မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်များက မိုင်းဆွဲ တိုက်ခိုက်၊ စစ်သားများ သေ ဆုံး မှုများပြား

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ ထွက်ခွာလာသော စစ်ကောင် စီတပ်များကို PDF ပူးပေါင်းတပ်များက ယနေ့ တိုက်ခိုက်ရာ စစ်သားများ သေဆုံးမှုများပြားနိုင်ကြောင်းPDFက သတင်းထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းမှ ထွက်ခွာလာသော စစ်အင်အား ၅၀ ခန့်သည် မြောင်မြို့နယ် တမဆေးကန်ရွာ၌ ညအိပ်ပြီး ထွက်လာစဉ် နဘက်တာ တစ်နေရာတွင် 27 Revolution Forces(မြင်းခြံ)| Myaung Special People’s Defense Force – MSPDF ၊Myaung Generation Guerilla Force(MGGF)ညီနောင်မဟာမိတ်(၃)ဖွဲ့က မိုင်း ၃ လုံးဖြင့် စတင်တိုက်ခိုက်ကြောင်း သိရှိရသည်
စစ်ကောင် စီတပ်၏ အလယ်ဗဟိုတွင် မိုင်းကွဲထိမှန်သဖြင့် စစ်သား ၄ ဦး ပုံရက်လဲကျသွားကြောင်း၊ ၂၀ ဝန်းကျင်မှာလည်း ဒဏ်ရာအပြင်းအ ထန်ရရှိကာကျေးရွာတစ်ရွာတွင် နား၍ ဆေးကုသမှု ခံယူနေကြောင်း၊ စစ်သားအလောင်းများကိုလည်း မြှုပ်နှံထားကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်သားသေဆုံးမှု ထပ်တိုးနိုင်ကြောင်း 27 Revolution Forces(မြင်းခြံ)က သတင်းထုတ်ပြန်ထားသည်။ khit thit