စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ထောင်ဒဏ် ၂၁ နှစ် အမိန့်ချ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါတ်တာမြင့်နိုင်ကို စစ်ကောင်စီတရားရုံးက ဖေဖော်ဝါရီ ၂၈ ရက် ဒီကနေ့ ထောင်ဒဏ် ၂၁ နှစ် အမိန့်ချလိုက်တယ်လို့ သူနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို မုံရွာအကျဉ်းထောင်တွင် တရားရုံးက ဒီကနေ့ အမှု ၇ မှု အတွက် တစ်မှုကို ထောင်ဒစ် ၃ နှစ်စီ စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ် အမိန့်ချမှတ်လိုက်တာလို့ သူနဲ့ နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ပုဒ်မနဲ့လည်း ထောင်ဒဏ် ၂ နှစ်ချမှတ်ထားခဲ့ပြီး ဒီကနေ့ ချမှတ်ခဲ့တဲ့ အမိန့်အပါဝင်ထောင်ဒဏ် ၂၃ နှစ်ထိ အမိန့်ချခံထားရပါတယ်။ DVB