လွိုင်ကော်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က တိုက်လေယာဉ်ဖြင့် လာပစ်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ယနေ့ ၃ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်များနှင့် ကရင်နီပြည်နယ်မှ ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲများဖြစ်စတင်ဖြစ်ပွားပြီး ညနေ ၅ နာရီ ၁၈ မိနစ်အချိန်တွင် စစ်တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ကြောင်း ဒေသသတင်းရင်းမြစ်များထံသိရှိရသည်။
“လွိုင်ကော်ကို တိုက်လေယာဉ်နဲ့ လာပစ်နေတယ်။ ခွေးတွေ အထိနာလို့ ဖြစ်နိုင်တယ်” ဟု Kayan Generation Youthက ပြောသည်။ လက်ရှိ လွိုင်ကော်တွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ပြည်သူများအနေဖြင့် လွိုင်ကော်-ဆီဆိုင်လမ်းနှင့် လွိုင်ကော်-အောင်ပန်းလမ်းဘက်သို့ ဖြတ်သွားဖြတ် လာခြင်းမပြုကြပါရန်ဒေသ ကာကွယ်ရေးတပ်များ ပြည်သူကို မေတ္တာရပ်ခံထားသည်။ khit thit