မတရား စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ချိန် အာဏာရှင်တော်လှန်ရေး လူထုသပိတ်များတွင် ပြည်သူများ ပါဝင်ကြရန် ရန်ကုန်လူထုသပိတ်စစ်ကြောင်းက တိုက်တွန်းနှိုးဆော်

မတရား စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ချိန် အာဏာရှင်တော်လှန်ရေး သပိတ်များတွင် ပြည်သူများ ပါဝင်ကြရန် ရန်ကုန်လူထုသပိတ်စစ် ကြောင်းက ယနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းနှိုးဆော်လိုက်သည်။ ရန်ကုန်လူထုသပိတ်၏ တိုက်တွန်းချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

▪️အာဏာဖီဆန်ဆန့်ကျင်ခြင်းအရှိန်မြှင့်တင်ရေး လူထုတော်လှန်ရေးတိုက်တွန်းချက်လာမည့် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ရက်နေ့တွင် တိုင်း ပြည်အာဏာကို စစ်တပ်က လက်နက်ဖြင့် မတရားသိမ်းယူခဲ့သည်မှာ တစ်နှစ်တင်းတင်းပြည့်မြောက်ပြီဖြစ်သည်။ ပြည်သူများအနေဖြင့် စစ်အာဏာရှင်ကို တော်လှန်ရေးနည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန်လာသည်မှာလည်း တစ်နှစ်ပြည့်လုနီးပြီဖြစ်ပေသည်။ ယနေ့အချိန်သည် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်နိုင်ရေးအတွက် ပြည်သူများ၏ တော်လှန်ရေးအရှိန်အဟုန်မြှင့်တင်ရန် မုချလိုအပ်နေပြီဖြစ်သည်။

PDF များ EAOs များသည် လွတ်မြောက်နယ်မြေများကို တဖြည်းဖြည်းသိမ်းယူနိုင်ရန် လက်နက်ကိုင်တိုက်ပွဲဝင်နေချိန်တွင် မိမိတို့ပြည်သူများအနေဖြင့်လည်း မိမိတို့သက်ဆိုင်ရာမြို့ရွာဒေသရှိ စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားမလည်ပတ်နိုင်ရန် ဒေါက်တိုင်အသီးသီးကို ဖြိုဖျက်တိုက် ခိုက်ရမည်ဖြစ်ပါသည်၊၊

ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ရေးတိုက်ပွဲတွင် ပြည်သူတိုင်းသည် တော်လှန်ရေးရဲဘော်များဖြစ်သောကြောင့် ပြည်သူ တစ်ယောက်ချင်းစီတိုင်း၌ ခိုင်မာသောတော်လှန်စိတ်ရှိရမည်ဖြစ်ပြီး ၎င်းတော်လှန်စိတ်များကို စုပေါင်းကာ ညီညွတ်မှုဖြင့် တော်လှန်ရေးအရှိန်ကိုမြှင့်တင်ရမည်ဖြစ်ပါ သည်။ သို့ဖြစ်ပါ၍ လာမည့်နွေဦးတော်လှန်ရေးတစ်နှစ်ပြည့်တွင် စုပေါင်းတော်လှန်စိတ်ဖြင့် ရုန်းကြွတော်လှန်ကြပါရန် အောက်ပါ လူထုတော် လှန်ရေးတိုက်တွန်းချက်(၃)ရပ်အား ဖေဖော်ဝါရီ ၁ မှ ၃ ရက်နေ့အထိ ကနဦးဖော်ဆောင်ကြပါရန် ရန်ကုန်လူထုသပိတ်မှ ပြည်သူတစ်ရပ်လုံးအား တိုက်တွန်းနှိုးဆော်အပ်ပါသည်။

• လူထုတော်လှန်ရေးတိုက်တွန်းချက် ( ၃ )ရပ်

ဖေဖော်ဝါရီ ၁ ရက်နေ့ – တစ်နိုင်ငံလုံးဆွေးဆွေးနီ တော်လှန်ရေးတစ်နှစ်ပြည့်ပြီ

=========================================================

ဖက်ဆစ်စစ်တပ်က တိုင်းပြည်အာဏာ သိမ်းယူခဲ့သည့် ဖေဖော်ဝါရီ ၁ရက်နေ့မှစတင်ကာ တစ်နှစ်အတွင်း မိမိတို့ ပြည်သူများ၏ အသက်များ၊ဘဝများ လမ်းမများပေါ်တွင် သွေးချင်းချင်းနီအောင် ပစ်သတ်ခံခဲ့ရသည့် တစ်နှစ်ပြည့် အနေဖြင့် ကျဆုံးသွားသည့်သူရဲကောင်းများကို အောင့်မေ့ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ မိမိတို့၏ ရဲရင့်သော PDF များ၊ တော်လှန်သောပြည်သူများကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း လူမှုကွန်ယက်စာမျက်နှာများတွင် အနီရောင် Profile ပြောင်းခြင်း၊ လမ်းမများ၊ နံရံများကို ဆေးနီပက်ခြင်း၊ အနီရောင် အဝတ်များ ဝတ်ဆင်ခြင်း၊ ထုတ်လှန်းခြင်း၊ အနီရောင်အလံ စိုက်ထူခြင်းစသည့် တော်လှန်ရေးသင်္ကေတတို့ကို မိမိတို့ ရပ်ရွာ၊ နေအိမ်၊ လမ်းမများပေါ်တွင် ပြုလုပ်ခြင်းအားဖြင့် ဆန္ဒထုတ်ဖော်ကြပါရန်။

ဖေဖော်ဝါရီ ၂ ရက်နေ့ – သံပုံးတီးသံပြန်ဆူညံ ဒို့တော်လှန်သွေးမအေးရန်

======================================================

ဖက်ဆစ်စစ်တပ်သည် ပြည်သူများ၏ တော်လှန်စိတ်နှင့် ကြွေးကြော်သံများကို သွေးပျက်ကြောက်ရွံ့သည်ဆိုသည်မှာ သံပုံးတီးသံများက သက်သေထူနေပါသည်။ မြို့ပြလူထုသည် လက်နက်ဖြင့် အပြင်းအထန်ဖိနှိပ်နေသော မိစ္ဆာစစ်တပ်ကြောင့် အခြေအနေတစ်ခုအရ တော်လှန်စိတ်ကိုမြိုသိပ်နေရသည်မှန်သော်လည်း တော်လှန်ရေးတွင် သွေးအေးသွားခြင်းမရှိပေ။ ထို့ကြောင့် မိစ္ဆာစစ်တပ်ကြောက်ရွံ့သော သံပုံးတီးသံများ၊ ကားဟွန်းတီးသံများ၊ လူထုကြွေးကြော်သံများဖြင့် တစ်နှစ်အတွင်းတော်လှန်ခဲ့သော မိမိတို့ပြည်သူများကို လေးစားဂုဏ်ပြုကြောင်း၊ တော်လှန်စိတ်ကို ပြန်လည်အားယူကြောင်းပြသသည့်အနေဖြင့် သံပုံးတီးသံ၊ ကားဟွန်းတီးသံများဖြင့် တော်လှန်ကြရန်။

ဖေဖော်ဝါရီ ၃ ရက်နေ့ – အာဏာဖီဆန်အုပ်ချုပ်မခံ မြို့ပျက်သဏ္ဍာန်ဖော်ဆောင်ရန်

==============================================================

တိုင်းပြည်အာဏာကို လက်နက်ဖြင့် အဓမ္မသိမ်းယူခဲ့သော မိစ္ဆာစစ်တပ်သည် ယနေ့အထိ ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နိုင်ခြင်းမရှိသည်မှာ ပြည်သူအားလုံးအသိပင်ဖြစ်သည်။ တိုင်းပြည်ပြန်ပေးဆွဲခံရခြင်း တစ်နှစ်ပြည့်တွင် ပြိုပျက်သွားသော တိုင်းပြည်အနာဂါတ်ကို မြင်ယောင်နိုင်စေရန်အလို့ငှာ မြို့တိုင်းရွာတိုင်း ခဲကျိုးများ ကတ္တရာလမ်းပေါ်ခင်းခြင်း၊ လမ်းများပိတ်ခြင်း၊ ဖျက်ခြင်း၊ ကားတာယာများ မီးရှို့ခြင်း၊ အမှိုက်များ လမ်းပေါ်စွန့်ပစ်ခြင်း၊ အမှိုက်ပုံးများ ပစ်လှဲခြင်း၊ ထဘီများအလံလုပ်လွှင့်ထူခြင်း စသည်ဖြင့် ရရာနည်းလမ်းနဲ့ အာဏာဖီဆန် တော်လှန်ကြရန်။ စစ်အုပ်ချုပ်ရေးယန္တရားအောက်မှ ရုန်းထွက်ကြရန်။တော်လှန်စိတ်ဖြင့် ဆက်လက်ချီတက်ကြ၊ မိစ္ဆာတပ်ယန္တရားကို ဖြိုဖျက်ကြ၊ ဖက်ဒရယ်ဖြင့် တည်ဆောက်ကြ။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s