မင်းတပ်မြို့တွင် စစ်​ကောင်စီ ကျင်းပမည့် ချင်းအမျိုးသား​နေ့အခမ်းအနား၌ ပူး​ပေါင်းပါဝင်ခြင်း မပြုရန် မင်းတပ်မြို့နယ် ပြည်သူ့အုပ် ချုပ်​​ရေးအဖွဲ့ ​ကြေညာ

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် လာမည့် ​ဖေ​ဖော်ဝါရီ ၂၀ ရက်​နေ့၌ ကျ​ရောက်မည့် (၇၄)နှစ်မြောက်ချင်းအမျိုးသား​နေ့အခမ်းအနားကို စစ်​ကောင်စီကဦးစီးကျင်းပရန် စီစဉ်နေလျှက်ရှိရာ ပြည်သူများအ အနေဖြင့် မပါဝင်ကြရန်မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်​​ရေးအဖွဲ့ က ယ​နေ့ဇန်နဝါရီ ၂၇ ရက်ရက်စွဲ ဖြင့် ​ကြေညာချက်ထုတ်ပြန်ထားသည်။

စစ်ကောင်စီက မြို့မိမြို့ဖများ၊ ဘာသာရေးဆရာတော်များနှင့်ဌာနဆိုင်ရာများကိုခေါ်ယူစည်းဝေးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။အဆိုပါ ​​ကြေညာချက်တွင် စစ်​​ကောင်စီ၏ အခမ်းအနား၊ အစည်းအ​ဝေးများတွင် ပြည်သူများ ပါဝင်ပတ်သက်ခြင်း မပြုရန်၊ ချင်းအမျိုး သား​နေ့တွင် နှစ်စဥ် ပြုလုပ်​နေကျ စစ်​ကြောင်းအလိုက် ချီတက်ဂုဏ်ပြုခြင်း တွင်မပါဝင်ကြရန်နှင့် မျိုးနွယ်စု ယဉ်​ကျေးမှု အဖွဲ့များ အ​နေဖြင့် စစ်​ကောင်စီနှင့် ပူး​ပေါင်းခြင်း မပြုလုပ်ရန် စသည်အချက်များ ပါရှိသည်။

သည့်အပြင် ”စစ်​ကောင်စီနှင့် ပူး​ပေါင်း ​ဆောင်ရွက်သူမှန်သမျှသည် အမျိုးသား သစ္စာ​ဖောက်များနှင့် ​တော်လှန်​ရေး ရန်သူများအဖြစ် သတ် မှတ်ပြီး အ​ရေးယူ​အပြစ်ပေးခြင်းများခံရမည်ဖြစ်ကြောင်း ပြင်းထန်စွာအသိပေးကြေညာလိုက်သည်”ဟုပါရှိသည်။ ပြီးခဲ့သည့် (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော်ကို ချင်းပြည်နယ် ထန်တလန်မြို့တွင် ပြည်နယ်ဆင့် အနေဖြင့် ကျင်းပခဲ့ကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက် ချီးမြင့်ခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s