အာဆီယံနှင့် နိုင်ငံတကာ ဖိအား ပြင်းထန်လာချိန် NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်ကို စစ်ကောင်စီက အင်းစိန်ထောင်မှ ပြန်လွှတ် ပေး

NLD ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးဟံသာမြင့်သည် အင်းစိန် အကျဉ်းထောင်မှ ယနေ့ ပြန်လည် လွတ်မြောက်လာကြောင်း NLD အသိုင်းအဝိုင်းက အတည်ပြုပြောသည်။အသက် ၇၄ နှစ်ရှိနေပြီဖြစ်သည့် NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်ကို အခြား NLD ဗဟိုအလုပ်အမှုဆောင်များနှင့်အတူ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က ဖမ်းဆီးခြင်းဖြစ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် ရန်ကင်းမြို့နယ်တရားရုံးတွင် တရားစွဲထားရာမှ ယနေ့ ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီသည် အာဆီယံ၏ ဖိအား၊ နိုင်ငံတကာ၏ ဖိအား၊ ICJ တွင် အမှုရင်ဆိုင်ရမည့် အခြေအနေ၊ ICC နှင့်အာဂျင်တီးနား တရားရုံးတွင် အမှု ရင်ဆိုင်နေရသည့် အခြေအနေ၊ ပြည်တွင်းတွင်လည်း အင်အားကြီးမားနေသည့် PDF များနှင့် EAO များ၏ တော်လှန်တိုက်ခိုက်မှုကို ခံနေရသည်။
ယမန်နေ့ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်နှင့် အကြမ်းဖက် လူသတ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ အွန်လိုင်းတွေ့ဆုံမှုတွင်လည်း အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ဟွန်ဆင်က မင်းအောင် လှိုင်ကို ပြောဆိုသွားသည်။khit thit