ချင်းပုန်း​ကျေးရွာတွင် စစ်​ကောင်စီတပ်ဖွဲ့ သတ်ဖြတ်ထားသည့် အ​လောင်း ၂၀ ​ကျော်​တွေ့ရှိ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ချင်းပုန်း​ကျေးရွာမှာ စစ်​ကောင်စီတပ်ဖွဲ့သတ်ဖြတ်ထားတဲ့ ရုပ်အ​လောင်းတွေ မီးရှို့ဖျက်ဆီးထားခဲ့တဲ့ နေအိမ်အချို့နဲ့ ကား၊ ဆိုင်ကယ်တွေကို ​တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေ ပြောပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့ဟာ ​ဖေ​ဖော်ဝါရီ  ၂၆ ရက်​နေ့က ချင်းပုန်း​ကျေးရွာအတွင်းကို ရဟတ်ယာဥ်တွေနဲ့ ပစ်ခတ်ဝင်​ရောက်လာခဲ့ပြီးနောက် အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကာ ဒီနေ့မှာတော့ ချင်းပုန်း​ကျေးရွာအတွင်းက​နေ ပြန်လည် ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့ ပြန်လည်ထွက်ခွာသွားပြီး​နောက် ​ဒေသခံပြည်သူ​တွေဟာ ​ကျေးရွာအတွင်းကို ပြန်လည်ဝင်​ရောက်ခဲ့ကြပြီး ​လှည့်လည်စစ်​ဆေးကြည့်ရှုကြရာ ​လော​လောဆယ် ပုပ်ပွ​နေတဲ့ အမျိုးသား ၁၉ ​ဦးနဲ့ အမျိုးသမီး  ၂ ​ဦး​၊ စုစုပေါင်း ရုပ်အ​လောင်း  ၂၁ ​လောင်း ​တွေ့ရှိခဲ့သလို ​သေဆုံးသူအ​ရေအတွက် ဒီထက်မက ပိုနိုင်​တယ်လို့ ကြည့်ရှုစစ်​ဆေးရာမှာပါဝင်တဲ့ ​ဒေသခံတစ်ဦးက ​ပြောပါတယ်။ 

အဲဒီအပြင် ကား ၄ စီး၊ ဆိုင်ကယ် ၆၄ စီးနဲ့ ​နေအိမ်  ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးထားခဲ့ကြသလို ပြည်သူ ၃ ဦးကိုလည်း ဖမ်းဆီး​ခေါ်​ဆောင်သွားတယ်လို့ ဆိုပါတယ်။ ​

စစ်​ကောင်စီတပ်ဖွဲ့ဟာ ချင်းပုန်း​​ကျေးရွာအတွင်းက​နေ ထွက်ခွာသွားပြီး​နောက် ဝါးစိမ်း​တောင်အနီး ပတ်ဝန်းကျင်တစ်​လျှောက်မှာလည်း ရ ဟတ် ယာဥ်တွေနဲ့ ဗုံးကြဲတာ၊ စက်​သေနတ်​တွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ကြသလို သ​ပြေ​အေး​ကျေးရွာအတွင်းကိုလည်း ဝင်​ရောက်ခဲ့ကြပြီး ပစ်ခတ်သံတစ်ချို့လည်း ကြားရကာ ​ကျေးရွာအတွင်းကလည်း မီးခိုး​တွေ တက်လာတာ မြင်​နေရတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်​ကောင်စီတပ်ဖွဲ့ဟာ သ​ပြေ​အေး​ကျေးရွာအတွင်းမှာ မီးရှို့ ပြုနေ​တာကြောင့် ​ဒေသခံ​ပြည်သူ​တွေလည်း ထွက်​ပြေး​နေကြရ​တယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s