မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို PDF ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၊ စစ်သားနှင့်ရဲများ ထွက်ပြေးပြီး မိသားစုဝင်များကို ဖမ်းမိသော် လည်း ပြန်လွှတ်ပေးခဲ့၊ လက်နက် ၉ လက်နှင့်ခဲယမ်းများသိမ်းဆည်းရမိ

မကွေးတိုင်း၊ မြိုင် လင်းကတောရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက် မီးရှို့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း မြိုင် PDF က သတင်းထုတ်ပြန်သည်။

မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ယနေ့ မွန်းလွဲ နာရီ ဝန်းကျင်ခန့်က မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို ရေစကြိုမြို့နယ်ပြည်သူကာ ကွယ်ရေးတပ်ဖွဲ့၊ဆားလင်းကြီးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ် ၃ ဖွဲ့ ပူးပေါင်း၍ ၁ နာရီကြာတိုက်ပွဲ ဆင်နွဲပီး အောင်မြင်စွာ စခန်းအားတိုက်ခိုက်သိမ်းပိုက်မီးရှို့နိုင်ခဲ့ကြောင်း၊ ပုသိမ်မုံရွာလမ်းဆုံ တွင်ရှိသော ဂိတ်စခန်းအားလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကောင်စီတပ်များ ဒဏ်ရာများဖြင့်စခန်းစွန့်ခွာထွက်ပြေးခဲ့သဖြင့် မိသားစုဝင်များကို ဖမ်းဆီးရမိသော်လည်း ပြည်သူလူထုဘက်တွင် ရပ်တည်ကြရန် မှာကြားပြီး လွှတ်ပေးခဲ့ကြောင်း မြိုင် PDF က သတင်းထုတ် ပြန်သည်။

“မြိုင် လင်းကတော ရဲစခန်း ကို ကျနော်တို့ PDF ဘက်က ဝင်ပစ်ပါတယ်။ စခန်းကို ဖျက်ဆီးပစ်နိုင်လိုက်တယ်။ သူတို့ဘက်က စစ်ကြောင်းတွေ ထပ်ထိုးလာတယ်။ အားလုံးဘေးကင်းကင်း ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု မြိုင်PDF ရဲဘော်တစ်ဦးက ပြောသည်။

မြိုင် PDF အနေဖြင့် G-3 ၅ လက် နှင့် ကျည် ၄၀၀ ၊အူစီ ၃ လက် နှင့် ကျည် ၂၀၀ ၊ ခြောက်လုံးပျူး ၁ လက်၊ ဗုံးသီး ၇ လုံး၊ လက်တော့ ၂ လုံး ၊ပရင်တာ ၁ လုံး ၊ဆိုင်ကယ် ၄ စီး သိမ်းဆည်းရမိကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s