မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံး

khit thit
khit thit
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်တပ်က ဖမ်းသွားသော ချင်းတိုင်းရင်းသူ ဆယ်ကျော်သက် မိန်းကလေး ၂ ဦးနှင့် သူတို့၏ မိခင်ကို ၂၄ နာရီမပြည့်ခင် မီးရှို့သတ်ဖြတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
ကလေးမြို့တောင်ပိုင်းကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ယမန်နေ့ (ဖေဖော်ဝါရီ ၂၃)က ချောင်းခွရွာမှ အသက် ၄၀ အရွယ် ဒေါ်ငွန်ဇလျန်၊ ၁၆ နှစ်အရွယ် မချန်းနွန်ကြွန်း၊ ၁၄ နှစ်အရွယ် မငွန်ဇာချန်းတို့ကို သံဖိုရွာရှိ ယာတောအိမ်မှ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (ကလေး၊ ကဘော်၊ ဂန့်ဂေါ) (CDF KKG) တပ်ရင်း ၃ မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“သူတို့က နေကြာခင်းထဲမှာ ပုန်းနေတယ်။ စစ်သားတွေက သူတို့ဆီကို လာပြီးတော့ သေနတ်တွေ ဖောက်ပြီးတော့ မင်းတို့ မထွက်လာရင်တော့ မင်းတို့ရှိတဲ့နေရာတွေသိတယ်၊ မီးရှို့မယ်လို့ ခြိမ်းခြောက်လိုက်တယ်။ သူတို့ကလည်း သားအမိသုံးယောက် ထွက်တော့တာ။ ဖမ်းချုပ်တော့တာ” ဟု ဒေသခံများကို ကိုးကား၍ ထိုသူက ပြောသည်။
ထိုသို့ ဖမ်းဆီးသွားပြီးနောက် သံဖိုကျေးရွာအရှေ့ဘက် ယာတောတဲတစ်ခုအတွင်းမှ သေနတ်သံ ၃ ချက် ကြားလိုက်ရကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် ထိုတဲကို CDF များက သွားရောက်ကြည့်ရှုရာ မီးလောင်ကျွမ်းနေသည့် အရိုးစုများကို တွေ့ရှိရခြင်း ဖြစ်ကြောင်း CDF KKG က ထုတ်ပြန်ထားသည်။
မိသားစုဝင် ၃ ဦး၏ ရုပ်ကြွင်းများဖြစ်သည်ဟု ယုံကြည်ကြောင်း၊ စစ်တပ်က ပစ်သတ်ပြီးနောက် တဲအိမ်နှင့်အတူ မီးရှို့လိုက်သည်ဟု ယူဆကြောင်း CDF KKG ဘက်က ဆိုသည်။
“ ပျောက်တဲ့သူက အဲ့ဒီသားအမိသုံးယောက်ပဲရှိတော့ အတည်ပြုလိုက်တော့တာ။ နားတောင်းတွေ၊ ရွှေဆွဲကြိုးလေးတွေက အရည်ပျော်ပြီးတော့ ကျန်ခဲ့တာတော့ရှိတယ်။ အဲဒါလည်း မိသားစုတွေ ပြန်ပေးတာ” ဟု CDF KKG တပ်ရင်း ၃ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။ “သူ(ကျန်ခဲ့တဲ့မိသားစုဝင်)လည်း လက်ခံတယ်။ ပျောက်တဲ့သူလည်း သုံးယောက်၊ အလောင်းက သုံးလောင်းဆိုတော့ လုံးဝကို ငြင်းလို့မရဘူးပေါ့”
ရုပ်ကြွင်းများကို ယနေ့ နံနက်ပိုင်း၌ ကောက်ယူခဲ့ပြီး မိသားစုက နေ့လယ်တွင် စျာပနအခမ်းအနား ပြုလုပ်ခဲ့သည်။
ထိုအမျိုးသမီး ၃ ဦး၏ ရုပ်ကြွင်းများ ဟုတ်မဟုတ် Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ မှစ၍ ကလေးမြို့ ထိုမာနည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသည့် တပ်မ ၇၇ နှင့် ၂၂ မှ စစ်သားများ ပါဝင်သော အင်အား ၁၀၀ နီးပါးရှိ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခု ကလေးမြို့နယ်တောင်ပိုင်း ကျေးရွာများအတွင်း စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
ထိုစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၂ ကလည်း ငါးဖားကျေးရွာတွင် မသန်စွမ်းသူတစ်ဦးအပါအဝင် အသက် ၅၀ ကျော်အရွယ် ဦးသန်းလှကြီးနှင့် ဦးအောင်ထွန်းဆိုသူတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။
အမျိုးသားတစ်ဦးမှာ နားထင်ပေါက်ထွက်ဒဏ်ရာရှိနေရာ အနီးကပ်ပစ်ခတ်ခံရခြင်း ဖြစ်နိုင်ကြောင်း၊ နောက်တစ်ဦးမှာ ကျည်ထိဒဏ်ရာမရှိဘဲ ဦးခေါင်းဒဏ်ရာများ တွေ့ရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
“တစ်ယောက်က စကားမပြောတတ်ဘူး။ စိတ်လည်းမမှန်ဘူး။ အဲ့တစ်ယောက်ကတော့ ပန်းချိုးအပြန်မှာ အဖမ်းခံရတယ်။ ကျွန်တော်တို့ကတော့ ရိုးရိုးတန်းတန်း အဖမ်းခံရတယ်ထင်တာ” ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။
“တစ်ယောက်ကတော့ နွားကျောင်းရင်း နဲ့…။ သူတို့က လှမ်းခေါ်တာ။ သေနတ်သံနှစ်ချက်ကြားလိုက်တယ်။ အဲဒါပြီးမှ သွားကြည့်တဲ့အချိန်မှာတော့ အလောင်း ၂ လောင်းကိုပဲ တွေ့ခဲ့တာ”
ထိုစစ်ကြောင်းသည် ယမန်နေ့ နေ့လယ်တွင် သံဖိုရွာကို စီးနင်းကာ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့နံနက်တွင်လည်း ထိုစစ်ကြောင်းကပင် ရန်ကြီးအောင်ရွာနှင့် အနီးအနားကျေးရွာများမှ စစ်ဘေးရှောင်တို့ ခိုလှုံနေသည့်နေရာများကို လက်နက်ကြီးနှင့် ပစ်ခတ်ရာ စစ်ဘေးဒုက္ခသည်တစ်ဦး သေဆုံးခဲ့ကြောင်း CDF KKG က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်က စစ်ဘေးဒုက္ခသည်များ ရှိသည့် နေရာကို ပစ်ခတ်နေသည်ဟု ထိုရွာဒေသခံ အမျိုးသားတစ်ဦးက ယနေ့နေ့လယ်ပိုင်းတွင် ပြောသည်။
“ရွာရဲ့အနောက်ဘက်မှာ စစ်ရှောင်နေကြတာ။ ဒီမနက်မှာ စစ်ဘေးရှောင်တွေဘက်ကို လာပြီးတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်တာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်ပြစေလိုသော ထိုအမျိုးသားက ပြောပြသည်။
“သူတို့က ထပ်လိုက်ပစ်တော့ ထပ်ရှောင်နေရတယ် ဟိုတောင်ထိပ်တွေဆီကို။ အဝတ်အစားတွေ အကုန်ထားခဲ့ပြီး လူပဲ လွတ်အောင်ပြေးရတယ်။ အခု တောင်ထိပ်ရောက်နေတယ်”
ရန်ကြီးအောင်ရွာတွင် လနှင့်ချီကာ တပ်စွဲထားသည့် စစ်တပ်သည် ဒေသခံများကို ပြည်သူ့စစ်အဖွဲ့တွင် ပါဝင်ရန် ဖိအားပေးနေသည့်အတွက် ရန်ကြီးအောင်ရွာနှင့် အနီးတစ်ဝိုက်ကျေးရွာမှ ဒေသခံများမှာ ဖေဖော်ဝါရီ ဒုတိယပတ်ကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
ရန်ကြီးအောင်ရွာတွင် တပ်စွဲထားသည့် စစ်တပ်ကို ဖေဖော်ဝါရီ ၁၂ ရက်၊ ၁၄ ရက်နှင့် ၁၆ ရက်နေ့တို့တွင် ဒေသခံ ကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်။
ထိုဖြစ်ရပ်များအပြီး စစ်ကူလာရောက်ဖြည့်တင်းသည့် စစ်ကြောင်းမှာ လမ်းတစ်လျှောက် ကျေးရွာများကို စီးနင်းကာ မီးရှို့ခြင်း၊ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။
အခြားဒေသများတွင်လည်း စစ်ကောင်စီတပ်သားများက အရပ်သားများကို သတ်ဖြတ် မီးရှို့ အလောင်းဖျောက်မှု ဆက်တိုက် ကျူးလွန်နေသည်ဟု ဒေသခံများ၊ PDF အဖွဲ့များက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီက ကလေးမြို့နယ်အတွင်း ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။
ယနေ့ထုတ် ဝါဒဖြန့်သတင်းစာများတွင် စစ်ကိုင်းတိုင်းအတွင်း သတ်ဖြတ်မှုများမှာ အကြမ်းဖက်သမားတို့၏ လုပ်ရပ်ဖြစ်သည်၊ စစ်တပ်က လူထုကို ကာကွယ်နေသည်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ထာဝရငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ထားပြီးဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးက ပြည်ပသတင်းသမားများကို ပြောကြောင်း ဖော်ပြထားသည်။
“ယခုနှစ်မှစ၍ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ် စတင်မည်ဖြစ်ကြောင်းကို အသိပေးပြောကြားလိုပါကြောင်း” ဦးမောင်မောင်အုန်းက ပြောသည်ဟု သတင်းတွင် တွေ့ရသည်။ myanmar now
မန္တလေးတိုင်း၊ တံတားဦးမြို့အထွက် စစ်ဆေးရေးဂိတ်ကို မြစ်ငယ် PDF က တိုက် ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ကာ လက် နက်တစ် လက် နှင့် ကျည် ၁၀ တောင့်ရရှိကြောင်း မြစ်ငယ် PDF က သတင်း ထုတ် ပြန်သည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန် တံတားဦး မြို့အထွက် နှင့် သင်ပန်းရွာအကြား ကားများကို စစ်ဆေးနေသော စစ်ဆေးရေး ဂိတ်စခန်း ကို သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦး မှာလည်း ဒဏ်ရာရရှိကာ ဖေဖော်ဝါရီလ ၁၂ ရက် နေ့ တွင် သေဆုံးသွား ကြောင်း မြစ်ငယ် PDF က သတင်းထုတ်ပြန်သည်။ khit thit
khit thit
ရန်ကုန်မြို့၌ မြန်မာဘီယာ ရောင်းချနေသည့် စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ ဆက်လက် ရောင်းဝယ်ခြင်း မပြုလုပ်ရန် Yangon Urban Guerrillas မြို့ပြပြောက်ကျားတပ်ဖွဲ့က ယနေ့ ဖေဖော်ဝါရီ ၂၄ ရက် ရက်စွဲဖြင့် သတိပေးချက် ထုတ်ပြန်သည်။
မြန်မာဘီယာ ရောင်းချနေမှုကို သတိပေးခြင်းအဖြစ် ရန်ကုန်မြို့ မြို့နယ် ကိုးခုရှိ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင် ၁၅ ဆိုင်ကို ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်တွင် ဖောက်ခွဲမှုများ ပြုလုပ် ခဲ့ကြောင်းလည်း ၎င်းတို့အဖွဲ့က ဆိုထားသည်။
အဆိုပါဆိုင်များမှာ သာကေတမြိုနယ်ရှိ ရွှေစည်းစိမ် အရောင်းဆိုင် ၊ အင်းစိန်မြိုနယ်ရှိ ဒေါ်လာ ဘီယာဆိုင်၊ တာမွေမြိုနယ် ဦးချစ်မောင်လမ်းမပေါ်ရှိ Golden Sea ဘီယာဆိုင်၊ တာမွေမြိုနယ် ဦးချစ်မောင် လမ်းမပေါ်ရှိ Seven စားသောက်ဆိုင်၊ သင်္ဃန်းကျွန်းမြိုနယ် လေးထောင့်ကန် လမ်းမပေါ်ရှိ Golden Place ဘီယာဆိုင်၊ သင်္ဃန်းကျွန်းမြိုနယ် လေးထောင့်ကန် လမ်းမပေါ်ရှိ နေလ စားသောက်ဆိုင်၊ မင်္ဂလာဒုံ မြိုနယ်ရှိ ချမ်းမြေ့အောင် စားသောက်ဆိုင် ၊ မင်္ဂလာဒုံမြိုနယ်ရှိ Hello ဘီယာဆိုင်၊ မင်္ဂလာဒုံမြိုနယ်ရှိ မဟာနွယ် ဘီယာဆိုင်၊ တောင်ဥက္ကလာမြိုနယ်ရှိ မိုးပုလဲ ဘီယာဆိုင်၊ တောင်ဥက္ကလာမြိုနယ် သံသုမာလမ်းနှင့် မြင်သာ (၉) လမ်းထောင့်ရှိ Hi Liquor ဆိုင်၊ ကြည့်မြင်တိုင်မြိုနယ်ရှိ စျေးစိန်နဂါး ဘီယာဆိုင်၊ ဗဟန်းမြိုနယ် ရွှေဂုံတိုင်လမ်းမပေါ်ရှိ Cafe 20 ဆိုင်၊ ဗဟန်းမြိုနယ်ရှိ Gold ဘီယာဆိုင် နှင့် အလုံမြိုနယ် ခရေပင်လမ်းပေါ်ရှိ Padonmar စားသောက်ဆိုင်တို့ ဖြစ်သည်။
ဖောက်ခွဲမှုများကို လူထိခိုက်မှုများ မရှိအောင် ဆိုင်အနီးအနားတွင်သာ ပြုလုပ်ခဲ့ကြောင်းနှင့် မြန်မာဘီယာကို ဆက်လက် ရောင်းချနေပါက အကြမ်းဖက် စစ်တပ်ကို အားပေးအားမြှောက် ပြုသည့် ဖက်ဆစ်ထောက်တိုင်များ အဖြစ် သတ်မှတ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
အာဏာရှင်စနစ် ချေမှုန်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေး စစ်တပ် ထောက်တိုင်များနှင့် သွေးစွန်းငွေများကို ဖြတ်တောက်ရမည် ဖြစ်သောကြောင့် စစ်တပ် ထုတ်ကုန်များကို ဝယ်ယူအားပေးခြင်း ဆက်လက် ပြုလုပ်နေပါက လူအခွင့်အရေး ချိုးဖောက်သူများ ဖက်ဆစ် အားပေးသူများအဖြစ် မှတ်ယူမည်ဟုလည်း ၎င်းတို့က ဆိုထားသည်။ mizzima
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ စားသောက်ဆိုင်တစ်ခုမှာ ဖမ်းဆီးခံခဲ့ရတဲ့ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် မထက်ထက်ဇော်အပါ အဝင် လူငယ် ၉ ဦးကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ထားဝယ်ထောင်တွင်း တရားရုံးကနေ အလုပ်နဲ့ထောင်ဒဏ် ၉ နှစ်စီချမှတ်လိုက်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ထောင်ဒဏ်ချမှတ်ခံရသူတွေမှာ မထက်ထက်ဇော်၊ ကိုရဲမင်းကျော်၊ ကိုကျော်ဇေယျ၊ ကိုအေးစိုးပိုင်၊ ကိုအောင်မျိုးထွေး၊ ကိုအောင်မျိုးဟိန်း၊ မစုလှိုင်နွေး၊ မစန်းမြတ်မြတ်ထူးနဲ့ မအိသန္တာတို့ဖြစ်ပြီး အများစုမှာ အသက် ၂၀ ကျော်အရွယ်ရှိတဲ့ တက္ကသိုလ်ကျောင်းသား/သူတွေဖြစ်ကြတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
၉ ဦးလုံးဟာ ၂၀၂၁ ခုနှစ်၊ မေ ၂၉ ရက်နေ့က ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာရှိနေစဥ် စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံရပြီးနောက် ပုဒ်မ ၅၀၅(က)၊ ၅၀၅(ဂ)၊ ၅၂(က) တို့နဲ့ အမှုဖွင့် တရားစွဲဆိုခံခဲ့ရပြီး ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ အခုလို အမိန့်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
အခုထောင်ဒဏ် ချမှတ်ခံခဲ့ရတဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ မစုလှိုင်နွေးဟာ ကျန်းမာရေး မကောင်းသတာကြောင့် ဆေးကုသမှုခံယူဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
မထက်ထက်ဇော်အပါအဝင် လက်ရှိ ထားဝယ်အကျဥ်းထောင်မှာ အကျဥ်းကျခံနေရသူ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ၃ ဦးရှိတယ်လို့လည်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီထံကနေသိရပါတယ်။DVB
အကြမ်းဖက် စစ်ကောင်စီက ခန့်အပ်ထားသော ချင်းပြည်နယ်ဝန်ကြီးချုပ် ငွန် ဆန်းအောင်က ၎င်းကို စနိုက်ပါဖြင့် ပစ်မည်ဟု ခြိမ်းခြောက်ခံနေရကြောင်း အကြမ်းဖက် ဖက်ဆစ် မင်းအောင်လှိုင်ကို တိုင်ကြားလိုက်ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ စစ်ကောင်စီအလွတ်သဘောအစည်းအဝေး ၎င်းက အထက်ပါအတိုင်း မင်းအောင်လှိုင်ကို တိုင်ကြားခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ်က ယခုရက်ပိုင်းခြိမ်းခြောက်မှုများရှိလာကြောင်း၊ ၎င်း၏ ဆွေမျိုးများလည်းခြိမ်း ခြောက်ခံနေရကြောင်း၊ ၎င်းကို စနိုက်ပါဖြင့် ပစ်မည်ဟု ခြိမ်းခြောက်ကြောင်း၊ ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်း ဆောင် ခြင်း မပြုဘဲ ရိဒ်မှတစ်ဆင့် အိန္ဒိယမီဇိုရမ်ပြည်နယ်သို့ ထွက် ပြေးရန် ကားငှား ပေး ထား သည်ဟု ခြိမ်းခြောက်လာကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ၎င်းထမင်း စား လေ့ရှိသည့်နေရာကို ချိန်ရွယ်ထားသည့် လေဆာ ရောင်ခြည်ကို မြင် တွေ့ ရသဖြင့် ပြတင်းပေါက်ဖွင့်ကြည့်ရာ ပြန်လည် ပျောက်သွားကြောင်း မင်းအောင် လှိုင်ကို အ သေးစိတ်တိုင်ကြား ကြောင်း သိရှိရသည်။
အဆိုပါအစည်းအဝေးတွင် ၎င်းက ရိဒ်ကို စိုးရိမ်ကြောင်း၊ ရိဒ်စစ်ဆေးရေး ဂိတ် တွင် လုံခြုံရေး မရှိဘဲ CDF များက နေရာယူထားကြောင်း၊ အ ခွန်ကောက် ခံ နေသဖြင့် စစ်တပ်ချထားပေးရန် ငွန်ဆန်းအောင်က မင်းအောင်လှိုင်ကို တင်ပြ တောင်းဆိုကြောင်း သိရှိရသည်။ khit thit
ရန်ကုန် တောင်ဒဂုံမြို့နယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ (၆၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် ည ၆ နာရီ ၃၀ မိနစ်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံက ပြောသည်။
“အဲ့ဒီရုံးက အမြဲတမ်း မှောင်မဲနေတာပဲ။ ဘေးမှာကလည်း ဓမ္မာရုံ ရှိတယ်။ ဗုံးသံ ကြားတာနဲ့ ဈေးက ဆိုင်တွေကလည်း အကုန်သိမ်းပြီး ပြေးတော့တာပဲ။ ခဏနေတော့ စစ်သားတွေ အများကြီး ရောက်လာပြီး လမ်းပိတ် စစ်ဆေးနေတာ။ အခုထိ လမ်းတွေ ပိတ်ထားတုန်းပဲ ”ဟု ဒေသခံ တစ်ဦးက ပြောသည်။
အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသည် မင်းကွန်းစျေးနှင့် နီးရာ ဗုံးပေါက်သံ ကြားပြီးနောက် စျေးအတွင်းရှိ စျေးဆိုင်များ အားလုံး ပိတ်သိမ်းခဲ့သည်။
ဗုံးပေါက်ကွဲရာ ရပ်ကွက်အတွင်း ယနေ့ နံနက် ၉ နာရီကျော်တွင် ရဲများနှင့် စစ်သားအများအပြား ဝင်ရောက်ခဲ့ပြီး ဆိုင်ကယ်များကို လိုက်လံ သိမ်းဆည်းခဲ့သည် ဟု ဒေသခံက ပြောသည်။
“ရဲကား တစ်စီး စစ်ကားအကြီး နှစ်စီးနဲ့ ရပ်ကွက် လမ်းကြားထဲထိ ဝင်ပြီး ဆိုင်ကယ်တွေ လိုက်သိမ်းတာ။ ဆိုင်ကယ်တွေ တော်တော် ပါသွားတယ်။ သိမ်ချောင်းလမ်းဆုံက ဆီထည့်နေတဲ့ ဆိုင်ကယ်တွေပါ ဝင်ဖမ်းတာ ”ဟု အဆိုပါ ဒေသခံက ပြောသည်။ mizzima
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃,၀၀၀ နီးပါးရှိခဲ့ပြီး ကူးစက်ခံရသူပေါင်း ၅၇၈,၄၄၆ ယောက်ရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၄ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရောဂါကူးစက်မှု ရာဂဏန်းသာ ရှိခဲ့ရာကနေ စံချိန် တင် ၁၇ ရက်ဆက်တိုက် ထောင်ချီတွေ့ရှိခဲ့တာဖြစ်ပြီး မနေ့က ကူးစက်မှုအသစ် ၃,၃၀၀ ကျော်ထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးက ရောဂါကူးစက်ခံရသူပေါင်း ၆၀၀ ကျော်နဲ့ အ မြင့်ဆုံးဖြစ်နေခဲ့တာပါ။
ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲ စမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက် အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရော ဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။
ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၂၈,၄၈၆ ခု ကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၂,၉၃၈ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၁၀ ဒသမ ၃၁ ရာခိုင်နှုန်း ရှိနေပါတယ်။
ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်က တော့ ၁,၃၅၀ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ ၄ ယောက်ရှိတာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၃၅၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တုန်းကတော့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ကနေ ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄ ယောက်မှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိရကြောင်း ကနဦး ထုတ်ပြန်ထားခဲ့တာပါ။
လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါ ပိုးတွေ့လူနာအယောက် ၃၅၀ နီးပါး ရှိလာခဲ့ပြီဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေး ဝန် ကြီးဌာနက ထုတ်ပြန်ပါတယ်။ DVB
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ်ပိုင် ရွှေဖီဦး အသင့်ဖျော် လက် ဖက် ရည် စက်ရုံ လိုင်းခန်းကို ယနေ့ည ၇ နာရီခွဲတွင် မီးရှို့တိုက်ခိုက်ခဲ့ကြောင်း သိရှိရ သည်။
စစ်တပ်ပိုင်ရွှေဖီဦး အသင့်ဖျော်လက်ဖက်ရည် စက်ရုံဝန်ထမ်းအိမ်ရာနှင့် နို့ချက် စက်ရုံဝန်ထမ်းအိမ်ရာတို့ကို အမည်မဖော်လိုသော တော်လှန် ရေးအဖွဲ့က မီးရှို့ တိုက်ခိုက်ရာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ည ၇ နာရီ ၃၅ မိနစ်တွင် မီးစတင် လောင်ကျွမ်းပြီး ည ၈ နာရီဝန်းကျင်တွင် မီး ငြိမ်းသွားကြောင်း သိရှိရသည်။
အလားတူ သာကေတမြို့နယ်တွင် ယနေ့ည ၉ နာရီခွဲအချိန်တွင် ဗုံးကွဲမှုတစ်ရပ် ဖြစ်ပွားပြီး ကျယ်လောင် သော အသံကို ဒေသခံများ ကြားရကြောင်း သာကေတ ပြည်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အလားတူ အလုံမြိုနယ်တွင်လည်း ယနေ့ည ၉ နာရီခွဲအချိန် ဗုံးပေါက်ကွဲ ကြောင်း သိရှိရသည်။
ထို့ပြင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၆၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တွင် လည်း ယနေ့ ညနေ ည ၆ နာရီခွဲတွင် ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။ khit thit