နမ္မတီး – လဝါးလမ်းရှိ မရန်ကထောင်ဂိတ်ကို စစ်တပ်က ၂ ရက်ကြာ ပိတ်

မြစ်ကြီးနား – ဖားကန့် လမ်းပိုင်း၊ နမ္မတီး -လဝါး လမ်းရှိ မရန်ကထောင်ဂိတ် ဖြတ်သန်း သွားလာခွင့်ကို စစ်ကောင်စီက ဇန်နဝါရီ ၂၈ ရက် နှင့် ၂၉ ရက်နေ့များတွင် ပိတ်ခဲ့သည်။ ထိုလမ်းကို စစ်ကောင်စီက နှစ်ရက်ကြာ ပိတ်ထား၍ ခရီးသွားပြည်သူများသည် မိုးကောင်း-ကားမိုင်း လမ်းကို တကူးတက ပတ်ပြီး အသုံးပြုရသည့်အတွက် ခရီး ပိုမိုကြာမြင့်သလို လမ်းမကောင်းသည့် အတွက် အခက်ကြုံရကြောင်း ခရီးသွားအချို့က ပြောသည်။
လဝါး လမ်းပိုင်းရှိ ထမင်းဆိုင်များမှာလည်း လမ်းပိတ် ထားသည့်အတွက် ဈေးမရောင်းရဟု ဆိုသည်။ အဆိုပါ ဖားကန့်လမ်းပိုင်းသည် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ် (KIA) တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်များ မိုင်းခွဲခံရခြင်း၊ ချုံခို တိုက်ခိုက် ခံရခြင်းများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် နေရာလည်းဖြစ်သည်။mizzima