ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံ/ဘဏ္ဍာဝန် ကြီးတို့ကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နဲ့ စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးစိုးညွန့်လွင်တို့ကို တောင်လေးလုံးအကျဥ်းထောင်တရားရုံးမှာ ဇန်နဝါရီ ၂၈ ရက်က အဂတိတိုက်ဖျက်ရေးအမှုတွေနဲ့  ထောင်ဒဏ် ၁၆ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။ 

“ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်ကတော့ အဂတိတိုက်ဖျက်ရေးအမှုနံပါတ် ၁၊ ၂၊ ၃၊ ၄ နဲ့ ဝန်ကြီး ဦးစိုးညွန့်လွင်ကိုတော့ အဂတိတိုက်ဖျက်ရေးအမှုနံပါတ် ၁၊ ၃၊ ၄၊ ၅ ဖြစ်တယ်။ အမှု ၄ မှုမှာ ၄ နှစ်စီ ချလိုက်တာပါ” လို့ ဝန်ကြီးနဲ့နီးစပ်သူက ပြောပါတယ်။

တောင်လေးလုံးအကျဥ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကို အဂတိအမှု ၄ မှုနဲ့ တစ်မှုကို ၄ နှစ်စီ စုစုပေါင်း ထောင်ဒဏ် ၁၆ နှစ် အမိန့်ချလိုက်တာ ဖြစ်ပါတယ်။

အလားတူ စီမံ/ဘဏ္ဍာဝန်ကြီးကို အဂတိ တိုက်ဖျက်ရေးအမှုနဲ့ ၄ မှုစီ တရားစွဲဆိုထားပြီး အမှုတစ်မှုကို ၄ နှစ်စီနဲ့ စုစုပေါင်း ၁၆ နှစ်ထောင်ဒဏ်ချမှတ်ခဲ့တာပါ။

ဦးစိုးညွန့်လွင်ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့က နိုင်ငံတော်ပုန်ကန်မှု ပုဒ်မဖြစ်တဲ့ ပုဒ်မ ၁၂၂ (၁) ထောင်ဒဏ်အနှစ် ၂၀၊ ပုဒ်မ ၁၂၄ (က) ထောင်ဒဏ် ၇ နှစ်နဲ့ ငွေဒဏ် တစ်သိန်း၊ ပုဒ်မ ၁၂၄ (ဃ) ထောင် ဒဏ် ၇ နှစ်နဲ့ ငွေဒဏ် တစ်သိန်း၊ ပုဒ်မ ၅၀၅(က) အမှု နှစ်မှုကို ထောင်ဒဏ် ၂ နှစ်စီ သီးခြားကျခံရတဲ့အတွက် စုစုပေါင်း ၃၈ ​နှစ် နဲ့ ငွေဒဏ် ၂ သိန်းတို့ကိုလည်း အမိန့်ချမှတ်ခံခဲ့ရပြီး ဖြစ်ပါတယ်။ 

ရှမ်းပြည်နယ် ဝန်ကြီးချုပ်နဲ့ စီမံ/ဘဏ္ဍာ ဝန်ကြီးတို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s