Updated News – မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ၊ ကားပေါ်မှ ဆင်းလာသောစစ်သားများ ထပ်မံမိုင်းဆွဲခံရပြီး အရာရှိ ၁ ဦးအပါအဝင်၂၀ ကျော် သေ ဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ တောင်ဘက်သို့ ဇန်နဝါရီလ ၂၀ ရက် ညနေ ၆ နာရီခန့်၌ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ချောင်းဦး PDF နှင့် မုံရွာ IGF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၂ စီး လုံး ရပ်တန့်သွားကာ၊ စစ်ကားပေါ်မှ ဆင်းလာသော စစ်သားများက ဘေးပတ်ဝန်းကျင်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်နေစဉ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ပြီး စစ်သား ၂၀ ကျော် သေဆုံးကြောင်း ချောင်းဦး PDF က သတင်းထုတ်ပြန်သည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ယနေ့နံနက်တွင်လည်း ဒေသကာကွယ်ရေး ၂ ဖွဲ့က ထုတ်ပြန်ထားခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိ ၁ ဦးအပါအ ဝင် ၂၀ ကျော် သေဆုံးကြောင်း ညနေတွင် ထပ်မံသတင်းထုတ်ပြန်သည်။ဒုတိယအကြိမ် ပဒေသာမိုင်းဆွဲတိုက်ခိုက်မှုကြောင့် ပစ်ခတ်သံများ ငြိမ်သက်သွားကြောင်း၊ မုံရွာဘက်မှ အိမ်စီးကား ၁၀ စီးဖြင့် သေဆုံးဒဏ်ရာရသူများအား လာရောက်တင်ဆောင်ကြောင်း၊ ကားလမ်းမပေါ်ရှိ အသားစများကို ဆေးကြောနေသည်မှာ ည ၁၂ နာရီထိ ကြာခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

ယင်းနောက် အရပ်သားကားများကို လူသားတံတိုင်းအဖြစ်အသုံးပြုကာ ပျက်စီးသွားသော စစ်ကား ၂ စီးကို ကြိုးဖြင့်ဆွဲသွားကြောင်း၊ စစ်ကောင်စီ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။ပြည်သူများအနေဖြင့် အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့အနီးတွင် သွားလာနေထိုင်ခြင်း လုံးဝ မပြုလုပ်ရန်နှင့် စစ်ကားများနှင့် အနီးကပ်မောင်းနှင်ခြင်းမပြုရန် ချောင်းဦး PDF နှင့် Immortal Gurrilla Force IGF-Monywa က အသိပေးထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s