စစ်ကောင်စီတပ်များ နိုင်ငံတစ်ဝန်း မိုင်းဆွဲ တိုက်ခိုက်ခံရ၊ စစ်ကိုင်းနှင့်မကွေး တိုင်းတို့တွင် စစ်သား ၉ ဦးသေဆုံး‌ပြီး လက်နက်များ သိမ်း ဆည်းရမိ

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက် စစ်ကောင်စီတပ်များသည် နိုင်ငံတစ်ဝန်းမိုင်းဆွဲတိုက်ခိုက်ခံနေရပြီး သေဆုံးမှုများပြားနေကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန် ကုန်ကြီးကွေ့အနီးတွင် စစ်ကောင်စီတပ်ကို ဖောင်းဒိုင်းအဖွဲ့က ရှေ့ထွက် မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၁၂ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ကျေးရွာများကို ဖျက်ဆီး၍ ပြန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုက ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း၊ အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကို 11 BrothersRevolutionForces က ဦးဆောင်၍​ ​ မြောင်မြို့နယ်T.G.Rပြည်သူ့ကာကွယ်ရေးတပ်(TGR)နှင့် 27 RevolutionForces (မြင်းခြံ) မဟာမိတ်တပ်ပေါင်းစုမှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၂၄ ရက်နေ့ ည ၈ နာရီတွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ် အစပ် ၀သုန္ဒရကျေးရွာအနီး နှောပင်မောင်နှမ နတ်နန်းနားတွင် စစ်ကား ၂ စီး မိုင်းဆွဲခံရကြောင်း၊ ပစ်ခတ်သံများလည်းကြားရကြောင်း ဒေသခံများထံမှ သိရှိရသည်။ “မနေ့ညက မတ္တရာနဲ့ ပုသိမ်ကြီးအစပ် နှောပင်မောင်နှမ နတ်နန်းနားမှာ ခွေးကား၂စီး မိုင်းဆွဲခံရတယ်။ ၈ နာရီခွဲလောက်အချိန်။ အဲဒါ ၄ မိုင်အကွာလောက်က ကို ကြားရတယ်။ ပစ်ခတ်သံတွေလည်းကြားရတယ်။ ကားတစ်စီးတော့ ထိသွားတယ်။ အသေအပျောက်ရှိနိုင်တယ်။ ညဘက်ဆိုတော့ ကျနော်တို့လည်း ထွက်မကြည့်နိုင်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ စစ်ကိုင်းတိုင်းထီးချိုင့်မြို့နယ်တွင် ယမန်နေ့ညပိုင်း စစ်ကောင်စီတပ်ယာဉ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၊ စစ်ကောင်စီတပ် သားများ အသေအပျောက်ရှိနိုင်ကြောင်း၊ ယမန်နေ့ဇန်နဝါရီ ၂၄ရက် ည ၇နာရီ ၂၀မိနစ်ခန့်တွင် စစ်ကောင်စီတပ်၏ ကင်းလှည့်ယာဉ်ကို မြထောင်လမ်းဆုံအနီးတွင် Fire Dragon-HPDF မှ မိုင်း ၅ လုံးတစ်ပြိုင်တည်းခွဲတိုက်ခိုက်ကြောင်း၊ မိုင်းမိတဲ့နေရာတွင် ကားထိုးရပ်သွားပြီးရမ်းသန်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ စေတုတ္တရာမြို့နယ် သက္ကယ်ကျင်းရွာ အနောက်ဘက်သို့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့တော်လှန်ရေးမိတ်ဖက် မကွေးတပ်ရင်း (၁) တို့ကြား ယမန်နေ့ (ဇန်နဝါရီ ၂၄ ရက်) နေ့လယ် ၁၂ နာရီကျော်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ စစ်သား ၆ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ ၁၀ ဦးကျော် ရှိခဲ့ကြောင်း၊စစ်ကောင်စီ၏ လက်နက်ခဲယမ်းများနှင့်ကျည်များ သိမ်းဆည်းရမိကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s