်” ဟု ၎င်းက ဆိုသည်။ မင်းအောင်လှိုင်က ၎င်းကို မြောက်ကိုရီးယားပုံစံ သောင်းသောင်းဖျဖျ ကြိုဆို အလေးပြု မှု ခံယူလိုကြောင်း၊ စိန်ရတုနှစ်ပတ်လည် ပြည်ထောင်စုနေ့ အခမ်း အနားဖြစ်၍ ခမ်းခမ်းနားနား ကျင်းပရန် အမိန့် ပေး ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။ ” သူ အာဏာရူး သွားပြီ။ သူက အကြွင်းမဲ့ အာဏာရှိတယ်ဆိုတာကို ပြချင်တာလို့ သုံးသပ်လို့ရတယ်။ တကယ့်ကို အာဏာရူးသွားပြီ” ဟု နေပြည်တော်စစ် တပ် အသိုင်းအ၀ိုင်းက ပြောသည်။
သိန်း ၉ သောင်းကျော် ဘတ်ဂျက်လျာထားပြီး လိုသလောက် သုံးခွင့်ပြု
===========================================
မင်းအောင်လှိုင်က ၎င်းကို မြောက်ကိုရီးယားပုံစံ ချီတက် အလေးပြုရန်အတွက် ဘတ်ဂျက်ကို သိန်း ၉ သောင်းကျော် ဘတ်ဂျက်လျာထားပြီး ထိုထက် ပိုမို၍ သုံးစွဲလိုပါကလည်း ခွင့်ပြုထားကြောင်း သိရှိရသည်။ ကားများအလှဆင်ရန် သိန်း ၃ သောင်းကျော်၊ အလေးပြုခံ အဆောက် အအုံနှင့်အခမ်းအနားများအတွက် သိန်း ၆ သောင်းကျော် စုစုပေါင်း သိန်း ၉ သောင်းကျော် သုံးစွဲမည်ဖြစ်ပြီး ထိုထက်လည်း ပို၍ သုံးစွဲခွင့်ပြု ကြောင်း၊ အဆိုပါ ပြင် ဆင်မှုများအတွက် စစ်တပ်အင်ဂျင်နီယာတပ်ရင်းနှင့် စစ်တပ်ကုမ္ပဏီတချို့ကို လုပ်ခွင့် ပြုလိုက်ကြောင်း သိရှိရသည်။
နေပြည်တော်ဥပ္ပါတသန္တိဘုရားကွင်းတွင် ပြည်ထောင်စုနေ့အတွက် တိုင်းနှင့်ပြည်နယ်ကိုယ်စားပြုအလှဆင်ကားများနှင့် အလှပြယာဉ်များကို ပြည်သူ့ ငွေများဖြင့် စတင်အလှဆင်နေကြောင်း ၊ အလှပြယာဉ်နှင့်ကားတိုင်းတွင် CCTV များ တပ်ဆင်ထားကြောင်း သိရှိရသည်။”ကားတွေကို သိန်း၃သောင်း အကုန်ကျခံပြီး အလှပြဖို့ စီစဉ်နေတာပါ။
ပြည်ထောင်စု နေ့အတွက်ပါ။ ဘုရားကွင်းထဲက တောင်ကုန်းပေါ်မှာ ကွပ်ကွဲရေး ရုံး ရှိပါတယ်။ ဝင်းတွင်းမှာ CCTV Drone ၃လုံးနဲ့ CCTV ၄ လုံး တပ်ဆင်ထားပါတယ်။ ဝင်ပေါက်မှာ လုံခြုံရေးတင်းကျပ်ထားပါတယ်” ဟု နေပြည်တော်သတင်းရင်းမြစ်က ပြော သည်။ ထို့ပြင် အလေးပြုခံမည့်အဆောက်အအုံကို နေပြည်တော်ရှိ (လမ်း၂၀ သွား) နေရာ တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ khit thit