Monthly Archives: Mar 2022

ယင်းမာပင်တွင် စစ်တပ်က ပြည်သူ ၃ဦးကို ပစ်သတ်ပြီး ဘန့်ဘွေးထန်းရွာကို မီးရှို့ဖျက်ဆီး ရွာလုံးကျွတ် နီးပါးပြာကျ၊ ခင်ဦး ကုလားလူးရွာနှင့် ရှားလွင်ရွာကိုလည်း စစ်တပ်က မီးရှို့နေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စစ်တပ်က ပြည်သူ ၃ဦးကို ပစ်သတ်ကာ ဘန့်ဘွေးထန်းဇင်ရွာကို ယနေ့ မတ်လ ၁၆ရက်နေ့ မွန်းလွဲ ၁၂နာရီခန့်တွင် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာလုံးကျွတ်နီးပါး မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ဘန်ဘွေးရွာမတွင် ရက်၂၀ ကျော်ကြာ တပ်စွဲထားပြီး ဘန့်ဘွေးထန်းဇင် ရွာက အမျိုးသား ၁ဦး၊ လက်ပန် ရွာက အမျိုးသား ၁ဦးနှင့် ကွေ့ချောင်းကျေးရွာမှ အမျိုးသမီး ၁ဦးတို့ကို မတ်လ ၁၅ရက်နေ့တွင် ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး စစ်တပ်က ကျေးရွာများအတွင်း လှည့်ပတ်သွားလာနေခြင်းကြောင့် သေဆုံးသူများ၏ အမည်များနှင့် မည်သူဖြစ်သည်ကို အတည်မပြုနိုင်သေး ကြောင်း သိရသည်။

ယင်းသို့ ပြည်သူ ၃ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီးနောက် ယနေ့ မတ်လ ၁၆ရက်နေ့တွင် စစ်တပ်က ဘန့်ဘွေးထန်းဇင်ရွာကို ဝင်ရောက် စီးနင်းကာ ပြည်သူပိုင် နေအိမ်များ နွား ၄ ကောင်၊ မြင်း ၁ ကောင်၊ ဝက် ၅ ကောင်၊ နွားစာစင်စက် ၁ လုံး၊ ဆိုက်တွဲ ၁ စီးနှင့် မီးစက် ဒိုင်နမို တွဲ ၁ လုံးတို့ကို မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

” စစ်တပ်က ရွာလုံးကျွတ် နီးပါးကို မီးရှို့ဖျက်ဆီးသွားတာ သူတို့ ခိုးယူ လုယက်သွားတာတွေလည်းရှိတယ်။ ရွာသားတချို့လောက်ပဲ ရွာထဲပြန်ဝင်သေးတော့ ပျက်ဆီးဆုံးရှုံးမှု အခြေအနေတော့ အသေးစိတ် မသိရသေးဘူး။ ဆုံးရှုံးတာတော့ ရွာလုံးကျွတ် နီးပါးကို ပြာကျသွားတာ” ဟု ဒေသခံပြည်သူ ၁ဦးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ ကုလားလူးရွာနှင့် ရှားလွင်ရွာတို့ကို စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ကျေးရွာထဲရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကာ အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားခြင်းကြောင့် ပြည်သူများ ထိခိုက်မှုအခြေအနေနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေ မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။khit thit

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်

ပုလဲမြို့နယ် လိန်ကုန်းကျေးရွာနဲ့ ရွှေလောင်းကျေးရွာကြားမှာ ဒီနေ့ မတ်လ ၁၆ ရက်နေ့ မနက် ၈ နာရီ ၄၅ မိနစ်က စစ်ကောင်စီတပ်ကို ပုလဲမြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဖြစ်တဲ့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုဖိုးသားက “သူတို့က ဇီးဖြူကုန်းဘက်ကနေ အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတယ်ဗျ။ မနေ့က အင်ကြင်းစု‌ကျေးရွာမှာ တပ်စွဲညအိပ်ခဲ့ပြီး ဒီနေ့ရောက်တော့ ဒီဘက်ကို စစ်ကြောင်းထိုးလာတဲ့အချိန် ကျနော်တို့ ကြားဖြတ်တိုက်လိုက်တယ်။ ကိုယ့်ဘက်ကတော့ အကျအဆုံး မရှိခဲ့ဘူး။ စစ်(——) တွေဘက်ကတော့ ဘယ်နှယောက်ကျမယ် ဆိုတာကို တိတိ ကျကျ မပြောနိုင်ဘူး။ သူတို့က ဆရာသိတဲ့အတိုင်းပဲလေ၊ မင်းအောင်လှိုင်ကလွဲရင် ကျန်တာ သူတို့ရန်သူချည်းပဲဆိုတော့ သူတို့အနီးအနားကို ဘယ် သူမှ အကပ်မခံတော့ အတိအကျကို ပြောလို့မရဘူး။” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပုလဲမြို့နယ်အတွင်းကို အဓိကထိန်းချုပ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပေမဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်နေတာကြောင့် အကျအဆုံး များနေပြီး လေကြောင်းပစ်ကူနဲ့ လာရောက်ပစ်ခတ်တာတွေ ပြုလုပ်နေတာပါ။

နယ်မြေစိုးမိုးမှုရရှိအောင် စစ်ကိုင်းတိုင်းက ကျေးရွာတွေကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကိုလည်း မီးရှို့တာတွေ အကြိမ်ကြိမ်ပြုလုပ်နေပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ပုလဲမြို့နယ်က ကျေးရွာအများဆုံး စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ခံခဲ့ရပြီး မီးဘေးသင့်ပြည်သူတွေဟာ အစားအသောက်နဲ့ ဆေးဝါးတွေအပြင် သောက်သုံးရေပါ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေက ပြောပါတယ်။DVB

ချမ်းမြသာစည်မြို့နယ်တွင် ဆိုင်ကယ်စီးလာသူ လူငယ် ၂ဦးကို စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်၍ ၁ ဦး နေရာ၌ပင်သေဆုံး

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ယမန်နေ့ မတ်လ ၁၅ ရက် ညက ဆိုင်ကယ်ရပ်မပေးသည့် လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်သားများ က ပစ်ခတ်ရာ ဆိုင်ကယ်ပေါ်ပါ အမျိုးသမီးတစ်ဦး နေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။

“ည ၈ နာရီကျော်လောက်ပဲရှိဦးမယ်ဗျ။ ကလေးနှစ်ယောက်က မုန့်၀ယ်ထွက်ရာကနေအိမ်ပြန်အလာစစ်သားအုပ်စုနဲ့ ဗြုန်းကနဲတွေ့တော့ ကြောက် ကြောက်နဲ့ လှည့်အထွက်မှာ နောက်ကနေလိုက်ပစ်ကြတာ။ ကလေးမလေးကတော့ လည်ပင်းကျည်ဆန်ဖောက်ထွက်ပြီး နေရာမှာတင်သေတာပါပဲဗျာ။ ကောင်လေးလည်း တစ်ချက် ထိထားတယ်” ဟု အခင်းဖြစ်ရာ အနီး နေထိုင်သူက ပြောသည်။

သေဆုံးသွားသူသည် အောင်မြေသာစံမြို့နယ် အမရဌာနီ အရှေ့ရပ်ကွက်နေ အသက် ၂၀ ၀န်းကျင်အရွယ် မနုနု၀င်းဆိုသူဖြစ်ပြီး ရင်ဘတ် ကျည်ဆန် ထိမှန်ကာ စိုးရိမ်ဒဏ်ရာရသူသည် မောင်အောင်ဖြိုးကျော်ဆိုသူ ဖြစ်ကြောင်းသိရသည်။

၄င်းတို့နှစ်ဦးသည် နေအိမ်မှ ကျုံးဘေး ၁၂ လမ်းနှင့် လမ်း ၈၀ ထောင့်အနီးတွင် မုန့်၀ယ်ပြီးအပြန် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ပြည်သူ့ဘဝတွေက မလုံခြုံတော့ဘူး။ လမ်းထိပ် မုန့်၀ယ်ထွက်တာတောင် ဒီငရဲကောင်တွေရဲ့အန္တရာယ်ကို ကြောက်နေရတယ်။ မိုးချုပ် ညဉ့် နက်သန်း ခေါင်လည်း မဟုတ် ၈ နာရီကျော်ရုံရှိသေးတယ်။ နောက်ပြီး လူပြတ်တဲ့နေရာလည်း မဟုတ်ဘူး” ဟု မြို့ခံစာရေးဆရာကြီးတစ်ဦးက မှတ်ချက်ပြုသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလကလည်း လမ်းပေါ် ဆိုင်ကယ်စီးသည့် လူငယ်များအား စစ်ကောင်စီတပ်သားများက တားဆီးစဉ် ရပ်မပေး၍ သေနတ်ဖြင့် လိုက်လံပစ်ခတ်ရာ လူငယ်လေးဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှစ်ခုဖြစ်ပွါးခဲ့ဖူးသည်။ mizzima

အကြိမ်ကြိမ်အခါခါ လုပ်ကြံခံရသော်လည်း မသေခဲ့သည့် စစ်ကောင်စီသတင်းပေးဟု နာမည်ကျော်သူ ထောက်ကြန့် ရွှေထွန်း ဦးခေါင်းပစ် ခတ်ခံရပြီး သေဆုံး၊ မတ္တရာတွင်လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ ထောက်ကြန့်မြို့၊ လမ်းသစ်လမ်းနှင့် ဗိုလ်တေဇလမ်းထောင့်တွင် စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံရသူ ရွှေထွန်း ကားမောင်းလာစဉ် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

မတ်လ ၁၆ ရက်နေ့ ညနေ ၄ နာရီအချိန် ရွှေထွန်းကို အမည်မသိသူတချို့က သေနတ်ဖြင့် ၆ ချက် ဦးခေါင်းကို ပစ်ခတ်သွားခြင်းဖြစ်ကြောင်း၊ ရွှေထွန်းသည် စစ်ကောင်စီသတင်းပေး အဖြစ် လုပ်ကိုင်သူဖြစ်ပြီး ၎င်းကိုယ်တိုင်လည်း PDF များ စစ်တပ် ဆန့်ကျင်သူများကို စိန်ခေါ်ခဲ့ကြောင်း၊ ထို့ကြောင့် မကြာခဏ လုပ်ကြံခံရ သဖြင့် ဆေးရုံတက်ရပြီး မသေခဲ့သော်လည်း ယခုနောက်ဆုံးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခုပဲ ထောက်ကြန့် လမ်းသစ် လမ်းနဲ့ ဗိုလ်တေဇ လမ်းထောင့် ဒလန် ရွှေထွန်း အပစ်သတ်ခံလိုက်ရပြီဗျ။ Hijet ကားမောင်းနေရင်း အပစ်ခံရတာ။ ၆ ချက်လောက် အပစ်ခံလိုက်ရတာ။။ ပစ်သတ်သွားလို့ သေပါပြီ။တော်တော် ဒုက္ခပေးခဲ့တဲ့ဒလန်ပါ။ စစ်သားတွေ အများကြီး လမ်းပိတ်ပြီး စစ်ဆေးနေလို့ပါ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊မတ္တရာမြို့နယ်တွင် စစ်ကောင်စီခန့် ကံဘဲ့ကျေးရွာရပ်ကျေးအုပ်ချုပ်ရေးမှူး ဝင်းမင်းတိုး သည် ယမန်နေ့ မတ်လ ၁၅ ရက်၊နံနက် ၈ နာရီအချိန်ခန့်တွင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း၊ နေအိမ်မှလမ်းလျှောက်ရန်ထွက်သွားပြီးနောက် ကျေးရွာထိပ်ရှိ ရွှေတစ်ချောင်းမြောင်းဘောင်အနီး ထိုင်နေစဉ် ပစ်သတ်ခံရခြင်းဖြစ်ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။khit thit

စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီးနေသဖြင့် စစ်ကိုင်းတိုင်း ရွာ ၆ ရွာကဒေသခံများ ထွက် ပြေးနေရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်နှစ်ခုကြား မူးမြစ်ကမ်းရိုး‌ဘေးက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ဖျက်ဆီးနေတာကြောင့် ရွာ ၆ ရွာက ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မတ် ၁၄ ရက်နေ့ကတည်းက အဲဒီရွာတွေဘက်ကို PDF ရှိမယ်အထင်နဲ့ စစ်ကြောင်းထိုး အကြမ်းဖက်နေတာလို့ ဒေ သခံတဦးက ပြောပါတယ်။

“တရွာဝင် တရွာထွက် လုပ်တယ်။ ရွာထဲက အိမ်တွေထဲဝင်ပြီး သူတို့လိုချင်တာ ယူတယ်။ မတ်လ ၁၄ ရက်နေ့က မူးရိုးကုန်း၊ ကျူတော၊ ကျွဲတိုးခြုံ၊ ချောင်းမီးတိုရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ပြီး ဖျက်ဆီးတယ်။ မနေ့ မတ်လ ၁၅ ရက်နေ့ကလည်း ညောင်ကိုင်းရွာ၊ တည်သီးတောရွာ၊ ကူးတို့ဆိပ်ကွာ၊ ဆင်အင်းရွာ၊ မအူပင်ရွာ၊ မြင်းစီးရွာတွေကို မွှေနှောက်ရှာဖွေ ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်။ နောက်ပြီး ချောင်းမီးတိုရွာနဲ့ ကျွဲတိုးခြုံရွာကိုလည်း ဝင်မွှေပြီးတော့ သူတို့လိုချင်တဲ့ ပစ္စည်းဥစ္စာတွေ ခိုးယူတာတွေ လုပ်သွားသေးတယ်ဗျ။ သူတို့ပြောတော့ PDF ကို ရှာတာလို့လည်း ပြောသေးတယ်။ ဘာလို့ ပြည်သူတွေပိုင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးနေတာလဲ။”

မတ် ၁၆ ရက်နေ့ ဒီ‌နေ့မှာတော့ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်ဟာ ရုံးတော၊ ကျောင်လျှာတော ရွာတွေဘက် ထွက်ခွာသွားတယ်လို့ ဆို ပါတယ်။DVB

COVID-19 ကူးစက်မှု မြင့်တက်နေသည့် UW SA ထိန်းချုပ်နယ်မြေ အတွင်း ခိုးဝင်ပါက ပြင်းထန်စွာ အရေးယူမည်ဆို

UWSA ထိန်းချုပ်ရာ ‘ဝ’ ဒေသအတွင်း COVID- 19 ရောဂါ ကူးစက်မှု မြင့်တက်နေသည့် အတွက် ခိုးဝင်လာ သူများအား ပြင်းထန်စွာ အရေးယူမည်ဟု UWSA ပြင်ပ ဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေး တာဝန်ခံ ဦး Nyi Rang က ယနေ့ မတ် ၁၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

မြန်မာ ပြည်မဘက်မှ အလုပ်လုပ်ကိုင်ရန် ရောက်ရှိလာပြီး WUSA ထိန်းချုပ်ရာ ဒေသများ အတွင်း ခိုးဝင်သည်များ တွေ့ရှိရသဖြင့် အရေးယူမှု လုပ်ဆောင်မည် ဖြစ်ကြောင်း ဆိုသည်။

“ရောဂါ ကူးစက်မှုကို ကြည့်လိုက်တော့ ခိုးဝင်လာတဲ့ သူတွေဆီက တစ်ဆင့် ကူးစက်တာကို တွေ့ရတယ်။ ခိုးဝင်သူတွေကို အရင်တုန်းက ပြစ် ဒဏ် ချမှတ်တာတွေ ရှိပါတယ်။ အခုလက်ရှိ ရောဂါအတွက် ထိန်းချုပ်နေတဲ့ အခြေအနေမှာ ခိုးဝင်တာတွေ ရှိရင် ထောင်ဒဏ် ခြောက်လ ဖြစ်စေ၊ ပြစ်မှု ကြီးမားရင်လည်း ကြီးမားသလို ပြစ်ဒဏ် ချမှတ်မှာပါ။ ‘ဝ’ ပြည်နယ် ရဲ့ ပြဋ္ဌာန်း ဥပဒေနဲ့ ပြစ်ဒဏ် ချမှတ်မှာ ဖြစ်တယ်” ဟု ဦးNyi Rang ကဆိုသည်။

မတ်လ ၉ ရက်နေ့မှ စ၍ ပန်ခမ်း အထူးမြို့၌ နေထိုင်သူများ မိုင်းပေါက်ခရိုင်၊ မိုင်းလင်းခရိုင်၊ မိုင်းမောခရိုင်နှင့် နမ့်တစ် အထူးမြို့နယ်များသို့ ဖြတ်သန်း သွားလာခြင်း မပြုရန် UWSA အဖွဲ့က အထူး သတိပေးချက် ထုတ်ပြန်ထားသည်။

လက်ရှိ ‘ဝ’ ပြည်နယ်တွင် COVID-19 ရောဂါ ကူးစက်မှု ဆိုးရွားစွာ မြင့်တက်နေသည့် အတွက် တရုတ်နိုင်ငံ ကြက်ခြေနီ အဖွဲ့နှင့် ပန်ခမ်းမြို့ ရော ဂါ ကာကွယ် ထိန်းချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ကာကွယ် ကုသနေကြောင်း ဆိုသည်။

“ဆိုင်တွေကို ပိတ်ခိုင်းတာ မျိုးတော့ မရှိဘူး။ COVID-19 အတွက် စည်းကမ်းကို ပိုပြီး ထိန်းချုပ် တင်းကျပ်တဲ့ သဘောပါ။ ခရိုင်တစ်ခုနဲ့ တစ်ခု ကူးလူး မသွားလာဖို့တော့ ထုတ်ပြန်ထားတယ်။ အခု ဖြစ်နေတဲ့ ဟာက ရောဂါ ပြင်းထန်တာမျိုး မတွေ့ရဘူး။ ကောင်းကောင်းမွန်မွန် ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ကိုဗစ်လို့ တော့ သိရပါတယ်” ဟု ဦးNyi Rang က ရှင်းပြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်က ပန်ခမ်းမြို့၊ ကျန်းနန် ဖျော်ဖြေရေးရုံတွင် COVID-19 အတည်ပြု လူနာ နှစ်ဦး တွေ့ရှိခဲ့သဖြင့် ယင်းတစ်မြို့လုံးကို မတ်လ ၁ ရက်မှ ၅ ရက်နေ့ အထိ lockdown ချကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ mizzima

ဝမ်ပေါင် ကုမ္ပဏီ ဂိတ်စောင့် ရဲများ ပစ်ခတ်ပြီး ၂ ဦးသေဆုံး၊ ဟိုပင်တွင် လက်နက်ကိုင်အငြိမ်း စား ဗိုလ်ကြီးအောင်မျိုးသန့် ပစ်ခတ်ခံရပြီး သေဆုံး၊ ကျိုက်ထိုတွင် စစ်တပ်က ပျူစောထီးအဖွဲ့ဝင် ၁ ဦးကို ပစ်သတ်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် တရုတ် ကုမ္ပဏီ ဝမ်ပေါင်ဂိတ်စောင့် ရဲများကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မတ်လ ၁၅ရက်နေ့ ညပိုင်းတွင် ဝင်ရောက်ပစ်ခတ်ခဲ့သောကြောင့် ရဲ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ဝင်ရောက် မပစ်ခတ်မှီ၌ စစ်တပ်နှင့် ရဲများ အချင်းချင်း မှားယွင်းပစ်ခတ်မှုပါ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ပထမအကြိမ်ဖြစ်တာက သူတို့ ခွေးအချင်းချင်း ဖြစ်တာလို့ သိရတယ်။ ညောင်ပင်ကြီး ရဲစခန်းထဲက ခွေးတွေနဲ့ ဝမ်ပေါင် ဂိတ်စောင့်ခွေးတွေ အချင်းချင်းမှားပစ်တာ ဒုတိယ အကြိမ်ကတော့ တော်လှန်ရေး ရဲဘော်လေးတွေ ဝင်ပစ်သွားတာ ဂိတ်ပေါက်စောင့် ရဲ ခွေး ၂ကောင်သေတယ်လို့ ကြားတယ်”ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ ကချင်ပြည်နယ် ဟိုပင်မြို့ မြို့မတောင်ရပ်ကွက် အနီးရှိ EPC ရုံးနားတွင် ပျူစောထီးအဖွဲ့ ခေါင်းဆောင် အကြမ်းဖက် စစ်တပ် ဗိုလ် ကြီးအဆင့်ရှိ အငြိမ်းစားယူထားသူ အောင်မျိုးသန့်ကို အမည်မသိ သေနတ်သမားများက ယနေ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သေဆုံးသူ ပျူစောထီးအဖွဲ့ ခေါင်းဆောင် အောင်မျိုးသန့်၏ နောက်လိုက်များနှင့်လည်း သေနတ်သမားများ အပြန်အလှည် ပစ်ခတ်ခြင်းမှုများ ဆက်လက် ဖြစ်ပွားခဲ့သော်လည်း သေနတ်သမားများ ပြန်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

” အချက် ၃၀ ထက်မက အပြန်အလှန်ပစ်ခတ် ကြတယ်။ သေနတ်သမားတွေနဲ့ အခုပစ်သတ်ခံရတဲ့ အောင်မျိုးသန့်ရဲ့ နောက်လိုက်တွေနဲ့ သေ ဆုံးသွားတဲ့ အောင်မျိုးသန့်က ဒလန်လို့လည်း နာမည်ကျော်သူ ပျူစောထီး ခေါင်းဆောင်တစ်ဖြစ်လည်း နာမည်ကျော်ကြားသူပါ” ဟု ဒေသခံပြည်သူ ၁ဦးကပြောဆိုသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စစ်တောင်းကျေးရွာတွင် ပျူစေထီးအဖွဲ့ဝင် စိုးနိုင်ကို မတ်လ ၁၅ ရက်နေ့ ည ၈ နာရီကျော်ခန့်က အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မှားယွင်း ပစ်ခဲ့ခြင်းကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် စစ်တောင်းကျေးရွာသား ပျူစေထီးအဖွဲ့ဝင် စိုးနိုင်ကို PDF တပ်ဖွဲ့ဝင်ဟု ထင်မှတ်ကာ မှား ယွင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နဖူးကို ကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ khit thit

ယင်းမာပင်မြို့နယ်က ​နေအိမ် ၂၀ ​ကျော်ကို စစ်​ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်းက ​ပြည်သူ​တွေရဲ့​နေအိမ်​တွေကို စစ်​ကောင်စီတပ်က မတ် ၁၆ ရက် ​မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီး​သွားတာကြောင့် အိမ်ခြေ ၂၀ ကျော် ဆုံးရှုံးသွားတယ်လို့ ​ဒေသခံ​တွေက​ ပြောပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့ဟာ မတ် ၁၆ ရက် ဒီနေ့​မနက် ၁၁ နာရီ​ကျော်​လောက်မှာ စတင်မီးရှို့ခဲ့တာဖြစ်ပြီး စုစု​ပေါင်းအိမ်​ခြေ ၂၀ ကျော်နဲ့ နွားစာ​အဖြစ်ထားရှိတဲ့ ​ပြောင်းရိုးစင် ၂ ခုပါ မီး​လောင်ကျွမ်းသွားခဲ့ပြီး နေအိမ် ၂ လုံးကိုလည်း ​မွှေ​နှောက်ရိုက်ဖျက်သွားတယ်လို့ ဆိုပါတယ်။

ဘန့်​ဘွေး​မြောက်ရွာက နေအိမ် ၁၆ လုံး၊ ထန်းဇင်​ကျေးရွာက ၅ လုံးတို့ မီးရှို့ဖျက်ဆီးခံရတာဖြစ်ပြီး လက်ပန်ကျေးရွာက ​နေအိမ် ၂ လုံးကို​တော့ ​မွှေ​နှောက်ရိုက်ဖျက်သွားခဲ့တယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

ဒါ့အပြင် လက်ပန်​ကျေးရွာအ​ရှေ့ဘက်မှာ နွား​ကျွေးဖို့ထားရှိတဲ့ ​ပြောင်းရိုးစင် ၂ ခုကိုလည်း စစ်​ကောင်စီတပ်​တွေက မီးရှို့ဖျက်ဆီးလိုက်ကြတယ်လို့ ဆိုပါတယ်။

ဘန့်​​ဘွေးရွာမ​ကျေးရွာအတွင်းမှာ တပ်စွဲ​နေထိုင်တဲ့ စစ်​ကောင်စီတပ်ဖွဲ့က အင်အား ၂၀ လောက် လာ​ရောက်ဖျက်ဆီးမီးရှို့သွားတာလို့ ​ဒေသခံဦးက ​ပြောပါတယ်။

ဒီနေ့မနက်ပိုင်းက ဘန့်​ဘွေးရွာ​မ​ကျေးရွာအတွင်းမှာရှိတဲ့ စစ်​ကောင်စီတပ်ဖွဲ့ဝင်တဦးရဲ့ မင်္ဂလာ​ဆောင်​ပြုလုပ်​နေစဥ်အတွင်း PDF အဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်​ကောင်စီတပ်သား ၆ ဦး​သေဆုံးသွား​တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယင်းမာပင်မြို့က​နေ မုံရွာ ယင်းမာပင်လမ်းအတိုင်း ထွက်ခွာလာတဲ့ စစ်​ကောင်စီတပ်ကို ဖိုလ်ဝင်​တောင်လမ်းခွဲအနီးမှာ PDF အဖွဲ့​တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။DVB

မြန်မာနိုင်ငံကကုန်စည်အချို့ တရုတ်ဘက် တင်ပို့ခွင့် ယာယီရပ်နားထားရ

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့နေတဲ့ တင်ပို့ကုန်တချို့ ယာယီရပ်နားမယ်လို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
နယ်စပ်ကုန်သည်တဦးက “နယ်စပ်ကုန်သွယ်ဂိတ် ကျင်းစန်ကျော့ဂိတ်ကနေ ဆန်၊ ဆန်ကွဲ၊ ငရုတ်စိမ်း၊ အအေးခန်းစနစ်နဲ့ သယ်ယူရမယ့် ကုန် စည်၊ အေးခဲလတ်ဆတ်ကုန်၊ အေးခဲကုန်၊ ရေထွက်ကုန်၊ Daily သုံး ကုန်ပစ္စည်းနဲ့ ထုပ်ပိုးလွယ်ကူတဲ့ စားသောက်ကုန်တွေကို ယာယီရပ်နားတာ။ တရုတ်ဘက် ဝင်ခွင့်ပိတ်ထားတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က ရွှေလီမြို့ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး Task Force မှ ကုန်စည်တချို့ တင်သွင်းမှု ယာယီရပ်နားထားခြင်းဆိုင် ရာ ကြေညာချက် ၂ စောင်ကို ကုန်သည်လုပ်ငန်းရှင်များ သိရှိနိုင်ရေး လိုအပ်သလို အသိပေး ဆောင်ရွက်သွားရန် မြန်မာဘက်က တာဝန်ရှိသူတွေဆီ အသိပေး အကြောင်းကြားလာကြောင်း မူဆယ် – နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း မူဆယ်နဲ့ ဆန်စပါးကုန် စည်ဒိုင် မူဆယ်တို့ရဲ့ အသိပေး ထုတ်ပြန်စာအရ သိရပါတယ်။

နှစ်နိုင်ငံ ကုန်သွယ်ဂိတ် ဖွင့်ထားပေမယ့် တရုတ်ဘက်က မကြာခဏ ပေါ်လစီ သတ်မှတ်ချက်တွေ ပြောင်းလဲနေတာကြောင့် ခက်ခဲနေတဲ့အပြင် ထင်သလောက် တင်ပို့၊ တင်သွင်းလို့ မရသေးကြောင်း ဝမ်တိန်ရောက် မြန်မာကုန်သွယ်ဂိတ် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“ဂိတ်ပေါက်အခြေနေက ပုံမှန်မဟုတ်သေးဘူး။ အဝင်၊ အထွက်ကလည်း ထင်သလောက် မဟုတ်သေးပါဘူး။”

လက်ရှိ တရုတ်နိုင်ငံ ရွှေလီမြို့ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး Task Force မှ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုကို သိပ္ပံနည်းကျကျ တားဆီးကာကွယ်နိုင်ရေး တရုတ်နိုင်ငံ FDA ဥပဒေ၊ စားသောက်ကုန် တင်သွင်း၊ တင်ပို့ခြင်း ဥပဒေနဲ့ ကျင်စန်းကျော့ – ဝမ်တိန် (မန့်မန်း) ဂိတ်ပေါက် ကုန် စည်သယ်ပို့မှု ပြန်လည်ဖွင့်လှစ်ရေး Working Group ရဲ့ အစီအစဉ် ယာယီသတ်မှတ်ချက်အရ မြန်မာဘက်က ကုန်စည်တချို့ကိုတင်ပို့ခွင့် ယာ ယီရပ်ဆိုင်းဖို့ အသိပေး အကြောင်းကြားလာတာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ DVB

« Older Entries