Monthly Archives: Jan 2022

မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို PDF ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၊ စစ်သားနှင့်ရဲများ ထွက်ပြေးပြီး မိသားစုဝင်များကို ဖမ်းမိသော် လည်း ပြန်လွှတ်ပေးခဲ့၊ လက်နက် ၉ လက်နှင့်ခဲယမ်းများသိမ်းဆည်းရမိ

မကွေးတိုင်း၊ မြိုင် လင်းကတောရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက် မီးရှို့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း မြိုင် PDF က သတင်းထုတ်ပြန်သည်။

မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ယနေ့ မွန်းလွဲ နာရီ ဝန်းကျင်ခန့်က မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို ရေစကြိုမြို့နယ်ပြည်သူကာ ကွယ်ရေးတပ်ဖွဲ့၊ဆားလင်းကြီးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ် ၃ ဖွဲ့ ပူးပေါင်း၍ ၁ နာရီကြာတိုက်ပွဲ ဆင်နွဲပီး အောင်မြင်စွာ စခန်းအားတိုက်ခိုက်သိမ်းပိုက်မီးရှို့နိုင်ခဲ့ကြောင်း၊ ပုသိမ်မုံရွာလမ်းဆုံ တွင်ရှိသော ဂိတ်စခန်းအားလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကောင်စီတပ်များ ဒဏ်ရာများဖြင့်စခန်းစွန့်ခွာထွက်ပြေးခဲ့သဖြင့် မိသားစုဝင်များကို ဖမ်းဆီးရမိသော်လည်း ပြည်သူလူထုဘက်တွင် ရပ်တည်ကြရန် မှာကြားပြီး လွှတ်ပေးခဲ့ကြောင်း မြိုင် PDF က သတင်းထုတ် ပြန်သည်။

“မြိုင် လင်းကတော ရဲစခန်း ကို ကျနော်တို့ PDF ဘက်က ဝင်ပစ်ပါတယ်။ စခန်းကို ဖျက်ဆီးပစ်နိုင်လိုက်တယ်။ သူတို့ဘက်က စစ်ကြောင်းတွေ ထပ်ထိုးလာတယ်။ အားလုံးဘေးကင်းကင်း ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု မြိုင်PDF ရဲဘော်တစ်ဦးက ပြောသည်။

မြိုင် PDF အနေဖြင့် G-3 ၅ လက် နှင့် ကျည် ၄၀၀ ၊အူစီ ၃ လက် နှင့် ကျည် ၂၀၀ ၊ ခြောက်လုံးပျူး ၁ လက်၊ ဗုံးသီး ၇ လုံး၊ လက်တော့ ၂ လုံး ၊ပရင်တာ ၁ လုံး ၊ဆိုင်ကယ် ၄ စီး သိမ်းဆည်းရမိကြောင်း သိရှိရသည်။khit thit

လားရှိုးတွင် ဂက်စ်အိုးအရောင်းဆိုင် မီးလောင်၊ လူ ၂ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်၊ လားရှိးမြို့၊ ရပ်ကွက်(၇)၊ မောသီရိကွက်သစ်ဘက်မှာ ဖွင့်လှစ်ထားတဲ့ ဂက်စ်အိုးဆိုင်မှာ ဇန်နဝါရီ ၂၉ ရက်  ညနေ ၆ နာရီလောက်က  မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

အခင်းဖြစ်ပွါးရာနေရာဟာ ရပ်ကွက်ဈေးတန်းဖြစ်ပြီး ဘေးပတ်ဝန်းကျင်မှာ ကုန်ခြောက်ဆိုင် တွေလည်း အများအပြားရှိပါတယ်။

မျက်မြင်သက်သေတစ်ဦးက “ညနေဈေးသိမ်းချိန်ဆိုတော့ သူတို့လည်းသိမ်းကြတာပေါ့။ ခဏနေတော့ “အုန်း” ဆိုပြီး အသံအကျယ်ကြီးကြားရတယ်။ ဗုံးကွဲတာထင်ပြီး ထွက်ကြည့်တာ၊ သူတို့ဆိုင်ကဖြစ်နေတယ်။ မီးညွန့်တွေအကြီးကြီးပဲ၊ တစ်လုံးပြီးတစ်လုံးကွဲတာ၊ တော်သေးတယ်ဘေးအိမ်တွေမကူးတာ။ ကောင်လေးတစ်ယောက်တော့ ကျောနဲ့လက်တွေမှာ မီးလောင်ရင်းတန်းလန်း ပြေးထွက်လာတယ်။” လို့ ဒီဗွီဘီကို ပြောပါတယ်။

မီးလောင်မှုဟာကို မီးသတ်ကားနှစ်စီးနဲ့ မီးငြှိမ်းသတ်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂ ယောက်ကိုတော့ လူမှုကယ်ဆယ်ရေးအသင်းက  အရေးပေါ်ကားနဲ့ သယ်ဆောင်သွားပါတယ်။

မီးလောင်မှုဖြစ်ပြီးတဲ့အချိန် စစ်ကောင်စီတပ်သားတွေနဲ့ ကောင်းဆာပြည်သူ့စစ်တပ်ဖွဲ့တွေက လာရောက်လုံခြုံရေးယူထားပြီး ယာဉ်ထိန်းရဲတွေ ရပ်ကွက်အတွင်းရှိ လူမှုကူညီရေးအသင်းတွေ လည်းရောက်ရှိလာပါတယ်။ DVB

မြစ်ကြီးနားတွင် အသံတိတ်သပိတ်လုပ်လျှင် ထောင်ချမည်ဟု စစ်ကောင်စီက ဆိုင်းဘုတ်ထောင် ခြိမ်းခြောက်

ကချင်ပြည်နယ်၊ မြို့တော် မြစ်ကြီးနားတွင် အသံတိတ် သပိတ်လုပ်လျှင် ထောင် ချမည်ဟု စစ်ကောင်စီက ယနေ့ ဆိုင်းဘုတ်ထောင်၍ ခြိမ်း ခြောက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ မြစ်ကြီးနားစျေးကြီး အနီးရှိ ပြည်သူ့အားကစားကွင်းအနီးတွင် စစ်ကောင်စီ က ဖေ ဖော်ဝါရီလ ၁ ရက်နေ့တွင်ပြုလုပ်မည့် Silent Strike တွင် ပါဝင်ခြင်း မပြုလုပ်ရန် ဆိုင်းဘုတ်ထောင်ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ မြစ်ကြီးနား စည်ပင်သာယာ စျေး ၁နှင့် စျေး ၂ တွင် စည်ပင်ဝန်ထမ်း နှင့် သေနတ်ကိုင်ဆောင်ထားသော ရဲများ နှင့်စစ်သားများက စျေးအတွင်း လှည့်လည်ကာ စျေးဆိုင် ခန်း ပိုင်ရှင်များကို February ၁ရက် စျေးရောင်း ရမည်ဟု ခံဝန် လက်မှတ်များ ထိုးခိုင်းနေပြီး လိုက်နာခြင်းမရှိပါက ဥပဒေ အတိုင်း အရေး ယူမည်ဟု လိုက်လံခြိမ်းခြောက်နေသဖြင့် စျေးဆိုင်ပိုင်ရှင်များက အလွန်ဒေါသထွက်နေကြကြောင်း သိရှိရသည်။ khit thit

မြောင်မြို့နယ်တွင် ပျူစောထီး ၁ ဦး မိုင်းထိမှန်သေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဘက်ရွာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ အတူပါလာတဲ့ ပျူစောထီးအဖွဲ့ဝင် တစ်ယောက် ဇန်နဝါရီ ၂၉ ရက် ဒီနေ့မနက်  မိုင်းဆွဲခံရပြီး နေရာတင်သေဆုံးသွားတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့  CDSOM ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီနေ့မနက် ၁၁ နာရီ ၄၅ မိနစ်လောက်က  နဘတ်ရွာရဲ့ အနောက်ဘက် ကံတရာကွေ့အကျော်မှာ မိုင်းဆွဲခဲ့တာဖြစ်ပြီး သေဆုံးသွားသူထံကနေ စကားပြောစက်နဲ့ ပျူသင်တန်း အပတ်စဥ် ၂ တပ်ထားတဲ့ စာရွက်တွေရလိုက်တယ်လို့ CDSOM က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ရဲ့အကြီးကဲကိုမင်းခေါင်က “သူတို့ကတပ်ဖြန့်ထားတယ်။ နဘတ်ရွာနဲ့ ဗရင်ဂျီဘက်မှာ ကင်ပုန်းဝပ်နေတာတွေရှိနေတယ်။ အခုဟာက ပြည်သူ့ဆိုင်ကယ်ကိုယူကာ ပြည်သူပုံစံနဲ့ ဆိုင်ကယ် ၃ စီးနဲ့  နယ်ကျွံထွက်လာလို့ ကျနော်တို့ အခုလို မိုင်းဆွဲလိုက်တာ။ ပထမကတစ်ခေါက်ထွက်လာတုန်းက အရပ်သားပဲထင်နေတာ။ နောက်ပိုင်း သုံးလေးခေါက်လောက်ထွက်လာတော့ ကျနော်တို့ ရိပ်မိလာတယ်။ ဒီထက်မကသေခြာအောင်လို့ သူတို့ကို အပေါ်စီးကနေ ဒရုန်းနဲ့လိုက်ပြီး စောင့်ကြည်တယ်။ သေခြာလို အခုလိုလုပ်လိုက်ရတယ်။”လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDMSOM) ရဲ့ နတ်မြင်း 02 အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၂၈ ရက်က  မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာကနေ နဘက်ကျေးရွာဘက်ကို  စစ်ကြောင်းထိုးခဲ့ကာ တပ်စွဲထားတာဖြစ်ပါတယ်။ DVB

“မုဒိန်းစစ်တပ်ကိုအပြတ်ဖြိုမယ့် အမျိုးသမီးတပ်ပေါင်းစု”စာတန်းနှင့် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး လက်ပံတောင်းတောင်ဒေသ ချီတက်

khit thit

MSRUအဖွဲ့က စမ်းသပ်ထုတ်လုပ်သည့် တာဝေးပစ်လက်နက်ဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်

မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအစည်းအရုံး (MSRU)ဟာ စမ်းသပ်ထုတ်လုပ်ထားတဲ့ တာဝေးပစ် Mortar နဲ့ စစ်ကောင်စီတပ်တွေကို မွန်ပြည်နယ် ရေးမြို့နယ်ထဲမှာ  ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဇန်နဝါရီ ၂၈ ရက် ညနေ ၆ နာရီခွဲလောက်က  ရေးမြို့နယ်  ခမရ (၅၈၆) တပ်ရင်းကို နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ည ၁၀ နာရီဝန်း ကျင်လောက်မှာ ရန်ကုန်-ထားဝယ် အာရှလမ်းမကြီး ပေါ် မောင်းနှင်လာတဲ့ ခလရ (၃၄၃) တပ်ရင်းမှ ကင်းလှည့်စစ်ကား တစ်စီးကို  မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့  ဆိုပါတယ်။ 

မွန်ပြည်နယ်အခြေပြုတော်လှန်ရေး အစည်းအရုံး (MSRU) နဲ့ Ye Special Task Force (YSTF) ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် အပြန်အလှန်ပစ်ခတ် တိုက်ပွဲငယ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ ပြင်းထန်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ (MSRU) က ထုတ်ပြန်ပါတယ်။

MSRU နဲ့ YSTF ပူးပေါင်းအဖွဲ့ဟာ အန္တရာယ်ကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီးတဲ့နောက် ည ၁၀ နာရီဝန်းကျင်မှာ  စစ်ကောင်စီ ခလရ (၃၄၃) တပ်ရင်းဘက်ကနေ  လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ DVB

တောင်ဒဂုံမြို့နယ်၌ စစ်ကောင်စီ တပ်စွဲထားသည့် နေရာအနီး ဗုံး ၃ လုံးကွဲ

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် (၂၅) ရပ်ကွက် ရှိ စစ်ကောင်စီ တပ်စွဲထားသော ဘောလုံးကွင်း အနီး၌ ဗုံး သုံကြိမ် ခွဲခဲ့ကြောင်း အာဏာသိမ်း ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ACPLF-အဆပလ အဖွဲ့ဝင်က ပြောသည်။အဆိုပါ တပ်စွဲထားသည့် ဘောလုံးကွင်းအနီးရှိ စာ သင်ကျောင်း ပတ်လည်တွင် ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ ည ၇ နာရီ ၄ဝ ဝန်းကျင်မှ စ၍ ည ၉ နာရီ ၇ မိနစ်အထိ သုံးကြိမ် ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ပုလဲရတနာ လမ်းမပေါ် က အထက (၃) ကျောင်းနားမှာ တစ်လုံး၊ အဲ့ဒီကျောင်း မျက်နှာချင်းဆိုင်မှာ တစ်လုံး၊ ကျောင်းနဲ့ မီးသတ်ရုံးကြား ကျောင်းဝင်ပေါက် (၂) မှာ တစ်လုံး ခွဲလိုက်တယ်။ အဲ့ဒီနားက ဘုန်းကြီးကျောင်းကို တိုင်းမှူး ညွန့်ဝင်းဆွေက နေ့လည်ဘက်က လာသွားတယ်” ဟု ACPLF-အဆပလ အဖွဲ့ဝင်က ပြောသည်။

စစ်ကောင်စီတပ်သည် အင်အား ၄၀ ခန့်ဖြင့် ၂၀၂၁ ခုနှစ် မေလမှ စတင်ကာ ထိုနေရာ၌ တပ်စွဲထားပြီး ယခု ပေါက်ကွဲမှု အပြီးတွင် စစ်သားများက သေနက်များဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်း ပစ်ခတ် ခဲ့သည်ဟု ဆိုသည်။ရန်ကုန်တိုင်း တိုင်းမှုး ညွန့်ဝင်းဆွေနှင့် တိုင်းစစ်ကောင်စီ ခေါင်းဆောင် လှစိုးတို့သည် အဆိုပါ နေ့တွင်ပင် ယခုဖြစ်စဥ် မတိုင်ခင်က တောင်ဒဂုံ (၂၅) ရပ်ကွက်ရှိ မဘသ ခေါင်းဆောင် ရွာမဘုန်းကြီး ပူဇော်ပွဲသို့ လာရောက် ခဲ့သည်ဟု ACPLF အဖွဲ့ဝင်က ပြောသည်။

ဇန်နဝါရီလ ၅ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် အမှတ် (၂) လမ်းနှင့် အပြိုင် ကျန်စစ်သားလမ်း အနီးရှိ စစ်ကောင်စီ၏ ထောက်ပို့ ရထားများ အသုံးပြုလေ့ ရှိသော ရထားသံလမ်း ချောင်းကူးတံတားကို အဝေးမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့သည်ဟု ဆို သည်။ mizzima

အကြမ်းဖက်စစ်ကောင်စီကို ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်မည်ဖြစ်ပြီး ရေရှည်တွင် မြို့သိမ်းတိုက်ပွဲများ ဖြစ်လာနိုင်ဟု CDF မင်းတပ် ပြောခွင့်ရ ပြော

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသော CDF မင်းတပ် အနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မည်ဖြစ်ပြီး ရေရှည် တွင် မြို့သိမ်းတိုက်ပွဲများပါ ဖြစ်လာနိုင်ကြောင်း CDF မင်းတပ် ပြော ရေးဆိုခွင့်ရှိသူ ကိုယောမန်က ပြောဆိုသည်။

“ကျနော်တို့ရဲ့ ထိုးစစ်တွေ လာမယ်၊ ထိုးစစ်တွေ များများဖြစ်လာမယ်။ တိုက်ပွဲတွေ ရှိလာမယ်။ နောက်ပိုင်းကျရင် ကျနော်တို့ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာမှာပေါ့” ဟု ကိုယောမန်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။လက်ရှိအချိန်တွင် မတူပီမြို့မှ ထွက်ခွာလာသော သံချပ်ကာအ မြှောက်ကား ၂ စီးအပါအဝင် စစ်ကား ၈၃ စီးယာဉ်တန်းသည် မင်းတပ်-မတူပီလမ်း မိုင်တိုင် ၅၆ တွင် ရောက်ရှိနေကြောင်း၊ မင်းတပ်အခြေစိုက် ၂၇၄ တပ်ရင်းနှင့် ကျောက်ထု အမြှောက်တပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်း လီလောင်း LiLaung ကျေးရွာရှိ နေအိမ် ၂ လုံး ပျက်စီးသွားကြောင်း သိရှိရသည်။

“စကစ က လက်နက်ကြီးနဲ့ ပစ်နေတာ ၁ ပတ်ကျော်ပြီပေါ့၊ ညဘက်မှာ ပစ်တယ်၊ မိုင် ၂၀ လောက် ရောက်တဲ့ လက်နက်ကြီးတွေနဲ့ စမ်းပြီးမှ ပစ်နေတာ၊ မင်းတပ်နဲ့ ၁၈ မိုင်ကွာဝေးတဲ့ ကျောက်ထုအမြှောက်တပ်ကနေ ပစ်တယ်၊ မင်းတပ်မြို့ပေါ်က ၂၇၄ တပ်ရင်းကနေ ပစ်တယ်၊ ဒီနေ့ဆိုရင် နေ့ဘက်မှာပါ ပစ်တယ်။ ဒီနေ့ သူတို့ပစ်တာ လီလောင်းရွာ အိမ် ၂ လုံး ပျက်စီးသွားတယ်၊ ရှက်ရွာနားမှာလည်း လက်နက်ကြီးတွေကျတယ်၊ လူထိခိုက်တာတော့ မရှိဘူး။ ဒီနေ့ ပစ်တာကို လက်နက်ကြီး ၈ လုံး ၉ လုံး ရှိနေပြီ။ ၄-၅ မိုင်လောက်မှာ လက် နက်ကြီးကျတဲ့ အသံကို ကြားရတယ်။ ဘာကြောင့် ပစ်နေတာလဲတော့ ပြောရခက်တယ်၊ သူတို့မှာ လက်နက်ကြီးတွေ ရှိကြောင်းပြတာ ဖြစ်နိုင်တယ်၊ စမ်းတာလည်း ဖြစ်နိုင်တယ်၊ ပြည်သူတွေကို ခြိမ်းခြောက်တာလည်း ဖြစ်နိုင်တာပဲ” ဟု CDF မင်းတပ် ပြောခွင့်ရက ပြောသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းများကို CDF မင်းတပ်က မကြာခဏ တိုက်ခိုက်နေကြောင်း၊ဒေသကာကွယ်ရေးမဟာ မိတ်တပ်ဖွဲ့များဖြစ်သော CDF မတူပီ၊ CDF ကန်ပက်လက်၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့၊ ကျောက် ထုဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ကာ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။”လောလောဆယ်က နီးစပ်ရာ CDF အချင်းချင်း ချိတ်ဆက်တယ်ပေါ့နော်၊ မင်းတပ်နဲ့ဆို မတူပီ၊ ကန်ပက်လက်၊ ယော၊ ကျောက်ထို အဲဒါတွေနဲ့ နီးတယ်၊ ချိတ် ဆက်ပြီး တော်လှန်နေကြတာ၊ တိုက်ပွဲဆင်နေကြတာရှိတယ်။ CJDC လိုမျိုး တပြည်နယ်လုံး အတိုင်းအတာနဲ့သော်လည်းကောင်း၊ ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးသော်လည်းကောင်း မလုပ်နိုင်သေးဘူးပေါ့နော်။

CJDC အနေနဲ့ ကျနော် တို့ တဖြည်းဖြည်း ခြေလှမ်းတွေ ရွေ့နေတာတော့ ရှိတယ်ပေါ့နော်၊ နောက် ပိုင်းဆိုရင်တော့ ပုံပေါ်လာမှာပေါ့” ဟု ကိုယော မန်က ဆိုသည်။ချင်းပြည်နယ်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး CNA အပါအဝင် ဒေသကာ ကွယ် ရေးတပ်ဖွဲ့များနှင့် ဖွဲ့စည်းထားသော Chin land Joint Defense Committee-CJDC ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီး CDF မင်းတပ်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည်။ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ CDF မင်းတပ် အုပ်ချုပ်ထားသော နယ် မြေအတွင်း စာသင်ကျောင်း ၁၃၆ ကျောင်း ဖွင့်လှစ်ကာ သင်ကြားပေးနေပြီး စာအုပ်များနှင့် ခဲတံများလိုအပ်နေကြောင်း၊ ပြည်သူများအတွက်လည်း စားနပ်ရိက္ခာနှင့် တကိုယ်ရေသုံးပစ္စည်းများ လိုအပ်နေကြောင်း ကိုယောမန်က ပြောဆိုသည်။ khit thit

ထိုင်းတွင် မြန်မာအလုပ်သမားများကိုတင်လာသည့်ကား ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း၊ ကန်ကျနပူရီခရိုင်၊ ဆိုင်းယုတ်မြို့နယ်ထဲမှာ တရားမဝင် မြန်မာရွေ့ပြောင်းလုပ်သား ၁၀ ယောက်ကို တင် ဆောင်လာတဲ့ ကားတစ်စီး  စစ်ဆေးရေးဂိတ်မှာ ရပ်မပေးတဲ့အတွက် ထိုင်းလုံခြုံရေးက သေနတ်နဲ့လှမ်းပစ်ရာမှာ မြန်မာလုပ်သား တစ်ယောက်သေဆုံးပြီး တစ်ယောက် ပြင်းထန်စွာ ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းမှာဖော်ပြပါတယ်။

ဆိုင်းယုတ်မြို့နယ်  ဆိုင်းထောင်း – ဖူးနွဲ့ရွာကြား ကားလမ်းဘေးရှိတောထဲမှာ  ၂၈ ရက် မနက် ၁၀ နာရီခွဲလောက်က သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်း တစ်လောင်းနဲ့ ဒဏ်ရာပြင်းထန်တဲ့ အမျိုးသမီးတစ်ယောက်လာပစ်ထားတာတွေ့ရှိကြောင်း လူနာတင်ကားက အကြောင်းကြားတဲ့အတွက် အခင်းဖြစ်တဲ့နေရာ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုင်းယုတ်ရဲစခန်း တာဝန်ကျရဲအရာရှိက သတင်းထောက်ကို ပြောပါတယ်။

သေဆုံးသူမှာ အသက် ၂၈ နှစ်ရွယ် အောင်စိုးဖြစ်ပြီး ကျည်ဆန် လည်ပင်းမှ နဖူးကို ဖောက်ထွက်ပြီး ဦးနှောက်တွေပွင့်ထွက်နေကြောင်း ၊ လွန်ခဲ့တဲ့ ၁၀ နာရီလောက်က သေဆုံးခဲ့ဟန်ရှိတယ်လို့ ဆိုပါတယ်။

အမျိုးသမီးမှာ အသက် ၂၀ ရွယ်ရှိ မဝါဝါအောင်ဖြစ်ကာ ကျည်ဆန်က ညာဘက်ပုခုံးကိုဖောက်သွားပြီး ဒဏ်ရာပြင်းထန်တဲ့အတွက် ဆိုင်းယုတ်ဆေးရုံကြီးကို ပို့ပေးခဲ့တယ်လို့ ရဲအရာရှိက ပြောပါတယ်။

ဆက်လက်စုံစမ်းစစ်ဆေးချက်အရ သူတို့တွေဟာ မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာပြီး ၂၇ ရက် ည ၉ နာရီကျော်လောက်မှာတော့   စစ်ဆေးရေးဂိတ်နဲ့တွေ့ကြောင်း ၊ တာဝန်ရှိသူမှ စစ်ဆေးဖို့ တားဆီးလိုက်စဉ် ကားသမားကရပ်မပေးဘဲ မောင်းပြေးလို့အပစ်ခံရတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက အဆိုပါနေရာအနီးတဝိုက်ကို လိုက်လံရှာဖွေရာမှာတော့ တရားမဝင် မြန်မာ နောက်ထပ် ၇ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ 

မရှေးမနှောင်းမှာဘဲ မြန်မာတွေကို သယ်ဆောင်လာတဲ့ ထိုင်းလူမျိုးယာဉ်မောင်းသမား နိုင်း ဆန်ယား ကျန်ချိုင် ( ၄၁ နှစ်) က သူ့ရဲ့ အပစ်ခံရတဲ့ကားနဲ့အတူ ရဲစခန်းကို လာရောက်အဖမ်းခံခဲ့ပါတယ်။

သူ့ရဲ့ကားဟာလည်း M -16  သေနတ်နဲ့ ၅  ချက်အပစ်ခံရတဲ့အတွက် ကားတံခါး၊ ဘော်ဒီနဲ့ ကားနောက်ဘီးပါ ပေါက်ထွက်ပြီး ကားနောက်ခန်းဘက်မှာတော့ လူဦးနှောက်အသားစတွေ သွေးစတွေနဲ့ အဝတ်အစားတွေထည့်ထားတဲ့ ကျောပိုးအိတ် ၈ လုံးကိုပါ တွေ့ရှိတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အဆိုပါကားကို သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ကျေးရွာလုံခြုံရေးတပ်ဖွဲ့ဝင် နိုင်းခုမ်းဆတ် ( ၂၇ နှစ် ) ဆိုသူကို ကျေးရွာအုပ်ချုပ်ရေးမှူးက ရဲစခန်းသို့လာရောက်ပို့ဆောင်ပေးခဲ့ပါတယ်။

နိုင်းခုမ်းဆတ်က သူဟာ  ဇန်နဝါရီ ၂၇ ရက် ည ၉ နာရီလောက်က လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့အတူ တာဝန်ထမ်းဆောင်စဉ် မြန်မာနယ်စပ် ပေါင့်ထိကျေးရွာဘက်ကနေ ဝင်ရောက်လာတဲ့ကားတစ်စီးကို စစ်ဆေးဖို့ လက်ပြတားဆီးခဲ့ကြောင်း၊ ကားသမားက ရပ်မပေးတဲ့အပြင် အရှိန်မြှင့်ပြီး သူ့ကိုဝင်တိုက်လို့ အလျင်အမြန်တိမ်းရှောင်ခဲ့ရကြောင်း ၊ အဲဒီနောက် အဆိုပါကားနောက်ကို သေနတ်နဲ့ ၅ ချက်လှမ်းပစ်လိုက်တယ်လို့  ဖွင့်ဟဝန်ခံသွားပါတယ်။

ဆိုင်းယုတ်ရဲစခန်းက နိုင်းခုမ်းဆတ်ကို လူသေစေမှု၊ တမင်ရည်ရွယ်ပစ်ခတ်မှုစတဲ့ပြစ်မှု ၂ မှု စွဲချက်တင်ထားပြီး ကျန်တဲ့ယာဉ်မောင်းသမားနဲ့ မြန်မာလုပ်သားတွေကိုလည်း အရေးယူဖို့ ဆက်လက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ကန်ကျနပူရီခရိုင်ဘက်မှာ မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာသူတွေ နေ့ တိုင်းလိုလို ဖမ်းဆီးရမိပြီး မနေ့ ည ၈ နာရီကလည်း ဆန်ခလပူရီမြို့နယ် လန်းတီးတံတားနားမှာ မြန်မာ  အမျိုးသား ၁၃ ယောက် အမျိုးသမီး ၇ ယောက် စုစုပေါင်း အယောက် ၂၀ ကိုဖမ်းဆီးရမိပြီး ယာဉ်မောင်းသမားကတော့ တာဝန်ရှိသူတွေစစ်ဆေးဖို့ ကားကိုရပ်ပေးလိုက်တာနဲ့ အမှောင်ထဲ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ကန်ကျနပူရီဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။ DVB

« Older Entries