CDF-ကန်ပက်လက် အမည်ခံ၍ လုပ်ငန်းရှင်များထံ ငွေကြေးတောင်းခံမှုများရှိနေ

ချင်းပြည်နယ်၊ ကန်ပက်လက် မြို့နယ်အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဟိုတယ် လုပ်ငန်းရှင်များကို CDF-ကန်ပက်လက် အမည်ဖြင့် ခြိမ်းခြောက်ကာ ငွေကြေး ကောက်ခံမှုများ ရှိနေကြောင်း လုပ်ငန်းရှင်တစ်ဦး ထံက သိရသည်။ ”ကျွန်တော်တို့ဆီကို ဖုန်းဆက်ပြီး ဆက်သွယ်လာတယ်။
သိန်း ၁၀၀ တောင် တောင်းတယ်။ တချို့ လုပ်ငန်းရှင်တွေဆီမှာ ဆိုရင် သိန်း ၁၀၀ အပြင် ဆန်အိတ်တွေကိုပါ တောင်းတယ်။ မပေးရင် အ သက် အန္တရာယ်တောင် ရှိတဲ့ပုံမျိုးတွေနဲ့ ခြိမ်းခြောက်စာတွေလည်း ပို့လာတယ် ”ဟု လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
အဆိုပါ လုပ်ငန်းရှင်သည် ၎င်းထံသို့ ပေးပို့ထားသည့် ငွေကြေးတောင်းခံစာနှင့် ခြိမ်းခြောက်စာကို ယခု ဇန်နဝါရီ လဆန်းပိုင်းတွင် ရရှိထားခြင်း ဖြစ်ပြီး ကန်ပက် လက် မြို့နယ်အတွင်းရှိ ကန်ထရိုက်တာများ၊ ဟိုတယ် လုပ်ငန်းရှင်များနှင့် အခြား စီးပွားရေး လုပ်ငန်းရှင်များ ထံမှလည်း ငွေကျပ် သိန်းတစ်ရာနှင့် ဆန်အိတ် ၁၀၀ မှ ၃၀၀ ကြား အထိ တောင်းသည်ဟု ဆိုသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-ကန်ပက်လက်ကို တရား ဝင် တပ်ရင်း ခုနစ်ခုဖြင့် ဖွဲ့စည်းထားရှိပြီး အဆိုပါ တရားဝင် တပ်ရင်း ခုနစ်ခုမှ လွဲ၍ အခြားသော CDF-ကန်ပက်လက် တပ်ရင်း အမည်ဖြင့် အလှူငွေ ကောက်ခံခြင်းများ ရှိပါက CDF-ကန်ပက်လက် ဌာနချုပ်နှင့် သက်ဆိုင်မှု မရှိကြောင်း နှင့် လက်ခံမည် မဟုတ်ကြောင်း CDF-ကန်ပက်လက်က ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ mizzima