Monthly Archives: Jan 2022

မန္တလေး အောင်တော်မူဘုရားအနီးရှိ အကင်ဆိုင် ချိတ်ပိတ်ခံရ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်။ အောင်တော်မူဘုရားအနီး ၆၃ လမ်း၊ ၂၇ လမ်းနဲ့ ၂၈ လမ်းကြားရှိ အကင်ဆိုင်တဆိုင်ကို  ဇန်နဝါရီလ ၂၇ ရက်မနက်ပိုင်းမှာ စစ်ကောင်စီက  ချိတ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ချိတ်ပိတ်ခံရတဲ့ဆိုင်ဟာ Blue BBQ ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ပတ်သက်တယ်ဆိုကာ စစ်ကောင်စီတပ်က ဆိုင်ကို အစိုးရပိုင်အဖြစ်သိမ်းကြောင်း စာကပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးမြို့က ဈေးတချို့နဲ့ ဆိုင်တချို့မှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ စည်ပင်ဝန်ထမ်းတွေက ဖေဖော်ဝါရီ ၁ ရက်မှာ ဆိုင်ဖွင့်ဖို့ စာတွေလိုက်ဝေနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြည်တော်ဝင်ဖို့ ရုန်းကြစို့ဆိုတဲ့ကြွေးကြော်သံနဲ့  အသံတိတ်သပိတ် အာဏာဖီဆန်ရေး လှုပ်ရှားမှုကို စစ်အာဏာသိမ်း ၁ နှစ်ပြည့်တဲ့ ဖေဖော်ဝါ ရီ ၁ ရက် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ပြုလုပ်ဖို့ရှိနေတာဖြစ်ပါတယ်။ 

ဒီလှုပ်ရှားမှုမှာပါဝင်ပြီး အဲ့ဒီနေ့မှာ ဆိုင်ပိတ်မယ့်အကြောင်း လူမှုကွန်ရက်မှာ ရေးတင်တဲ့ ဆိုင်တချို့ကိုလည်း စစ်ကောင်စီတပ်တွေက အကြမ်း ဖက်ဝင်ရောက်ဖမ်းဆီး စစ်ဆေးတာတွေလည်း ပြုလုပ်နေပါတယ်။DVB

မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ကိုင်ခြင်းက ဘေး အန္တရာယ်များကြောင်း ဂျိုးဘိုင်ဒင်အစိုးရ သ တိပေး

စစ်တပ်က အာဏာသိမ်းပြီး မြန်မာနိုင်ငံကို ထိန်းချုပ်ထားသည့် တစ်နှစ်မပြည့်ခင် အမေရိကန် ဂျိုး ဘိုင်ဒင် အစိုးရက အာရှရှိ မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ကိုင်ခြင်း၏ ဘေးအန္တရာယ် ရှိနိုင်သည်ကို မီးမောင်းထိုး သတိပေးလာသည်။ 

အရှေ့တောင်အာရှ မြန်မာနိုင်ငံ၌ ၂၀၂၀ ဖေဖော်ဝါရီ ၁ ရက်တွင် အရပ်သား ရွေးကောက်ခံခေါင်းဆောင်မှုကို စစ်တပ်က ဖယ်ရှားလိုက်ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ပါတီ တောင်ပြိုကမ်းပြို အနိုင်ရသော ရွေးကောက်ပွဲ၌ မဲမသမာမှု ရှိသည် အကြောင်းပြလျက် အာဏာသိမ်းယူခဲ့ခြင်း ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေးခေါင်းဆောင်များကို ဖမ်းဆီးပြီးနောက် စစ်တပ်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖြစ် နိုင်ငံအား ချုပ်ကိုင်လာသော်လည်း ပြည်သူများ၏ ကန့်ကွက်ဆန့်ကျင်မှုများနှင့် တွေ့ဆုံရာက ဖိနှိပ်နိုင်ရေးအတွက် အကြမ်းဖက်ဖြိုခွင်းမှုများ ဆက်လက်ကျုးလွန်လာခဲ့သည်။ 

ယင်းကို တုံ့ပြန်ပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဗြိတိန်အပါအဝင် အနောက်မဟာမိတ်များက မြန်မာစစ်ကောင်စီ တာဝန်ရှိသူများနှင့် အစိုးရအဖွဲ့အစည်းများကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လာခဲ့သည်။ 

ဗုဒ္ဓဟူးနေ့၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် အလုပ်သမားဝန်ကြီးဌာနတို့အပြင် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးတို့က အမေရိကန်ပြည်သူများ၊ အမေရိကန်စီးပွားရေးလုပ်ငန်းများနှင့် ဘဏ္ဍာရေးအသင်းအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းကိုင်ငန်း လုပ်ကိုင်ခြင်းက ဘေးအန္တရာယ်များကြောင်းကို သတိပေးချက် ထုတ်ပြန်လာသည်။ 

မြန်မာနိုင်ငံ၌ စီးပွားရေး လုပ်ကိုင်သူများသည် “အမေရိကန်၏ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်ခြင်းအပါအဝင် ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ ဘေးအန္တရာယ် ရှိသည့်အပြင် လူအခွင့်အရေး ချိုးဖောက်မှုများကို အားပေးကူညီရာ ရောက်ကြောင်” နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နက်ဒ် ပရက်စ်က ထုတ်ပြန်ချက်၌ သတိပေးခဲ့ခြင်း ဖြစ်သည်။ 

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၌ စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှု၏ တရားဝင်ဥပဒေနှင့် ညီညွတ်မှုကို လျှော့ချခြင်း မရှိဟု နက်ဒ် ပရက်စ်က ဆိုသည်။ သို့ရာတွင် “စစ်တပ်သည် ဥပဒေစိုးမိုးမှုကို ယိုင်နှဲ့နေပြီး အကျင့်ပျက်ခြစားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေသကဲ့သို့ ဆိုးဝါးသည့် လူ့အခွင့်အရေး ချိုးမောက်မှုများကို ကျူးလွန်နေခြင်းကြောင့် မြန်မာတွင် လုပ်ငန်းလုပ်ကိုင်သော နိုင်ငံခြား စီးပွားရေးနှင့် မြန်မာစီးပွားရေးလုပ် ငန်းကိုင်ငန်းများသို့ ဘဏ္ဍာရေးဝန်ဆောင်မှု ပေးခြင်းများက ဘေးအန္တရာယ်ကို ပိုမို ဆိုးဝါးစေကြောင်း” သတိပေးထုတ်ပြန်ချက်၌ ဖော်ပြထား သည်။ mizzima

ဂန့်ဂေါမြို့နယ်၌ ရဲကား ၂ စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး ရဲ ၅ ဦး အပြင်းထန်ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ဇန်နဝါရီ ၂၇ ရက်မနက်ပိုင်းက ရဲကားနှစ်စီးမိုင်းခွဲ တိုက်ခိုက်ခံရပြီး ရဲ ၅ ယောက်ထက်မနည်း အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ PDF-ဂန့်ဂေါ ကနေ သိရပါတယ်။

ဂန့်ဂေါ-ကလေး လမ်းပိုင်း မိုင်တိုင်အမှတ်(၂)နားမှာ ဒီကနေ့မနက် ၁၀ နာရီလောက်က ကင်းလှည့်နေတဲ့ ရဲကားနှစ်စီးကို PDF-ဂန့်ဂေါရဲ့  တပ် ခွဲ(၅)က ကိုဘဂျမ်းဦးဆောင်တဲ့အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာမှာ ကားတစ်စီး မိုင်းထိမှန်ခဲ့တယ်လို့ PDF-ဂန့်ဂေါရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီ မိုင်းခွဲတိုက်ခိုက်ခံရတဲ့ ကားတစ်ခြမ်းလုံး ပျက်စီးသွားပြီး ရဲ ၅ ယောက် အပြင်းအထန်ဒဏ်ရာ ရရှိခဲ့က PDF-ဂန့်ဂေါဘက်က အထိခိုက်အကျဆုံး မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“စိုင်းဒူးတံတားနားကို ရဲကားက ၂ စီးလာတာဗျ တစ်စီးကမိုင်းထိမှန်ပြီးတော့ လန်ထွက်သွား တယ်။နောက်တစ်စီးကတော့ နောက်လှည့်ပြီး ပြန်ပြေးသွားတယ်”PDF-ဂန့်ဂေါရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ရဲတွေဟာ ဂန်ဂေါမြို့နယ်ထဲက ဒေသခံပြည်သူတွေကို ဖမ်းဆီး နှိပ်စက်သတ်ဖြတ်သလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ ပြည်သူတွေရဲ့ ငွေကြေးတွေနဲ့ ပစ္စည်းတွေ ကို ခိုးယူတာတွေ ဆက်တိုက် ကျူးလွန်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်နဲ့ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB

ရန်ကုန်မှ နိုင်ငံရေးတက်ကြွသူ လူငယ် ၆ ဦးနှင့် အငှားယာဉ်မောင်း ၁ ဦးကို စစ်တပ်က ထောင် ၁၀ နှစ်ချ

ရန်ကုန်ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ခြောက်ဦးနှင့် အငှားယာဉ် (Taxi) ယာဉ်မောင်း တစ်ဦးတို့ကို အကြမ်းဖက် စစ်ကောင်စီ၏ အရှေ့ပိုင်းခ ရိုင်တရားရုံးက ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း ၎င်းတို့နှင့် နီးစပ်သူ မိတ်ဆွေတစ်ဦးထံက သိရသည်။

နွေဦးတော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည့် ကိုဇင်လင်း၊ ဝင်းထက်မာ၊ သူရအောင်၊ ဝင်းထိုက်ကိုကို၊ မင်းဟိန်းသူ၊ ဖြိုးဟိန်းကျော် တို့ကို ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော တောင်ဥက္ကလာပ မြို့နယ်ရှိ ကမ္ဘာ့ရတနာဘဏ် (GTB) ဓါးပြ တိုက်ခံရမူ ဖြစ်စဉ်နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ပုဒ်မ (၃၉၅) ဓားပြမှုဖြင့် ထောင်ချခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။ထို့အပြင် ၎င်းတို့ ခြောက်ဦး ငှားရမ်းခဲ့သည် Taxi ယာဉ်မောင်း ကိုလင်းလင်းထိုက်ကိုလည်း ဓားပြမှု ပုဒ်မ (၃၉၅) အပြင် အားပေးကူညီမှု ပုဒ်မ (၁၁၄) ဖြင့်ပါ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခဲ့သည်။

“ရဲဘော်တွေနဲ့ ပက်သက်ပြီး တော်လှန်ရေးမှာ လူထုနဲ့အတူ အခြေအနေ တစ်ခုထိ ရောက်အောင် ပါဝင်ခဲ့တဲ့ အတွက် ဂုဏ်ယူပါတယ်။ ဖက်ဆစ်စစ်တပ်က ဒီလူငယ်တွေကို ထောင်ချထားမှ လုံခြုံမယ်လို့ မြင်ပုံပဲ၊ သူတို့က ပုန်ကန်နေဆဲဖြစ်တဲ့ လူငယ်တွေကို ကြောက်နေလို့ပါပဲ ” ဟု ၎င်းတို့နှင့် ရဲဘော်ရဲဘက် ဖြစ်သူ တစ်ဦးက မှတ်ချက်ပြုသည်။

၎င်းတို့ကို မရမ်းကုန်းနှင့် တောင်ဥက္ကလာပ ကမ္ဘာ့ရတနာဘဏ်ခွဲ နှစ်ခုက အမှုဖွင့် တရားစွဲဆို ထားခြင်း ဖြစ်ပြီး အနောက်ပိုင်းခရိုင် တရားရုံးက အမိန့်ချမှတ်ရန် ကျန်သေးသည်ဟု သိရသည်။အဆိုပါ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ခြောက်ဦးနှင့် Taxi ယာဉ်မောင်းတို့သည် စက်တင်ဘာ ၁၉ ရက်နေ့က ၎င်းတို့နေထိုင်ရာ နေအိမ် အသီးသီးတွင် ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်သည်။မဝင်းထက်မာ (ခ) အမာသည်ပန်းဘဲတန်းမြို့နယ်၊ လူ့ ဘောင် သစ်လူငယ် ဥက္ကဋ္ဌဟောင်း တစ်ဦး ဖြစ်ပြီး ကိုဇင်လင်းနှင့် ကိုဖြိုးဟိန်းကျော်တို့သည် ဗကသ ကျောင်းသားများ ဖြစ်ကြသည်။ mizzima

ရှောင်တာနယ်လ်အမှုရုံးထုတ်၊ သက်သေရောက်မလာသဖြင့် မစစ်ဆေးဖြစ်

စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ သြစတြေးလျနိုင်ငံသား ပါမောက္ခ ရှောင်တာနယ်လ်အမှုကို ဇန်နဝါရီ ၂၇ ရက် ဒီနေ့ဆက်လက်ရုံးထုတ်ခဲ့ပေမဲ့ သက်သေတွေ မလာတာကြောင့် မစစ်ဆေးဖြစ်ဘူးလို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

“ဒီနေ့ရုံးချိန်းက မစစ်ဖြစ်ဘူး။ အန်ကယ် ဦးကျော်၀င်းက ဆေးရုံတက်နေရတယ်။ သက်သေလည်း မလာဘူး” လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒီအမှုတွဲမှာပါနေတဲ့ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းဟာ အူကျရောဂါနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ဆေးရုံတက်ကုသနေရသလို အူမကြီးကင်ဆာနဲ့ ခွဲစိတ်မှုခံထားတဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုး၀င်းကလည်း ဆေးရုံက မဆင်းရသေးဘူးလို့ သိရပါတယ်။

ဒီအမှု ရုံးချိန်းကိုတော့ ဖေဖော်ဝါရီလ ၃ ရက်နေ့ကို ပြန်လည်ချိန်းဆို လိုက်တယ်လို့ သိရပါတယ်။

ရှောင်တာနယ်လ်ကို စစ်ကောင်စီက မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃-၁(ဂ)၊ လ.ဝ.ကအက်ဥပဒေတို့နဲ့ စွဲဆိုထားတာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော် ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့လည်း အမှုတွဲအဖြစ် တရားစွဲခံထားရတာဖြစ်ပါတယ်။ DVB

NUCC ပထမဆုံးကြိမ် ပြည်သူ့ညီလာခံကျင်း ပ၊ ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အတည်ပြုမည်

ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ပြည်သူ့ညီလာခံကြီးကို အတည်ပြုပြီး သမိုင်းမှတ်တိုင်စိုက်ထူနိုင်တော့မှာဖြစ်တယ်လို့င  အမျိုးသားညီ ညွတ်ရေးအစိုးရ NUG  ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ဦးဆောင်ပြီး ပထမဆုံးကြိမ် ပြည်သူ့ညီလာခံကို ဇန်နဝါရီ ၂၇ ရက် ဒီနေ့မနက် ၉ နာရီက စတင်ပြီး ၃ ရက်ကြာ ကျင်းပနေရာမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလက “ပြည်သူ့ညီလာခံကြီးကို အခုလို ကျင်းပနိုင်တာဟာ နွေဦးတော်လှန်ရေးရဲ့ အရေးကြီးလှတဲ့ အလှည့်အပြောင်း အချိုးအကွေ့ ဖြစ်ပြီးတော့ သမိုင်းမှာလည်း မော်ကွန်းနဲ့ ကျန်ရစ်မယ့် အစည်းအဝေးကြီး ဖြစ်တဲ့အတွက် အခုလို မိန့်ခွန်းပြောခွင့်ရတာ အလွန်ပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီပြည်သူ့ညီလာခံကြီးဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ တိုင်းပြည်အာဏာကို လက်နက်အားကိုး မတရားသိမ်း ယူဖို့ ကြိုးစားတဲ့ တနှစ်ပြည့်လုဆဲဆဲကာလနဲ့ သွားရောက်တိုက်ဆိုင်နေတာလည်း ဖြစ်ပါတယ်။ စစ်အုပ်စုက ဘယ်လောက်ပဲ တိုင်းပြည်ကို အ ကြမ်းဖက် အာဏာရယူဖို့ ကြိုးစားပေမဲ့ ပြည်သူလုထုက လက်မခံဘဲ နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်တွန်းလှန်နေတယ်ဆိုတဲ့ ပြယုဂ်တခုအဖြစ် ဒီပြည်သူ့ညီလာခံကြီးကို ကျင်းပနိုင်တဲ့အတွက် နိုင်ငံရဲ့ အနှစ်သာရအားဖြင့် အလွန်အရေးကြီးလှပါတယ်။ ပြည်ထောင်စုကြီးရဲ့ အဓိကအရင်းခံ ရေသောက်မြစ်ပြဿနာတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ်။ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် အရေး ကြီးလှတဲ့ ဖယ်ဒရမ်ဒီမိုကရေစီပဋိညာဉ်ကြီးကို ဒီညီလာခံမှာ အတည်ပြုပြီး သမိုင်းမှတ်တိုင် စိုက်ထူနိုင်တော့မှာ ဖြစ်ပါတယ်။ စစ်အာဏာ ရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ်ဖျက်သိမ်းရေး၊ ဖယ်ဒရယ်ဒီမိုကရေစီပြည် ထောင်စု တည်ဆောက်ရေး၊ အရပ်သားပြည်သူ့အစိုးရ ပေါ်ထွန်းရေး အစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ အတည်ပြု ပြဋ္ဌာန်းမယ့် ပဋိညာဉ်ကြီးက နွေဦးတော်လှန်ရေးအတွက် ရှေ့ဆောင်လမ်းပြ မီးရှူးတန်ဆောင်ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီပဋိညာဉ်ကြီးမှာပါတဲ့ နိုင်ငံရေးလမ်းပြမြေပုံအ တိုင်း ဖယ်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်ကို လူထုဆန္ဒနဲ့အညီ အတည်ပြု ပြဋ္ဌာန်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် ကျင့်သုံးနိုင်မှသာ ကျနော်တို့ လိုလားတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်” လို့ မိန့်ခွန်းမှာ ပြောပါတယ်။

စစ်အာဏာရှင်တော်လှန်ဆန့်ကျင်နေတဲ့ သပိတ်တော်မီတီ၊ CDM အင်အားစုများနဲ့ CSOအဖွဲ့တွေရဲ့ ကိုယ်စား ဦးမင်းကိုနိုင်ကတော့  “ကျနော်တို့ နွေဦးတော်လှန်ရေးဟာ တကယ်တော့ ပြည်သူ့တော်လှန်ရေးပါပဲ။ ဒီကနေ့ပြည်သူ့ညီလာခံ ကျင်းပကြတယ်ဆိုတာ ကျနော်တို့ဟာ တော်လှန်ရေးသာမကဘူး။ တည်ဆောက်ရေးကိုပါ စဉ်းစားထားကြတယ်။ တပြိုင်နက် အကောင်အထည်ဖော်နေတယ်ဆိုတာကို ပြချင်တာပါ”လို့ ပြောပါတယ်။

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မီတီ ကိုခန့်ဝေဖြိုးက “ဒီကနေ့ စတင်ကျင်းပတဲ့ ပြည်သူ့ ညီလာခံဟာ ဘုံရည်မှန်းချက်ပန်းတိုင်တူသူတွေရဲ့ နိုင်ငံရေးအရ အမြင့်မားဆုံး စုဝေးကိုယ်စားပြုမှု ဖြစ်တာနဲ့အညီ ပြည်သူ့ညီလာခံကို နိုင်ငံရေးအနှစ်သာရ ရှိရှိ ကျင်းပကြရမှာဖြစ်ပြီး တော်လှန်ရေးကို အထောက်အကူဖြစ်စေတဲ့၊ ပြည်သူလူထုအားဖြစ်စေတဲ့ ဆုံးဖြတ်ချက်တွေ ၊ အတည်ပြုမှုတွေ ဖြစ်ပေါ်လာအောင် အစုအဖွဲ့အသီးသီးက အားထုတ် ကြိုးပမ်းရမှာဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအတွင်းမှာ အခြေအနေ ကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်သေးတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့ စစ်အာဏာသိမ်းမှုကို  ဆန့်ကျင်နေကြတဲ့ အစုးအဖွဲ့များကို အမြဲတမ်းတံခါးဖွင့် ကြိုဆိုနေမှာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီအတွင်းမှာ ဝင်ရောက်လုပ်ကိုင်ကြရင်း စုပေါင်း ခေါင်းဆောင်မှုတွေနဲ့အတူ လူမျိုးပေါင်းစုံ ပြည်သူလူထုကြားမှာ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ဘုံရည်မှန်းချက်ပန်းတိုင်ကို စုပေါင်းထူထောင်ကြဖို့ ဖိတ်ခေါ်ပါတယ်။” လို့ ကြိုဆိုနှုတ်ခွန်ဆက်စကားပြောကြားခဲ့ပါတယ်။

ဒီပြည်သူ့ညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC)နဲ့  ဖက်ဒရယ် ဒီမိုကရေစီ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ စတဲ့ လုပ်ငန်းစဉ် သုံးရပ်ကို အတည်ပြုဖို့ရှိနေပါတယ်။ 

ဒါနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုတော်မီတီ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က “ဒီကနေ့ ဖယ်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်မှာ ပါရှိတဲ့ ပြည်ထောင်စုမျှော်ရည်ချက်နဲ့ စံတန်ဖိုးများ ပြည့်ဝစေမယ့် ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံး နှစ်ရှည်လများ မျှော်လင့်တောင့်တခဲ့ကြတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် ဒီညီလာခံကြီးဟာ ခရာတွတ်ချိန်၊ တာလွှတ်ချိန်၊ ခရာတွတ်ခြင်း တာလွှတ်ခြင်းအခမ်းအနားအဖြစ် ရှုမြင်မိပါတယ်။ ခရီးရှည်ကြီးကို ဆက်လက်ပြီးတော့ လျှောက်လှမ်းကြရဦးမှာလည်း ဖြစ်ပါတယ်။ အားဖြည့်ကြိုးပမ်းရမယ့်နိဒါန်းလို့ပဲ ရှုမြင်မိပါတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မီတီ (CRPH) အနေနဲ့လည်းပဲ ပြည်သူတို့က တာဝန်ပေးလွှဲအပ်ထားတဲ့ ကိုယ်စားပြုတာဝန်ကို အလေးအနက်ပြုပြီးတောန့ ပဋိညာဉ်မှာပါတဲ့ မူဝါဒတွေနဲ့အညီ ဥပဒေပြုရေး မဏ္ဍိုင်အနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”လို့ ပြည်သူ့ညီလာခံအဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။

ဒါ့အပြင် ဒီညီလာခံကြီးကနေ ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို အတည်ပြုပြီးတာနဲ့ စောလျင်စွာလွှတ်တော်ခေါ်ယူပြီးတော့ ထုတ်ပြန်ပေးသွားမယ်လို့လည်း ပြောသွားပါတယ်။ 

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကိုယ်စား အဖွင့်မိန့်ခွန်းပြောသွားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ  ခူးဦးရယ်က တော့ “မတရားမှုမှန်သမျှကို တော်လှန်တိုက်ပွဲဝင်ရင်းနဲ့ အသက်ပေးသွားကြတဲ့ အာဇာနည်အားလုံးတို့အတွက် ကျနော် ဒီနေရာကနေ ဂုဏ်ယူလေးစား အသိအမှတ်ပြုရင်းလေးပြုအပ်တယ်လို့ပြောပါတယ်။

“၂၀၂၁ ခု ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ တကျော့ပြန် စစ်တပ်ကနေ တိုင်းပြည်ရဲ့အာဏာကို သိမ်းယူပြီး‌တော့ ကျနော်တို့ လူထုတရပ်လုံးကို ဖိနှိပ်ချုပ်ချယ် သတ်ဖြတ်နေတာဟာဖြင့် အခုနေခါမှာ လူထုတွေရဲ့ တော်လှန်တိုက်ပွဲဝင်မှုဟာ ၁ နှစ်ပြည့်တော့မှာဖြစ်တဲ့အတွက် ဒီတနှစ်မ တိုင်ခင် အချိန်ကြာလာတဲ့ လူထုတော်လှန်ရေးကော၊ လက်နက်ကိုင်တော်လှန်ရေး  အသွင်ပြောင်းပြီးတော့ အပေါင်းစပ်တိုက်ပွဲဝင်နေတဲ့ အ ခြေအနေမျိုးအောက်မှာ အားလုံး တသဘေတည်းရှိတဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ကျနော်တို့ နည်းမှန်လမ်းမှန်နဲ့ ကျနော်တို့ သမိုင်းကို ကျနော်တို့ ဘာသာဖန်တီးပြီးတော့ ရေးသားရမယ့်အချိန်ကာလ လည်းဖြစ်ပါတယ်။ အထူးသဖြင့် အခုလို အသက်ပေးသွေးနဲ့ချွေးနဲ့ရင်းပြီး‌ တော့ တော်လှန်တိုက်ပွဲဝင်နေခြင်းဟာဖြင့် နောင်လာမယ့် ကျနော်တို့အားလုံးရဲ့ အနာဂတ်သားသမီးတွေရဲ့ အနာဂတ်ကောင်းမွန်ဖို့အတွက် ဖြစ်တယ်ဆိုတာကိုတော့ ကျနော်တို့အားလုံး နားလည်သဘောပေါက်ပြီးဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ပြောလိုတာကတော့ အနာဂတ်မျိုးဆက်သစ်တွေရဲ့ အနာဂတ်လှဖို့ အတွက် ကျနော်တို့မှာ ရှိတဲ့ ဉာဏ်စွမ်းရှိသမျှနဲ့ ကျနော်တို့ရှိတဲ့အားနဲ့ ကျနော်တို့ အတူတကွရုန်းကန်ပြီးတော့ တိုက်ပွဲဝင်ကြပါစို့လို့” လို့ ခူးဦးရယ်က တိုက်တွန်းသွားပါတယ်။ 

အမျိုးသားအတိုင်ပင်ခံကောင်စီရဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့ခေါင်းဆောင် ဒေါက်တာခင်ဆောင်က “ မြန်မာနိုင်ငံကို စစ်ဖိနပ်နဲ့နင်းချေ မတရားတဲ့နည်းတွေနဲ့ နိုင်ငံတော်အာဏာကိုလုယူ၊ တိုင်းရင်းသားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ဖျက်စီး၊ စစ်အာဏာရှင်စနစ်ဆိုးကို သွပ်သွင်းပြီး နိုင်ငံတော်ကို စစ်အကြမ်းဖက်ဝါဒနဲ့ အုပ်ချုပ်ခဲ့တာ ၁၉၇၀ ကစလို့ ပြန်လည်ရေတွက်မယ်ဆိုရင် နှစ်ပေါင်း ၆၀ နီးပါး ရှိနေပြီဖြစ်ပါတယ်။ မြန်မာ့သမိုင်းတလျှောက် မပြီးဆုံးနိုင်သေးတဲ့ စစ်အာဏာရှင်တွေရဲ့ ရက်စက် ကြမ်းကြုတ်လှတဲ့ ဇာတ်လမ်းကို အပြီးသတ် ဖြေရှင်းပေးနိုင်ဖို့အ တွက် ကျနော်တို့ ဒီနေရာ ဒီနေ့မှာ စုဝေးရောက်ရှိကြတာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ စစ်အာဏာရှင်ရဲ့ အမြစ်ကို တူးဆွဖျက်ဆီးပြီး ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်နိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ စုဝေးခဲ့ကြရတယ်။ ”လို့  ညီလာခံ အဖွင့်မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ် ။

အမျိုးသားအတိုင်င်ခံကောင်စီမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေနဲ့  နွေဦးတော် လှန်ရေးအင်အားစုတို့ စုဝေးခဲ့ကြပြီး စစ်အာဏာရှင် အမြစ်ပြတ်ခြေမှုန်းရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ပေါ်ပေါက်စေရေးအတွက် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ လက်တွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်နေ တာဖြစ်ပါတယ်။

NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း “ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးကာလာဖြစ်သော်လည်း တက်ရောက်ပါဝင်ပြီး၊ ပါ ဝင်လိုကြတဲ့ အဖွဲ့အစည်းတွေ၊ အစုအဖွဲ့တွေ လူပုဂ္ဂိုလ်များစွာ ရှိနေဦးမှာဖြစ်ပေမယ့် ပါဝင်သင့် ပါဝင်ထိုက်တဲ့အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ တက်ရောက်ပါဝင်နိုင်အောင် ကြိုးစားဆောင်ရွက်တဲ့အတွက် မိမိအနေနဲ့ ဂုဏ်ပြုပါကြောင်း” ပြောပါတယ်။

ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးအတွက် နိုင်ငံရေးအရ အရေးပါတဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ ( NUCC) ဦးဆောင်တဲ့ ပြည်သူ့ညီလာခံကို ၆ လတကြိမ် လုပ်ဆောင်မယ်လို့ NUCC က ပြောဆိုထားပါတယ်။

ဒီညီလာခံကနေ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေအပြင် တိုင်းပြည်ရဲ့အခြေခံ ပဋိညာဉ် ချမှတ်နိုင်မယ်လို့ မျှော်လင့်တယ်လို့လည်း တက်ရောက် လာတဲ့ခေါင်းဆောင်တွေက မျှော်လင့်နေကြ ပါတယ်။ DVB

ဖေဖော်ဝါရီ ၁ ရက်နေ့ ဆိုင်များမပိတ်ရန် မရမ်းကုန်း မြို့နယ်၌ လိုက်လံပြောနေ

ရန်ကုန်၊ မရမ်းကုန်း မြို့နယ်အတွင်းရှိ ဆိုင်များ ဖေဖော်ဝါရီ ၁ရက်နေ့ မပိတ်ရန် လျှပ်စစ်ဝန်ထမ်း ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသား ငါးဦးနှင့် အမျိုးသမီး နှစ်ဦးက ယနေ့ ဇန်နဝါရီလ ၂၇ ရက် နေ့လယ် ၃ နာရီ ဝန်းကျင်တွင် လိုက်လံပြောဆိုနေကြာင်း အဆိုပါမြို့နယ် ဒေသခံက ပြော သည်။

“လျှပ်စစ်ဝန်ထမ်းလို့ အစက ထင်ပြီး မီတာ လာကောက်တာလား ဘာလားဆိုပြီး ထင်မိတာ။ သူတို့က ဝန်ထမ်းဝတ်စုံ နက်ပြာရောင် ဝမ်းဆက်တွေ ဝတ်ထားတာ အမျိုးသမီး နှစ်ယောက် ကတော့ ပုံမှန် အင်္ကျီ အဝတ်အစားနဲ့ပဲ။ ဖေဖော်ဝါရီ ၁ ရက် ဆိုင် မပိတ်ကြဖို့ လာပြောတာ”ဟု အ ဆိုပါ မြို့နယ်တွင်း နေထိုင်သူက ပြောသည်။ထို့အပြင် မရမ်းကုန်းမြို့နယ်ရှိ ဟိုတယ်များကိုလည်း ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဟိုတယ်များနှင့် ဟိုတယ်အတွင်းရှိ ဆိုင်များပါ မပိတ်ကြရန် လိုက်လံ ပြောဆိုမှုများ ရှိခဲ့သည်။ mizzima

ကျွန်းလှမြို့နယ်တွင် PDF နှင့် နေပြည်တော်အခြေစိုက် ခလရ ၁၂၂ တို့ တိုက်ပွဲဖြစ်ပြီး စစ် သား ၆ ဦး သေဆုံး၊ ၂၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကွန်းလှမြို့နယ်၊ ညောင်ကိုင်းရွာအနီးတွင် စစ်ကြောင်းထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ နေပြည်တော်အခြေစိုက် ခလရ ၁၂၂ တပ်ဖွဲ့နှင့် ကျွန်းလှ PDF ကြား ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက် နံနက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ စနိုက်ပါတပ်သား အပါအဝင် ၆ ဦးသေဆုံးကာ ၂၆ ဦး ဒဏ်ရာရကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

အင်းအား ၂၀၀ ခန့်ပါသော အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ကျွန်းလှမြို့နယ်၊ အင်းတိုင်ရွာမှ တန့်ဆည်မြို့နယ်ဘက်သို့ ထွက်ခွာလာစဉ် ညောင်ကိုင်းရွာအနီးတွင် ဒေသခံ PDF နှင့် တိုက်ပွဲဖြစ်ပွားကြောင်း၊ ကျွန်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ထိမှန်ခဲ့ပြီး အကျအဆုံးများခြင်းဖြစ်ကြောင်းနှင့် စနိုက်ပါသမားမှာ ကျွန်းလှဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ကျွန်းလှ၊ တန့်ဆည်၊ ကန့်ဘလူရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများတွင် အထိနာခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလနှင့် ဒီဇင်ဘာလများတွင် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများသို့ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ khit thit

« Older Entries