Monthly Archives: Feb 2022

လှိုင်သာယာ ကင်းလှည့်စစ်ကောင်စီတပ်ကားဗုံးဖောက်ခွဲခံရ

ရန်ကုန် လှိုင်သာယာမြို့နယ် မီးခွက်စျေးအောက်ထိပ်လမ်းမပေါ်တွင် သွားလာနေသည့် ကင်းလှည့်စစ်ကောင်စီတပ်ကားသည် ဖေဖော်ဝါရီ ၄ရက် ညနေ ၄နာရီ ၃၀မိနစ်က ဗုံးဖောက်ခွဲခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

‘ကင်းလှည့်နေရင်း ဗုံးထပေါက်တာ။ လမ်းပေါ်ဖြတ်သွားတဲ့ကား အဖောက်ခံရတာပေါ့’’ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဖောက်ခွဲမှုကို From Zero To Hero (ZTH) နှင့် Spring Revolution Flames( SRF) မြို့ပြပျောက်ကျားတော်လှန်ရေးအဖွဲ့မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟုလည်း ၎င်းတို့လူမှုကွန်ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်တွင် ဗုံးသုံးလုံးကြိုတင်စီစဉ်ပြီး ဖောက်ခွဲခဲ့ကြောင်းနှင့် ဖောက်ခွဲမှုကြောင့် စကစ ကားနောက်ဆုံးတစ်စီးမှာ ပိုမိုထိမှန်ခဲ့ပြီး အထိခိုက်ရှိခဲ့သည်ဟု ဖော်ပြထားသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မီးခွက်စျေးအောက်ထိပ် ကို ဆိုင်ကယ်နှစ်စီးကန့်လန့်ဖြတ်ကာ လမ်းပိတ်ထားခဲ့ပြီး အဆိုပါနေရာတွင် စစ်သား ခုနှစ်ဦးခန့်ရှိနေသည်ဟု သိရသည်။ ထို့အပြင် စက်မှုဇုန်ဘက်အခြမ်းတွင် စစ်သားများ ၊ လှိုင်သာယာလူမိုက်များနှင့် အုပ်ချုပ်ရေးမှူးများ ရှိနေပြီး ဘု ရားလမ်းဘက်တွင် စစ်ကောင်စီတပ်ဆယ်ဦးခန့်နှင့် စစ်ကားတစ်စီးကိုလည်း တွေ့မြင်ရသည်ဟု ဒေသခံများက ပြောသည်။ mizzima

PDF အကာအကွယ်ဖြင့် စစ်အာဏာရှင်ဆန့် ကျင်ရေး ကနီလူထုသပိတ်တိုက်ပွဲ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲကို ဖေဖော်ရီ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပြီး  မြို့နယ်ကာကွယ်ရေးတပ်တွေက လာရောက်အကာအကွယ်ယူပေးခဲ့ပြီး  အားဖြည့်ခဲ့ပါတယ်။ 

မုံရွာပင်မသပိတ်မှ မချောစုစံ၊ အနောက်မြောက်လွင်ပြင်သပိတ်ဦးဆောင်သူနဲ့ မန္တလေး သပိတ်တက်ကြွလှုပ်ရှားသူတို့လည်း ပူးပေါင်းဝန်းရံကာ လူထုကိုဟောပြောခဲ့ပါတယ်။

အနောက်မြောက်လွင်ပြင်ဒေသသပိတ်ဦးဆောင်သူက “မိဘပြည်သူများ သွေးအေးသွားပြီလား၊ ကနီမြို့နယ်ကိုကြည့်ပါ။ ကနီသား/သူတွေရဲ့ ညီညွတ်မှုကတော့ ကျနော့်ကို ရှေ့ဆက်ဖို့ ခွန်အားတွေ အများကြီး ပေးလိုက်သလိုပါပဲ။ စစ်(-) သင်္ချိုင်း၊ စစ်ကိုင်းတိုင်း” လို့ ပြောပါတယ်။

ကနီမြို့နယ်ဟာ အင်အားကောင်းသပိတ်များ ဖော်ဆောင်နိုင်တဲ့ နယ်မြေတစ်ခုဖြစ်သလို၊ သပိတ်တရားပွဲတွေလည်း နေ့တိုင်းရှိနေပြီး ဒီနေ့သ ပိတ်ကိုလည်း ရွာသားအင်အား အများအပြား ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ 

ဒီလို အင်အားကောင်းသပိတ်တွေကြောင့် စစ်ကောင်စီကရွာတွေကိုမီးရှို့ပြီး အပြစ်မဲ့ပြည်သူတွေကို အရှိန်မြှင့်သတ်ဖြတ်တာတွေ လုပ်ဆောင်နေပေမဲ့ ပြည်သူတွေကတော့ ကြောက်ရွံ့မသွားဘဲ နာကြည်းချက်တွေနဲ့ ဆက်လက်တိုက်ပွဲနေကြဆဲပါ။ DVB

မတူပီမှ ဆင်းလာသော စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်က မိုင်တိုင် ၂၀ တွင် တိုက် ခိုက်၊ တိုက်ပွဲပြင်းထန်ပြီး စစ်သား ၇ ဦး ထက်မနည်းသေဆုံး

ချင်းပြည်နယ်၊ မတူပီမှ ပြန်လည်ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်က မင်းတပ်-မတူပီလမ်း မိုင်တိုင် ၂၀ တွင် ယနေ့ ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးထက်မနည်းသေဆုံးကြောင်း၊ တိုက်ပွဲပြင်းထန်ခဲ့ကာ သံချပ်ကာအမြှောက်ကားများ၊ မင်းတပ် ခလရ ၂၇၄ တပ်ရင်းမှ လက်နက်ကြီးပစ်ကူများ ပေးကြောင်း CDF မင်းတပ်ထံမှ သိရှိရသည်။

“ဒီနေ့ နေ့လယ် ၂ နာရီကနေ ညနေ ၄ နာရီလောက်ထိ မင်းတပ်-မတူပီလမ်း မိုင်တိုင် ၂၀ မှာ တိုက်ပွဲဖြစ်တယ်၊ ဒီနေ့တိုက်ပွဲက ပြင်းထန်တယ်။ စကစက သံချပ်ကာ ယဉ်တွေနဲ့ ပစ်တယ်၊ မင်းတပ် ခလရ ၂၇၄ တပ်ရင်းကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ကျနော်တို့ ခြုံခိုပစ်ခတ်တဲ့အချိန်မှာ ၃ ယောက် ၄ ယောက်လောက် သေဆုံးတယ်ပေါ့နော်၊ မိုင်းထိလို့ ၄ ယောက်လောက် သေနိုင်တယ်၊ ဒီနေ့ဆို စုစုပေါင်း ၇ ယောက်လောက် သေမယ်၊ ဒဏ်ရာရတာတွေ များမယ်” ဟု CDF မင်းတပ် ပြောခွင့်ရ ကိုယောမန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။

မတူပီမှာ ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်က မိုင်တိုင် ၇၀ မှစတင်ကာ တောက်လျှောက် စောင့်ကြိုတိုက်ခိုက်လာခဲ့ကြောင်း သိရှိရပြီး ယနေ့တိုက်ပွဲတွင် CDF မင်းတပ်ဘက်မှ ထိခိုက်မှုမရှိကြောင်း၊ ယမန်နေ့ ၂၈ မိုင် တိုက်ပွဲတွင် ၁ ဦး မစိုးရိမ် ဒဏ်ရာရကြောင်း သိရှိရသည်။

အဆိုပါယာဉ်တန်းသည် မတူပီမှ စတင်ထွက်ခွာလာစဉ် CDF မတူပီတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး မိုင်တိုင် ၇၀ မှ စတင်ကာ CDF မင်းတပ်က တိုက်ခိုက်နေခြင်းဖြစ်သည်။

မိုင် ၁၀၀ ဝန်းကျင်ခန့်ကွာဝေးသော မတူပီ-မင်းတပ်လမ်းအတိုင်း ဖြတ်သန်းလာသော စစ်ကောင်စီယာဉ်တန်းသည် မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံရမှုများကြောင့် ယနေ့ ၁၂ ရက်အကြာတွင် မိုင် ၈၀ ခန့်သာ ရောက်ရှိနေခြင်းဖြစ်သည်။ khit thit

အိန္ဒိယက ဗိုလ်ရှုသဘင်အတွက် ပေးပို့သည့် စစ်ကောင်စီ မြင်းသယ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကောင်စီ ကျင်းပမည့် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ ဗိုလ်ရှုသဘင်အတွက် အိန္ဒိယနိုင်ငံက ပို့ပေးသည့် မြင်းလိမ္မာများ တင်ဆောင်လာသည့် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်ကောင်စီ တပ်သား ၁၅ ဉီး သေဆုံးကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့က ပြေ ာသည်။

ယနေ့ ဖေဖော်ဝါရီလ ၄ ရက်တွင် မြင်းများ သယ်ဆောင်လာသည့် အစီး ၁၀၀ ပါ စစ်ကောင်စီ ယာဉ်တန်း ချောင်းဉီးမြို့သို့ အရောက် အစီး ၃၀ ရှေ့ပြေးအဖြစ် ခွဲထွက်ခဲ့ရာ နေ့လည် ၁၁ နာရီခန့်တွင် ထီးဆောင်းနှင့် မူးဝရွာထောင်ဇရပ် အကြား ပ‌ဒေသာမိုင်း နှစ်လုံးဆွဲ တိုက်ခိုက်ခြင်း ဖြစ် ကြောင်း မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဉီးက ဆိုသည်။

“မြင်းသယ်လာတဲ့ ကားတန်းထဲက ရှေ့ဆုံးက ထွက်လာတဲ့ ကားနှစ်စီးကို ပဒေသာမိုင်းနဲ့ ဆွဲခဲ့တာ ထိထိမိမိဘဲဗျ၊ အနောက်က ကားတွေထဲက ရမ်းသန်းပြီး ပြန်ပစ်ခတ်တာတွေ ဖြစ်ခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က RPG အပါအဝင် လက်နက်ငယ်များနှင့် ပြန်လည် ပစ်ခတ်ခဲ့ သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက် မရှိကြောင်း ဆိုသည်။

ယခု စစ်ဆင်ရေးအား Black Eagle Defence Force-MMU ၊ မြင်းမူလျှပ်စီးတပ်ဖွဲ့ ၊ Myin Mu Defence Force၊ မြောင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM အဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နောက်ဆုံး ရရှိသော သတင်းများအရ မြင်းများ တင်ဆောင်လာသည့် စစ်ကောင်စီ ယာဉ်တန်း စစ်ကိုင်းမြို့ကို ကျော်လွန်၍ မန္တလေးမြို့သို့ ဆက် လက် ထွက်ခွာသွားကြောင်း ဒေသခံများထံမှ သိရသည်။ mizzima

ဇန်နဝါရီလတွင် ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှု တန်ချိန် သုံးသောင်းကျော် လျော့ကျ

ဇန်န၀ါရီလမှာ မြန်မာနိုင်ငံကနေ  ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့မှုက  အရင်လတွေနဲ့ယှဥ်ရင် လျော့နည်းကျဆင်းနေတာကို မြန်မာနိုင်ငံဆန်စ ပါးအသင်းချုပ်( MRF) က လစဥ်ထုတ်ပြန်တဲ့ တင်ပို့မှု စာရင်းတွေအရသိရပါတယ်။

စစ်ကောင်စီပြောင်းလဲထားတဲ့ ကြားကာလ ဘတ်ဂျက်မှာ ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှု လစဥ်မြင့် တက်လာခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဇန်န၀ါရီ တင်ပို့မှုမှာ စတင်လျော့ကျလာခဲ့တာပါ။

ကြားကာလ ဘတ်ဂျတ်ပထမလ ဖြစ်တဲ့ အောက်တိုဘာလမှာ တင်ပို့နိုင်ခဲ့တဲ့ ပမာဏက တန်ချိန် ၂ သိန်း ၁ သောင်းကျော်ရှိပြီး၊ နို၀င်ဘာလမှာ တန်ချိန် ၂ သိန်း ၈ သောင်းကျော်၊ ဒီဇင်ဘာလမှာ တန်ချိန် ၃ သိန်းကျော်ထိ  တစ်လထက်တစ်လ တင်ပို့မှု မြင့်တက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလမှာတော့ တန်ချိန် ၂ သိန်း ၇ သောင်း၀န်းကျင်သာ တင်ပို့နိုင်ခဲ့တာဖြစ်လို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနဲ့ ယှဉ်ရင် တန်ချိန် ၃ သောင်း ကျော် ပမာဏတင်ပို့မှုလျော့ကျခဲ့တာဖြစ်ပါတယ်။

ဇန်န၀ါရီလအတွင်း  အိုင်ဗရီကို့စ်၊ တရုတ်၊ နယ်သာလန်၊ အန်ဂိုလာ၊ ကင်မရွန်း၊ နိုင်ဂျီးရီးယား၊ ပြင်သစ်နိုင်ငံတွေကို အများဆုံးတင်ပို့ခဲ့ပြီး၊ တ ရုတ်နိုင်ငံရဲ့ ၀ယ်ယူမှုကတော့ ဇန်န၀ါရီမှာ လျော့ကျခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိ ကြားကာလဘတ်ဂျက် ၄ လအတွင်းမှာ  ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၁ ဒသုမ ၀၇၁ သန်းကျော် တင်ပို့ရောင်းချထားပြီး ဖြစ် တဲ့အတွက် ဒီပမာဏဟာ ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ကာလတူမှာ တင်ပို့နိုင်မှုနဲ့  ယှဥ်ရင်တော့  တန်ချိန် ၃သိန်းကျော် ပိုတင်ပို့နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်ကနေ  ၂၀၂၁ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်အထိမှာ ၃ လခွဲအတွင်း ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့နိုင်မှုက တန်ချိန် ၇ သိန်း ၂ သောင်းကျော်သာ ရှိခဲ့ပါတယ်။

ကိုဗစ်ကန့်သတ်ချက်တွေကြောင့် တရုတ်နယ်စပ်ကနေ ဆန်နဲ့ဆန်ကွဲ အထွက်နည်းပေမဲ့ ပင်လယ် ရေကြောင်းတင်ပို့မှု  အားကောင်းနေတာကြောင့် တင်ပို့မှုပိုမို မြင့်တက်ခဲ့ပါတယ်။

လေးလအတွင်း ပင်လယ်ရေကြောင်းကနေ ဆန်နဲ့ ဆန်ကွဲ တန်ချိန်  ၁ သန်းကျော် တင်ပို့ရောင်းချထားပြီး၊ နယ်စပ်လမ်းကြောင်းကနေ တန်ချိန် ၆ သောင်းကျော်သာ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။

မြန်မာ့ဆန်ကို တရုတ်နိုင်ငံကို အများဆုံးတင်ပို့နေတာဖြစ်ပြီး၊ တခြားအာဆီယံနိုင်ငံတွေ၊ အီးယူနိုင်ငံတွေ၊ အာဖရိစျေးကွက်နိုင်ငံတွေနဲ့ တခြားနိုင်ငံတွေကို  တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။ DVB

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာရေး ပြန်ကောင်း၍ ယနေ့ရုံးချိန်း တက်ရောက်၊ သမ္မတ ဦးဝင်းမြင့်နှင့်အတူ အမှု ၂ မှု အစစ်ဆေးခံ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသဖြင့် ယနေ့ ရုံးချိန်းကို တက်ရောက်ခဲ့ပြီး ၎င်းကို စွဲဆိုထားသော အဂတိမှုများထဲမှ နှစ်မှုကို စတင်စစ်ဆေး ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူထံက သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ နှစ်ဦးကို ရဟတ်ယာဉ် ငှားရမ်း သုံးစွဲခဲ့မှုဖြင့် သီးခြား စွဲဆိုထားသော အမှု နှစ်မှုကို နေပြည်တော် ဇဗ္ဗူသီရိ မြို့နယ် အထူးသီးသန့် တရားရုံး၌ ယနေ့ ရုံးထုတ် စစ်ဆေးခြင်း ဖြစ်သည်။

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအစဉ်များအတွက် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်များအတွင်း ရဟတ်ယာဉ် ငှားရမ်းသုံးစွဲခဲ့သည့် အပေါ် အဂတိမှု ပုဒ်မ (၅၅) ဖြင့် စွဲဆို ထားသော အမှု နှစ်မှုကို ကြားနာ စစ်ဆေးခြင်းဖြစ်ပြီး ယင်းအမှု နှစ်မှုမှာ ရာဇဝတ်ကြီးအမှု အမှတ် (၄၆ )နှင့် (၄၇) အမှု နှစ်မှုတို့ ဖြစ်သည်။

နိုင်ငံ့ ခေါင်းဆောင် နှစ်ဦးစလုံး ရုံးတော်သို့ ရောက်ရှိလာကြပြီး ဒေါ်အောင်ဆန်းစုကြည်က ခေါင်းအနည်းငယ် မူးရုံမှ လွဲ၍ ခေါင်းဆောင် နှစ်ဦးစလုံး ကျန်းမာရေး ကောင်းမွန်ကြသည်။

“ အခုတော့ ကျန်းမာရေး ကောင်းပါတယ်။ မနေ့က လျှို့ဝှက်အက်အတွက် ရုံးထုတ်မှာ ဦးစိုးဝင်းရော၊ ဦးကျော်ဝင်းရော နှစ်ယောက်စလုံးက ဆေးရုံတက်နေရတယ်။ အစစ်ခံဖို့ ဘယ်သူမှ မရှိဘူး။ ဒေါ်စုကလည်း ခေါင်းနည်းနည်း မူးနေတယ် ဆိုတာနဲ့ အဲ့ဒီအမှုအတွက် ရုံးချိန်း ပြန်ချိန်းဆို လိုက်တာပါ။ ဒီနေ့တော့ ကျန်မာရေး ကောင်းပါတယ် ” ဟု တရားရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောပြသည်။

ယနေ့ ရုံးချိန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (ACC) မှ အရာရှိ တစ်ဦး ဖြစ်သူ ဦးအောင်ခန့်က အမှုနှစ်ခုလုံး အတွက် သက် သေ ထွက်ဆိုသည်။ ၎င်းသည် အမှုအတွက် ပထမ သတင်းပေး တိုင်ချက် (FIR) တင်သွင်းခဲ့သူလည်း ဖြစ်သည်။

အမှုနှင့် ပတ်သက်၍ ကြားနာနေစဉ် ဦးအောင်ခန့် တင်သွင်းသည့် သက်သေ စာရွက်စာတမ်းများကို ရှေ့နေ အဖွဲ့က ကန့်ကွက် ခဲ့သဖြင့် တရား သူကြီးက ယင်းကိစ္စ ဆုံးဖြတ်ချက်ချရန် ဖေဖော်ဝါရီလ ၁၈ ရက်သို့ ပြန်လည် ချိန်းဆိုလိုက်သည်။

ထို့အပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ပြ စီမံကိန်းများ အကောင်အထည် ဖော်နိုင်ရန် အမေရိကန်ဒေါ်လာ ခြောက်သိန်း နှင့် အကယ်ဒမီ အခေါက်ရွှေ ခုနစ်ပိဿာ လာဘ်ထိုး ခဲ့ရပါသည် ဟုဆိုသော အဂတိအမှု တစ်မှုအတွက်လည်း ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ဆက်လက် စစ်ဆေးရန် ချိန်းဆိုထားသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက ယခင် စွဲဆိုထားသည့် အဂတိအမှု ငါးမှုကိုမူ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ဆက်လက် ကြားနာမည် ဖြစ်သည်။

လက်ရှိ အဂတိ ၁၀ မှု ဖြင့် တရားရင်ဆိုင် နေရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နောက်ထပ် အဂ တိမှု တစ်မှုဖြင့် ထပ်တိုး အမှု ဖွင့်ထားသည်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး အခြေအနေကြောင့် ယမန်နေ့က ပြု လုပ်သော ရုံးချိန်းကို တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ mizzima

အကြမ်းဖက်မှုရှိနေပါက ရွေးကောက်ပွဲကျင်း ပနိုင်မည်မဟုတ်ဟု အကြမ်းဖက် ဒုစစ်ခေါင်း ဆောင်ပြော

အကြမ်းဖက်မှုတွေရှိနေပါက ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းရှိမှာ မဟုတ်ဘူးလို့ အာဏာသိမ်း စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယတပ်မ တော်ကာကွယ်ရေးဦးစီးချုပ်  ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက‌ ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၃ ရက်က  ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမမှာ  ဌာနဆိုင်ရာဝန်ထမ်းတွေ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

“တည်ငြိမ်အေးချမ်းပြီး အကြမ်းဖက်မှု မရှိမှသာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အစမှအဆုံး အောင်မြင်နိုင်မှာဖြစ်တယ်။ အောင်မြင်နိုင်အောင်လည်း ပြည်သူတစ်ရပ်လုံးက ယုံမှားသံသယကင်း ရှင်းစွာနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့လိုအပ်တယ်၊ အ ကြမ်းဖက်မှု ရှိနေပါလျှင် ရွေးကောက်ပွဲ ကျင်းပ နိုင်ခြင်းရှိမှာမဟုတ်ဘူး၊ ရွေးကောက်ပွဲအား ကျင်းပနိုင်ခြင်း မရှိပါက အနိုင်ရကိုယ်စားလှယ်လောင်း၊  နိုင်ငံတော်အကြီးအကဲများ၊ အစိုးရအဖွဲ့တွေ ပေါ်ထွက်လာနိုင်မှာ မဟုတ်တာကို ယနေ့ မတရား အာဏာသိမ်းခြင်းနဲ့ အာဏာဝင် ရောက်ထိန်းသိမ်းဆောင် ရွက်နေမှုအပေါ် အယူအဆနဲ့ ယုံကြည်မှု လွဲမှားလျက် အကြမ်းဖက်လမ်းစဉ်ကို လျှောက်လှမ်းနေသူတွေနဲ့ မြှောက် ပင့်ပေးနေသူတွေ သတိပြုဖို့ လိုအပ်တယ်၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ ပေးထားတဲ့ ကတိအတိုင်း ဆက်လက်ဆောင် ရွက် သွားမယ်” လို့ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ဒုခေါင်းဆောင်  ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ  ဖေဖော်ဝါရီလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ကယား(ကရင်နီ) ပြည်နယ်ကိုရောက်ရှိခဲ့ပြီး  စစ်ကောင်စီတပ်တွေကို သွားရောက်အားပေးခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်က ဘောလခဲမြို့ရှိ တပ်မတော်မိသားစုနဲ့တွေ့ဆုံပြီး အားပေးစကားတွေ ပြောခဲ့သလို ဇန်နဝါရီ ၃ ရက်နေ့မှာလည်း လွိုင်ကော်မြို့က တပ်မတော်အရာရှိစစ်သည်တွေကို တွေ့ဆုံအားပေးခဲ့ကြောင်း ဇန်နဝါရီ ၃ ရက်နေ့က နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။

တပ်တွင်းစစ်လုံးညီညွတ်မှုကိုတည်ဆောက်ပြီး စစ်ရေးအသိ၊ စစ်ရေးသတိနဲ့ နေထိုင်သွားလာလှုပ်ရှားဖို့ လည်း  ပြောဆိုခဲ့ပါတယ်။

လွိုင်ကော်တပ်နယ်နဲ့၊ ဖယ်ခုံတပ်နယ်က အရာရှိစစ်သည်မိသားစုတွေနဲ့ တွေ့ဆုံပြီး  စစ်ကောင်စီအနေနဲ့ အရေးပေါ်ကာလ ကန့်သတ်ချက်နဲ့အ ညီ ဆက်လက်ဆောင်ရွက်သွားဖို့ရှိ ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းဟာ  ဖေဖော်ဝါရီ  ၃ ရက်  လွိုင်ကော်မြို့ရှိ RCခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ကေ့ထိုးဘိုး(တံခွန်တိုင်) အဖွဲ့များမှ ဘာသာ ရေးခေါင်းဆောင်များအား ပြည်နယ်စိုးရအဖွဲ့ရုံးခန်းမမှာ တွေ့ဆုံခဲ့ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ တိုက်ပွဲတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း ROE နဲ့အညီ ကျင့်သုံးလိုက်နာဆောင်ရွက်စေပြီး အရေးပေါ်ကာလတစ်လျှောက် အနိမ့်ဆုံးအဆင့် အနည်းဆုံး အင်အားကိုအသုံးပြုပြီး ဥပဒေနဲ့အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

တကယ့်လက်တွေ့ မြေပြင်မှာတော့ စစ်အင်အားလုံးအရင်းနဲ့ မြေပြင်ကရော ဝေဟင်ကပါ စစ်ကောင်စီတပ်ကတွေ ပစ်ခတ်တိုက်ခိုက် အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ် ခြိမ်းခြောက်တာ၊ ပြည်သူပိုင် အဆောက်အဦတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်  ဖောက်ခွဲ ဖျက်ဆီးမှုတွေ လုပ် ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ခရစ္စမတ်အကြိုနေ့ ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး စစ်ကောင်စီတပ်တွေက အပြစ်မဲ့ပြည်သူတွေကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သေဆုံးသွားသူတွေရဲ့ မိသားစုတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောထားပါတယ်။ 

စစ်ကောင်စီဒု-ဥက္ကဋ္ဌ လွိုင်ကော်ကိုရောက်ရှိစဉ် မြို့တွင်းလမ်းတချို့ ပိတ်ထားသလို ဝေဟင်မှာလည်း တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ ပျံဝဲတာမျိုးလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ ဒုခေါင်းဆောင် ပြန်သွားပြီးနောက်  ဒီကနေ့ မနက်ပိုင်းမှာလည်း လွိုင်ကော်ကနေ ဒီးမော့ဆိုဘက်ကို လက်နက်ကြီးတွေနဲ့ တိုက် ခိုက်မှုတွေ ရှိနေသလို နေ့လယ်ပိုင်းကလည်း မြို့တွင်း တိုက်ပွဲတခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ DVB

နမ္မတူမြို့နယ်တွင် အဓမ္မကျင့်ခံရသော အမျိုး သမီးသေကြောင်းကြံစည်မှုဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင် TNLA တပ်ဖွဲ့ဝင်တစ်ဦး၏ အဓမ္မကျင့်ခံခဲ့ရသော အသက် ၁၅ နှစ်အရွယ် အ မျိုးသမီးသည် ပိုးသတ်ဆေးသောက်ကာ သေကြောင်းကြံစည်ခဲ့ကြောင်း ဒေသခံထံက သတင်းရရှိသည်။

ထိုအမျိုးသမီးသည် ရှက်ရွံ့မှုကြောင့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ယင်းသို့ ကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးနှင့် TNLAတပ်သား တို့မှာ ယခင်က သမီးရည်းစားများ ဖြစ်သော်လည်း ပြတ်စဲသွားပြီး‌နောက် ဇန်နဝါရီလ ၂၃ ရက်တွင် အမျိုးသမီးငယ်၏ အိမ်သို့လာရောက်ကာ အဓမ္မကျင့်ခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအရအမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြေ ာသည်။

“အရင်ကတော့ သူတို့ကြိုက်ဖူးတယ်။ အဲ့နောက်ကောင်မလေးက သူ့ကို ဖြတ်လိုက်တယ်လို့ သိရတယ်။ အဲ့ဒီနေ့မနက်ကြတော့ ကောင်မလေးအိမ်ကိုသူရောက်လာတယ်။ အိမ်မှာဘယ်သူမှလည်း မရှိတော့ ကောင်မလေးကို အဓမ္မကျင့်တယ်။ ကောင်မလေး ငိုသံ၊ အော်သံတွေကြားလို့ အိမ်နီးချင်းတွေသွားတော့မှ အဓမ္မကျင့်နေတာကိုတွေ့လို့ ဝိုင်းဖမ်းကြတာ” ဟုပြောသည်။

အဆိုပါ စစ်သားအား ပန်လုံကျေးရွာတွင် တပ်စွဲထားသော TNLA တပ်ဖွဲ့မှ လာရောက်ခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးထားကာ အရေးယူသွားမည်ဟု ဒေသခံများကို ပြောဆိုခဲ့ကြောင်း သိရသည်။

အခြားဒေသခံတစ်ဦးကလည်း TNLA တပ်ဖွဲ့မှ တာဝန်ရှိသူအချို့က အဓမ္မကျင့်ခံရသူအမျိုးသမီး၏ အိမ်သို့ လျော်ကြေးငွေ ကျပ် ၁၀ သိန်းဖြင့် ယခုဖြစ်ရပ်ကို ဆက်လက် မကြီးထွားစေရန် လာရောက် ညှိနှိုင်းခဲ့သည်ဟု ပြောသည်။

“သတင်းက ပန်လုံတစ်ရွာလုံးပျံ့တော့ ကောင်မလေးကအရမ်းရှက်ပြီး ပုရွက်ဆိတ်သတ်တဲ့ ဆေးမှုန့်တွေသောက်တယ် ။ သူ့အိမ်ကအသိမြန်လို့ ” ဟုပြောပါသည်။

ယခုအဓမ္မကျင့်ခံရမှုဖြစ်စဥ်အား မီဒီယာများနှင့် ပြင်ပသို့ သတင်းမပေါက်ကြားစေရန် ကျေးရွာအုပ်ချုပ်ရေးမှူးအား TNLA တပ်ဖွဲ့မှ ဖိအားပေးထားပြီး ဒေသခံများမှာလည်း ၎င်းတို့၏လုံခြုံရေးအတွက်စိုးရိမ်လျက်ရှိသည်။ mizzima

« Older Entries