Monthly Archives: Mar 2022

စစ်တပ်ကို စွန့်ခွာပြီး KNU ထံ ခိုလှုံလာသည့် တပ်ရင်းမှူး ၃ ဦးထက်မနည်းရှိ

အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လို၍ ခိုလှုံလာသူများအနက် တပ်ရင်းမှူးအဆင့် ဒုတိယဗိုလ်မှူးကြီး ၃ ဦးထက်မနည်းရှိပြီဟု ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူက ပြောသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်လာသည့် စစ်တပ်အဆင့်မြင့်အရာရှိများအနက် တစ်ဦးမှာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အမှတ် (၃၅၁) ခြေမြန်တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးမျိုးမင်းထွန်း ဖြစ်သည်ဟု KNU နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီးထံမှ သိရသည်။

ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းသည် စစ်တပ်က အဆက်မပြတ်ဝင်ရောက်စီးနင်းကာ ရွာလုံးကျွတ်မီးရှို့ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်နေသော စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ဇာတိဖြစ်သည်။​

“အကိုတို့အနေနဲ့ စစ်ကောင်စီအောက်မှာ တာဝန်ထမ်းဆောင်နေရတာ အမေ့အိမ်ပြန်ဖို့တောင်မှ ခွင့်ပြန်လို့မရတော့တဲ့ အနေအထားတွေ။ အခုက ပြန်သူနဲ့ ပြန်တိုက်နေရတော့ ကိုယ်က အရင်ကတော့ စစ်သားပေါ့။ အခုက သူပုန်ဖြစ်နေတယ်” ဟု CDM စစ်သားများကို ချိတ်ကူနေသည့် ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် အင်တာဗျူးတွင် ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြောထားသည်။

ထိုအရာရှိမှာ ဖေဖော်ဝါရီလကုန်ပိုင်းက ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ KNU တပ်မဟာ ၅ နယ်မြေသို့ ခိုလှုံလာခြင်းဖြစ်ကြောင်း၊ CDM ဝင်လာသည့် အခြားတပ်ရင်းမှူးများကိုမူ လုံခြုံရေးအခြေအနေအရ နောင်မှ အသေးစိတ်ထုတ်ပြန်မည်ဟု ၎င်းက ဆက်ပြောသည်။

“သင့်လျော်တဲ့အချိန်ကျရင်တော့ ထုတ်ပြန်သွားမဲ့ အနေအထားတော့ရှိတာပေါ့။ ဒါကတော့ သေချာသလောက်ရှိပါတယ်။ မလွဲပါဘူး။ အနည်းဆုံးကတော့ ၂ ယောက်၊ ၃ ယောက် ရှိနေပြီ” ဟု ပဒိုစောတောနီးက ဆိုသည်။

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေသည့် တစ်နှစ်ကျော်အတွင်း တပ်ကို စွန့်၍ ထောင်နှင့်ချီ CDM ဝင်ကြသူများအနက် ဒုဗိုလ်မှူးကြီးအဆင့်သည် အမြင့်ဆုံးရာထူးဖြစ်သည်။

တပ်ရင်းမှူးအဖြစ် တာဝန်ပေးခံရလေ့ရှိသူ ဒုဗိုလ်မှူးကြီးများသည် တပ်ကွပ်ကဲမှုနှင့် စစ်ရေးလှုပ်ရှားမှုများတွင် အခရာကျပြီး မြေပြင်စစ် ကြောင်းများတွင် အဆင့်မြင့်ဆုံးအရာရှိများဖြစ်သည်ဟု သိရသည်။ 

ပြည်သူ့ထံသို့ ဘက်ပြောင်းလာသည့် တပ်မတော်သားများကို ဩစတြေးလျနိုင်ငံက ခိုလှုံခွင့်ပြုသည်ဆိုသော သတင်းများ ကျယ်ပြန့်စွာထွက်လာချိန် မတ်လလယ်မှစ၍ တာဝန်ထမ်းဆောင်ဆဲ အရာရှိ၊ စစ်သည် ရာနှင့်ချီ၍ ဆက်သွယ်စုံစမ်းမှုများရှိသည်ဟု CDM ဗိုလ်ကြီး ခန့်ကိုက ပြောသည်။

“ဩစီသတင်း ထွက်လာပြီးတဲ့နောက်ပိုင်း တောက်လျှောက် လာဆက်သွယ်တာပေါ့။ သူတို့သိချင်တာ လာမေးကြတာ စုံနေတာပဲ။ ထွက်လာလို့ရှိရင် တန်းပို့ပေးတာလားတို့၊ မိသားစုပါ ခေါ်လို့ရလားတို့ ကျွန်တော်တို့တစ်ယောက်တည်းကို လာမေးတာ လူတစ်ရာလောက်တောင် ရှိနေပြီ” ဟု ၎င်းက ဆိုသည်။

စစ်မှုထမ်းသက် ၇ နှစ်ရှိ ဗိုလ်ကြီးခန့်ကိုမှာ ပြီးခဲ့သည့်နှစ် မေလအတွင်း တပ်ကို စွန့်ခွာလာသူဖြစ်ကာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး (က ပစ) စက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။​

CDM စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ဩစတြေးလျနိုင်ငံက အခြေချနေထိုင်ခွင့်ပေးနေပြီ၊ လက်ရှိတွင် CDM တပ်အရာရှိနှစ်ဦး ရောက်နေပြီဟု မဲလ်ဘုန်းမြို့အခြေစိုက် The Age သတင်းဌာနက မတ်လ ၁၈ ရက်တွင် ဖော်ပြသည်။

အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရန် ကြွေးကြော်ထားပြီး စစ်ကောင်စီကို အာခံနေသည့် အဖွဲ့အစည်းများနှင့် အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်နေသည့် KNU ကလည်း ယခုအချိန်သည် ပြည်သူနှင့် ပူးပေါင်းရန် အချိန်ကောင်းဖြစ်သည်ဟု တပ်မတော်သားများကို တိုက်တွန်းသည်။

“စစ်တပ်ထဲမှာရှိတဲ့ အသိုင်းအဝိုင်းကလည်း ပြည်သူနဲ့အတူ ပူးပေါင်းဖို့ အသင့်တော်ဆုံးအချိန်ဟာ ဒီအချိန်၊ ဒီကာလပဲ ဖြစ်တယ်ဆိုတာ ကျနော်တို့ ထပ်ပြီး ပြောလိုပါတယ်။ ဒီအတွက် ဘာမှ သံသယရှိစရာမလိုဘူး” ဟု ပဒိုစောတောနီးက ပြောသည်။

“နာမည်ကောင်းလည်း ပိုရနိုင်သလို လူထုဘက်ကလည်း အများကြီးဝမ်းသာမယ်ဆိုတာ ပြောစရာကို မလိုတော့ဘူး။ ကိုယ့်ရဲ့သမိုင်းကလည်း တစ်သက်လုံးကောင်းသွားမယ်” ဟု ၎င်းက ဆက်ပြောသည်။

ဝါရင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ KNU သည် ၎င်းတို့၏ နယ်မြေများအတွင်း စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်သားနှင့် ဝန်ထမ်းများကို နုတ်ထွက်ရန်၊ ဒေသတွင်းမှ ထွက်ခွာသွားရန် ယခုလပိုင်းအတွင်း ခပ်စိပ်စိပ် သတိပေးမှုများပြု လုပ်နေသည်။

လွန်ခဲ့သည့် သုံးရက် (မတ်၁၇)ကပင် ကော့ကရိတ်မြို့နယ်အတွင်း ထိုသို့ သတိပေးထားပြီး မလိုက်နာပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို တာဝန်ယူမည်မဟုတ်ဟု ထိုမြို့နယ်၏ KNU အမြဲတမ်းကော်မတီက စာထုတ်ပြန်ထားသည်။

“ဒီနေ့ ဒီအချိန်အခါဟာ ကျနော်တို့ တိုက်ပွဲဝင်ဖို့ အသင့်ပဲ” ဟု ပဒိုစောတောနီးက ပြောသည်။

စစ်ကောင်စီကလည်း KNU နယ်မြေများအတွင်း ဗုံးကြဲတိုက်ခိုက်မှုများ၊ စစ်ရေးလှုပ်ရှားမှုများကို တိုး၍ လုပ်နေပြီး နှစ်ဖက်တိုက်ပွဲများ မကြ ာခဏဖြစ်ပွားနေသည်။

ထိုအခြေအနေတွင် စစ်ကောင်စီကို လက်နက်ကိုင်၍ ခုခံမှုကဏ္ဍတွင် ပါဝင်ထမ်းဆောင်နေသူများ၊ စစ်လက်နက်ထုတ်ရာတွင် ကူညီနေသူများအပြင် တပ်ကို စွန့်ခွာကာ ကိုယ်ယောင်ဖျောက်နေသည့် စစ်သားများစွာ ရှိသည်ဟု ရေတပ်တွင် ၁၃ နှစ်ကြာ တာဝန်ထမ်းခဲ့သူ အုပ်ခွဲတပ် ကြပ်ကြီး မြတ်မင်းသူက ပြောသည်။

“ဒီဘက်ခွင်(ကရင်) တွေမှာဆိုရင် ဘယ်ကိုမှ စာရင်းမပေးဘဲ ဖျောက်နေတဲ့သူတွေက ကျွန်တော့်အသိထဲမှာတင် ဆယ့်လေးငါးယောက်ရှိတယ်။ ဆိုတော့ မြေပြင်မှာ ပိုများမယ်ဆိုတာ သေချာသလောက်ရှိတယ်” ဟု ၎င်းက ပြောသည်။

အသက် ၃၃ နှစ်အရွယ် ကိုမြတ်မင်းသူသည် စစ်ကောင်စီကို ပြန်တိုက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ချိတ်ဆက်ပြီး လွတ် မြောက် နယ်မြေတစ်နေရာတွင် လူငယ်များကို စစ်ရေးလေ့ကျင့်ပေးနေသည်။

ထိုသို့ တပ်ကို စွန့်ခွာသည့် အခြေအနေများနှင့် ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ Myanmar Now က တယ်လီ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီး စစ်ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်အုန်းကမူ တပ်ကို စွန့်ခွာပြီး ဘက်ကူးပြောင်းသွားသူ တစ်ယောက်နှစ်ယောက်သာ ရှိသည်ဟု ဖေဖော်ဝါရီ ၂၃ ရက်က တရုတ်နှင့် ဂျပန်သတင်းဌာနများကို ပြောဆိုထားသည်။​

သို့သော် တပ်မတော်မှ CDM လုပ်လာသူအချို့က ဦးမောင်မောင်အုန်း၏ ပြောဆိုချက်မှာ အခြေအမြစ်မရှိ၊ စစ်ပြေးစာရင်းကို လျှော့ပြ၍ အရာ ရှိပိုင်းက လစာထုတ်ကာ အလွဲသုံးမှုများရှိသည်ဟု ထောက်ပြဝေဖန်ကြသည်။

NUG ၏ ၂၀၂၁ နှစ်ကုန်တွင် ထုတ်ပြန်သောစာရင်းအရ တစ်နှစ်အတွင်း တပ်မတော်သား ၂၀၀၀ ကျော်နှင့် ရဲတပ်ဖွဲ့ဝင် ၆၀၀၀ ကျော် CDM ဝင်ထားသည်ဟု သိရသည်။

လက်ရှိတွင် ဒေသအလိုက်ဖွဲ့ထားသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ဦးဆောင်နေသည့် တပ်ဖွဲ့များ၊ KNU နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကဲ့သို့သော ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြသည်။ myanmar now

KNU တပ်မဟာ ၃ တွင် လမ်းဖောက်နေသော စစ်ကောင်စီတပ်ဖွဲ့ကို KNLA တိုက်ခိုက်၊ စစ်သာများထွက်ပြေးပြီး အလောင်း ၁ လောင်းကျန်၊ သေနတ် ၃ လက် ရမိ၊ တမူးတွင် စစ်ကောင်စီစခန်း ဝင်တိုက်ခံရပြီး ၁၂ ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်၊ ဝက်ဆီတောင်တွင် မေလ ၁၅ ရက် နံနက် ၅ နာရီခွဲ၌ နယ်မြေကျူးကျော်ကာ လမ်းဖောက်လုပ်နေသော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၈၉ ယန္တရားတပ်ဖွဲ့များကို KNLA တပ်မဟာ ၃ တပ်ရင်း ၇ တပ်ခွဲ ၃ တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီမှ မြေတူးကားအပါအဝင် ကားများ ပျက်စီးသွားပြီး အလောင်း ၁ လောင်း၊ သေနတ် ၃ လက် ချန်ရစ်ကာ စစ်သားများ ထွက်ပြေးသွားကြောင်း KNU က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ မြေတူးကား ၁ စီး၊ လမ်းကြိတ်စက် ၁ စီး၊ ယာဉ်ငယ် ၁ စီးကို KNLA က ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆီကား ၂ စီးနှင့် MA3 ၁ လက်၊ MA2 ၂ လက်ကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

တိုက်ပွဲတွင် KNLA ဘက်မှ ထိခိုက်မှုမရှိကြောင်းနှင့် အနီးဝန်းကျင်ရှိ ထီးခေးလော်ကျေးရွာနှင့် ကလောသူခီးကျေးရွာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရှိရသည်။

မတ်လ ၁၉ ရက်တွင် စစ်ကောင်စီက လေကြောင်းမှတဆင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျောက်ကြီးမြို့နယ်နှင့် ဆောထိမြို့နယ် ကျေးရွာ ၂ ခုရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ် နဂါးမင်းသမီးရေကန်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ဗမာကျောင်း သားအဖွဲ့အစည်း (BSO) အပါအဝင် တမူး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ မတ်လ ၂၀ ရက် နံနက်၌ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၁၂ ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

တမူးမြို့ရှောင်လမ်းရှိ နဂါးမင်းသမီးရေကန် ကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။ khit thit

အင်ဒေါင်းရွာ တိုက်ပွဲ စစ်ကောင်စီတပ်သား ၂၄ ဦးသေဆုံးပြီး PDF ၄ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် အင်ဒေါင်းကျေးရွာ အနီး ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၂၄ ဦး သေဆုံးကာ ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ PDF လေးဦး ကျဆုံးကြောင်း သိရသည်။

မတ်လ ၁၆ ရက် မနက် ၆ နာရီတွင် ကြက်တကောင်ရွာမှ အင်ဒေါင်းရွာသို့ စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ် အင်အား ၁၇၀ ခန့်အား ကာကွယ်ရေးတပ်များ စောင့်ကြို တိုက်ခိုက်ကြခြင်း ဖြစ်သည်။

“စစ်ကောင်စီ တပ်သားတွေက အင်ဒေါင်းရွာဘက်က အောင်စည်သံဟိန်း တံတားကနေ တစ်ဆင့် ဖြတ်လာကြတာ၊ ကျွန်တော်တို့က အင်ဒေါင်းရွာ အစပ်မှာ အသင့် နေရာယူထားပြီး တိုက်ကြတာ၊ သူတို့က အင်အား ၃၀ လောက်နဲ့ ပွိုင့်တွေ ခွဲပြီးလာတာ၊ ကျွန်တော်တို့ကလည်း ကမ်းပါး ကုန်းပေါ်ကနေ အသင့် ပစ်ကြတာ” ဟု တိုက်ပွဲ ဖြစ်ပွားပုံနှင့် ပတ်သက်၍ Fox Army-HPDF တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ထိုသို့ အပြန်အလှန် ပစ်ခတ်ရာ တိုက်ပွဲ လေးနာရီကျော် ကြာမြင့်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၄ ဦးအထိ သေဆုံးသည်ဟု ၎င်းကပြောသည်။

“ကျွန်တော်တို့မှာ စကုတ်တွေ ပါတယ်၊ ပစ်ကြရင်းနဲ့လည်း ဒီကောင်တွေ သေတာကို မြင်ရသလို တိုက်ပွဲ ပြီးတော့ ရွာတွေထဲက ဖြတ်သွားတဲ့အခါ အရေအတွက်ကို သိရတော့ အတိအကျ ပြောနိုင်တာပါ” ဟု သေဆုံးသည့် စစ်ကောင်စီ တပ်သား အရေအတွက် ပြောနိုင်ပုံကို ရှင်းပြ သည်။

တိုက်ပွဲဖြစ်ရာ အင်ဒေါင်းရွာ အစပ် တဲတစ်လုံးတွင် စစ်ကောင်စီတပ်က သေဆုံးသည့် တပ်သားများအား မီးရှို့သွားကြောင်း ရွာသားများ၏ ပြောပြချက်ကို ကိုးကားကာ Fox Army-HPDF က ထုတ်ပြန်ထားသည်။

ထိုသို့ အထိနာသည့် စစ်ကောင်စီတပ်များသည် လက်နက်ကြီးများ အသုံးပြု ပစ်ခတ်ခဲ့သည့် အတွက် ဒေသခံ ကာကွယ်ရေး တပ်သား လေးဦး လက်နက်ကြီးကျည် ထိမှန် ကျဆုံး ခဲ့ရသည်။

ယင်းလေးဦးမှာ အသက် ၃၀ ကျော်အရွယ် အိမ်ထောင်သည် နှစ်ဦးနှင့် အသက် ၂၀ ဝန်းကျင် လူငယ် နှစ်ဦး ဖြစ်ပြီး မောင်းပြန် နှစ်လက် လက် လုပ် တစ်လက်နှင့် လက်ပစ်ဗုံး နှစ်လုံး ပါသွားခဲ့ကြောင်း Fox Army-HPDF မှ ကိုဖြိုးလေး ကပြောသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း အတွင်း ဒေသ အများစုကို အင်တာနက်လိုင်း ဖြတ်တောက်ထားပြီး ထီးချိုင့်မြို့နယ်တွင်လည်း အင်တာနက် အသုံးပြု၍ မရကြောင်း ကိုဖြိုးလေးက ဆက်ပြောသည်။

အင်ဒေါင်းကျေးရွာသည် ထီးချိုင့်မြို့နှင့် မိုင် ၂၀ ခန့်ဝေးပြီး ဧရာဝတီမြစ် ကမ်းနဘေးတွင် တည်ရှိသည်။ စစ်ကောင်စီ တပ်သားများသည် မြစ် ကြောင်းမှ ချီတက်လာမည့် ရေတပ်ယာဉ်များ အတွက် လုံခြုံရေးယူကာ နယ်မြေ ရှင်းလင်းရန် ရောက်ရှိလာခြင်း ဖြစ်ပြီး ကာကွယ်ရေးတပ်များက ၎င်းတို့အား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အင်ဒေါင်းရွာတွင် လွန်ခဲ့သည့် ဖေဖော်ဝါရီ လကုန်ပိုင်း ကလည်း စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့ သေးသည်။mizzima

မုန်တိုင်းငယ် မြန်မာနိုင်ငံဘက် ဦးတည်တိုက် ခတ်မည်

မုန်တိုင်းငယ်(Depression)ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေဖြစ်လို့ လိမ္မော်ရောင်အဆင့် သတ် မှတ်ကြောင်း မိုးဇလဌာနက မတ်လ ၂၀ ရက် ဒီကနေ့ညမှာ ထုတ်ပြန်ကြေညာပါတယ်။

မုန်တိုင်းငယ်ဟာ နောက် ၂၄ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ လည်းကောင်း၊ နောက် ၃၆ နာရီအ တွင်းဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အဆိုပါမုန်တိုင်းငယ်ဟာ မတ်လ ၂၁ ရက် ညပိုင်းမှာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီး သို့လည်းကောင်း ၂၂ ရက် မနက်ပိုင်းမှာ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနီးသို့ လည်းကောင်း၊ ၂၂ ရက် ညပိုင်းမှာ ရခိုင်ကမ်းရိုးတန်းအနီးသို့လည်းကောင်း ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်(Depression) ဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင်(၂၁၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင်(၃၃၀)မိုင်ခန့်၊ ထားဝယ်မြို့ရဲ့ အနောက်တောင်ဘက် ရေမိုင်(၃၇၀)မိုင်ခန့်၊ ကော့သောင်းမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင် (၃၃၀)မိုင်ခန့်၊ ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် (၄၁၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း မြောက်ဘက် ရေမိုင်(၈၀)မိုင်ခန့်နဲ့ ပို့ပလဲယားရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင်(၆၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းငယ်ဟာ ဗဟိုချက် လေဖိအား(၁၀၀၂)ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)နှုန်းခန့် ရှိနိုင်ပါတယ်။

မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့ညနေမှ မတ်လ ၂၂ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူး တိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည် နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တချို့ဒေသတွေမှာ ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမယ်။ မိုးသက်လေပြင်း ကျစဉ်ရေပြင်/မြေပြင်လေ တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါတယ်

မုန်တိုင်း အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ် သင်္ဘောတွေ ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ထားပါတယ်။

မုန်တိုင်းငယ်ဟာ မတ်လ၂၂ ရက်မှာ မူလလမ်းကြောင်းမှသွေဖီပြီး လမ်းကြောင်း ပြောင်းလဲ နိုင်တဲ့ အခြေအနေတစ်ရပ် ရှိလာနိုင်ပြီး မြစ်ဝကျွန်း ပေါ်ဒေသကို ဦးတည် ဖြတ်ကျော်နိုင်ခြေရှိလို့ ဒေသခံများ သထိထားသင့်တယ်လို့ NUG အစိုးရကလည်းထုတ်ပြန်ထားပါတယ်။

မူလခန့်မှန်းလမ်းကြောင်း အတိုင်း ရွေ့လျားမည်ဆိုပါကလည်း မော်တင်စွန်း ထိပ်ကို ဖြတ်ကျော်ချိန်တွင် မုန်တိုင်းဒီရေဟာ ၅ပေမှ ၆ပေခန့်အ ထိ မြင့်တက် နိုင်ပြီး အလားတူ ရခိုင်ကမ်းရိုးတန်းအတွက် မတ်လ ၂၃ ရက်၊ကမ်းဖြတ်ချိန်မှာ မုန်တိုင်းဒီရေ ၅ပေခန့် မြင့်တက်နိုင်ပါကြောင်းသတိပေးကြေညာထားပါတယ်။ DVB

ကန်ကြီးထောင့်မြို့နယ်တွင် COVID-19 ကာ ကွယ်ဆေးမထိုးပါက အရေးယူခံရမည်ဟု လိုက်လံကြေညာ

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများက COVID-19 ကာကွယ် ဆေးမထိုးလျှင် အရေးယူခံရမည်ဟု လိုက်လံကြေညာ နေကြောင်း ဒေသခံများထံက သိရသည်။

ထိုသို့လိုက်ခံကြေညာနေသည့် အုပ်ချုပ်ရေးမှူးများသည် ကန်ကြီးထောင့်မြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၏ စေခိုင်းချက်အရ လိုက်လံကြေညာနေခြင်းဖြစ်ကြောင်း ဒေသခံကပြောသည်။

“အုပ်ချပ်ရေးမှူးတွေက ရွာထဲမှာ COVID-19 ကာကွယ်ဆေးမထိုးရင် အဖမ်းခံရမယ်၊အရေးယူခံရမယ်ဆိုပြီး လော်စပီကာနဲ့လိုက်အော်နေတာပါ၊တချို့ရွာတွေမှာဆိုရင် အုပ်ချုပ်ရေးမှူးတွေက တစ်အိမ်တက်ဆင်းလိုက်ပြောနေတယ်လို့လည်းကြားတယ်၊စစ်တပ်က ဦးဆောင်ပြီးထိုးပေးတဲ့ဆေးဆိုတော့ ဘယ်သူမှမထိုးချင်ကြဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

COVID-19 ကာကွယ်ဆေးထိုးသည့် လုပ်ငန်းများအား ကျန်းမာရေးဌာနက ဦးဆောင်၍လုပ်ဆောင်နေခြင်းမဟုတ်ကြောင်း၊ ကန်ကြီးထောင့်မြို့ပေါ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနက ဦးဆောင်ကာ ကာကွယ်ဆေးထိုးရန်အတွက် ပြုလုပ်နေခြင်းဖြစ်ကြောင်း ကန်ကြီးထောင့်မြို့ပေါ်နေ ပြည်သူတစ်ဦးက ပြောသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇန်လဝါရီလမှ စတင်ကာ လက် ရှိအချိန်အထိ COVID-19 ရောဂါပိုးကူးစက်ခံထားရသူဦးရေ ၁၃၀ ကျော် ခန့် ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ mizzima

ခမရ ၃၅၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်း CDM ဝင်၊ ဇာတိမြေကို စစ်တပ်က ဗုံးကျဲ မီးရှို့နေ၍ မိခင်အိမ်ပင် မပြန်ရဲဘဲ ပြည်သူ၏ မုန်းတီးမှု၊ စစ်ခွေးဟုခေါ်ဆိုမှု၊ ရန်သူသတ်မှတ်မှု မခံစားနိုင်တော့၊ ပြည်သူ့တော် လှန်ရေး တွင် ဆက်လက်ပါဝင်မည်

မွေးဖွားကြီးပြင်းခဲ့ရာ ဇာတိမြေ ဖြစ်သည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းကို စစ်ကောင်စီက ဗုံးကျဲ မီးရှိုနေ့၍ အမေ့အိမ်ပင် မပြန်ရဲတော့သည့်အပြင် ပြည်သူက မုန်းတီးပြီး စစ်ခွေးဟုလည်းကောင်း၊ ရန်သူဟုလည်းကောင်း ခေါ်ဆိုသည့် ဘ၀တွင် မနေနိုင်တော့၍ CDM ဝင်ရန် ဆုံးဖြတ်ခဲ့ဟု ခမ ရ ၃၅၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူး ကြီး မျိုးမင်းထွန်း ပြောဆိုလိုက်သည်။

ပြည်သူ့ပန်းတိုင်မှ CDM ဗိုလ်ကြီး ညီသုတနှင့်တွေ့ဆုံမေးမြန်းခန်း ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“အဓိက တွန်းအားကတော့ လက်ရှိလုပ်နေတဲ့ စစ်ကောင်စီ လုပ်နေတဲ့လုပ်ရပ်တွေ ကိုယ့်တို့ ဇာတိမြေ အညာ တို့ စစ်ကိုင်းတိုင်း ဝန်းကျင်မှာဆိုရင်လည်း အကိုက ဒီပဲယင်း ဇာတိပါ။ စစ်ကိုင်းတိုင်းဝန်းကျင်မှာဆိုရင်လည်း ရွာလုံးကျွတ် မီးရှို့တာတွေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဒါတွေက အကိုတို့ နီးစပ်ရာတွေက တစ်ဆင့် ပြန်သိရတာပေါ့။ ပြန်သိတဲ့အချိန်မှာ ကိုယ်တို့ကိုလည်း သူတို့က မျိုးမင်းရေ CDM မလုပ်သေးဘူးလား။ ဒါမျိုးတွေ မေးတာတွေ မြန်းတာတွေ ပြီးတော့ အကိုတို့အနေနဲ့ စစ်ကောင်စီ အောက်မှာ တာဝန်ထမ်းဆောင်နေရတာ အမေ့အိမ် ခွင့်ပြန်ဖို့တောင်းမှ ခွင့်ရခဲ့ရင်တောင်မှ ခွင့်ပြန်လို့မရတဲ့ အနေအထားမျိုးတွေ ပြည်သူရဲ့ နာကျဉ်း မုန်းတီးမှုတွေ အကိုတို့ကို စစ်ခွေးလို့ခေါ်နေတာတွေ ပြီးတော့ လက်ရှိအနေအထားမှာ ပြည်သူတွေနဲ့ အကိုတို့ စစ်ကောင်စီ အောက်မှာ တာဝန်ထမ်းဆောင်နေရတာ အရင် စစ်သား ဘဝတုန်းက အ ကိုတို့က သူပုန်နဲ့ တိုက်နေရတဲ့ အနေအထားမျိုး မဟုတ်တော့ဘူး” ဟု ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြောသည်။

ပြည်သူ၏ ရန်သူဘ၀တွင် မနေနိုင်တော့သည့်အပြင် ပြည်သူလူထုဘက်မှ ပူးပေါင်းပါဝင်ရန် ဆုံးဖြတ်ပြီး CDM ဝင်လိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“ပြည်သူနဲ့ ပြန်တိုက်ပြီးတော့ ကိုယ်က အရင်ကတော့ စစ်သား အခု သူပုန်ဖြစ်နေတဲ့ အနေအထားမျိုးတွေ ပြီးတော့ ပြည်သူ လူထုရဲ့ ထောက်ခံအားပေးမှုတွေ လက်ရှိ အာဏာသိမ်းတဲ့ အကျိုးဆက်ကြောင့်မို့လို့ ဖြစ်လာခဲ့ပြီ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒီခုခံ တော်လှန်စစ်ကို ဆင်နွှဲနေကြတာတွေရှိနေတဲ့ အချိန်မှာ ပြည်သူ တစ်ရပ်လုံးနဲ့ ဆင်နွှဲနေတာ ဖြစ်တဲ့အတွက် စစ်ကောင်စီအောက်မှာ ဆက်တာဝန် ထမ်းဆောင်နေရင် ကိုယ်တို့ကို အလိုလိုရန်သူ ဖြစ်နေပြီ ကိုယ်တို့ အသက် အန္တရာယ်တွေကလည်း တစ်နေ့တစ်ခြား ပိုပြီး စိုးရိမ်နေရတယ်။ ပြီးတော့လည်း ဆွေ မျိုး အသိုင်းအဝိုင်းမှာလည်း စိုးရိမ်ကြောင့်ကျ မှုတွေရှိလာတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့ ဒီတိုင်းဆက်နေလို့တော့ မရဘူး။ ပြည်သူဘက်ကိုတော့ ပူးပေါင်းပါဝင်မှ ရမယ်” ဟု ဒုတိယဗိုလ်မှူး‌ကြီး မျိုးမင်းထွန်းက ဆိုသည်။

ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းသည် ၅၁၃ ပင်လုံတပ်၊ ၅၇၄ တပ်တွင် ယာယီ တပ်ခွဲမှူး ဗိုလ်မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ တပ်မ တော် လေ့ကျင့်ရေး အရာရှိချုပ်ရုံး စစ်မဟာ ဗျူဟာ လေ့လာရေးဌာနတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ဒုတပ်ရင်းမှူးအဖြစ် ခမရ ၄၃၁ ကော့သောင်းတွင် ၃နှစ်နှင့် ၁ဝလလောက် ကြာခဲ့ကြောင်း၊ ယင်းနောက် တပ်ရင်းမှူး ရာထူးဖြင့် ခမရ ၃၅၁ ကျောက်ကြီးတွင် တာဝန်ထမ်းဆောင်ပြီး CDM လုပ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit

ကော့မှူးမြို့နယ်က ဘုန်းကြီးကျောင်းဝင်းအ တွင်းရှိ ပရဟိတအသင်း စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခံရ၊ အသင်းဥက္ကဋ္ဌ ပစ်ခတ်ခံရ ၍သေဆုံး

ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်က ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ပရဟိတအသင်းကို စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းပြီး ပြည်သူတစ်ဦးကို ပစ်ခတ်ရာသေဆုံးသွားကြောင်း ဒေသခံသတင်း အရင်းအမြစ်က မဇ္စျိမကို ပြောသည်။

ကော့မှူးမြို့နယ်၊ မြို့ကုန်းရွာ ဘုန်းကြီးကျောင်းဝင်းကို စစ်ကောင်စီတပ်က ယနေ့ မတ်လ ၂၀ ရက် မနက်အစောပိုင်းတွင် ဝင်ရောက်စီးနင်းကာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ အားမာန်ပရဟိတအသင်း ဥက္ကဋ္ဌဖြစ်သူ အမျိုးသားကို ပစ်ခတ်သွားခြင်း ဖြစ်သည်။

“ဒီနေ့ မနက် ၄ နာရီကျော်လောက်မှာ စစ်ကောင်စီက မြို့ကုန်းတောင်ပေါ် ဘုန်းကြီးကျောင်းကို PDF တွေရှိတယ်အထင်နဲ့ ဝင်စီးတာလို့ သိရတယ်။ အင်အားဘယ်လောက်နဲ့ ဝင်စီးတာလဲဆိုတာကတော့ မနက်အစောကြီးဆိုတော့ မသိရဘူး။ ဘုန်းကြီးကျောင်းထဲမှာက အားမာန်ပရ ဟိတအသင်းရှိတယ်။ ဝင်စီးတဲ့ အချိန် အဲ့ဒီ့ အသင်းဥက္ကဋ္ဌ အမျိုးသားက ထွက်ပြေးတော့ စစ်ကောင်စီက သေနတ်နဲ့ ပစ်သတ်လိုက်တာ။ အလောင်းကိုလည်း သူတို့ ယူသွားတယ် ”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကော့မှူး အားမာန်ပရဟိတအသင်းဥက္ကဋ္ဌ ကိုသန့်စင်အောင်(ခ)ကိုပြောင်ကြီးဆိုသူ၏ ခြေထောက်နှင့် ဦး ခေါင်း တွင် သေနတ်ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

အလောင်းကို စစ်ကောင်စီတပ်က ယူဆောင်သွားပြီး မြို့ကုန်းဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကို စစ်ကောင်စီတပ်ဖွဲ့က ထွက်ပြေးရင်း ချော်လဲသည့်အတွက် ဦးခေါင်းတွင် ဒဏ်ရာရ၍ သေဆုံးသွားခြင်း ဖြစ်ကြောင်း ပြောသွားသည်ဟု ဒေသခံများက ဆိုသည်။

“သေဆုံးသွားတဲ့ အားမာန်ပရဟိတအသင်းဥက္ကဋ္ဌ ကိုသန့်စင်အောင်က ရိုးရိုးအေးအေး‌နေသူတစ်ယောက်ပါ။ ကိုဗစ်(COVID-19) ကာလတွေတုန်းကလည်း မြို့နယ်အတွင်းမှာ စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ မြို့နယ်အတွက် အားထားရတဲ့ ပရဟိတသမားတစ်ဦးပါ။ ဆန္ဒပြစဉ်ကာလတုန်းကတော့ ဆန္ဒပြသူတွေကို လုံခြုံရေးယူပေးတာမျိုးတွေ ရှိခဲ့တယ်။ PDF နဲ့ ဆက်နွယ်တယ် အထင်နဲ့ ဝင်စီးပြီး ပစ်သတ်သွားတာလို့ သိရတယ်” ဟု ကော့မှူးဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် သေဆုံးသွားသည့် ကိုသန့်စင်အောင်(ခ)ကိုပြောင်ကြီး၏ ညီအစ်ကို နှစ်ဦးကိုလည်း စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်ရှိ မြို့နယ်များတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးမှုများ ရှိနေသည့် စစ်ကောင်စီက ပြည်သူများကို ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်းနှင့် အင်အားသုံးကာ အကြမ်းဖက်ဖိနှိပ်ခြင်းများကို လုပ်ဆောင်လျက်ရှိနေသည်။ mizzima

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပြီး စစ်သား အနည်းဆုံး ၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ဘက်ရှိ၊ အောင်ချမ်းသာကျေးရွာတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CN O/CNDF၊ PDF-Kalay ပူးပေါင်းတပ်ဖွဲ့ကြား ယနေ့မတ်လ ၂၀ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင်တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား အနည်းဆုံး ၇ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

တိုက်ပွဲသည် ၁ နာရီနီးပါး ကြာမြင့်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က သတင်းထုတ်ပြန်သည်။ khit thit

မြိတ်မြို့တွင် ဆိုင်ကယ်ပေါ် လူ ၂ ဦး စီးနင်း သွားလာသူများကို စစ်ကောင်စီက အချုပ် ကားဖြင့် လိုက်လံ ဖမ်းဆီးနေ

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ဆိုင်ကယ်တစ်စီးလျှင် လူနှစ်ဦး စီးနင်းသွားလာနေ သူများကို စစ်ကောင်စီတပ်ဖွဲ့က မြို့ပေါ် ရပ်ကွက် တချို့တွင် အချုပ်ကားဖြင့် လိုက်လံဖမ်းဆီး နေကြောင်း မြို့ခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များက အချုပ်ကားများဖြင့် ယနေ့ မတ်လ ၂၀ ရက်နေ့တွင် မြို့ပေါ် ရပ်ကွက်များ ဖြစ်သည့် ဆိပ်ငယ် ရပ် ကွက်ရှိ နာရီစင်လမ်း၊ မြစ်ငယ်ရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်၊ ကရာနီ လမ်းဆုံနှင့် မြိတ်တောင်နယ်မြေရှိ ဘုရားကိုင်လမ်း စသည့် နေရာများတွင် ဆိုင်ကယ်တစ်စီးလျှင် လူနှစ်ဦး စီးနင်းသွားလာသူများကို တားဆီးစစ်ဆေးနေခြင်း ဖြစ်ကြောင်း မြိတ်မြို့ခံထံမှ သိရသည်။

မြိတ်မြို့ခံတစ်ဦးက“အခုမြို့ပေါ်မှာ ဆိုင်ကယ်တစ်စီးကို လူနှစ်ယောက်စီးရင် တားစစ်တော့တာပဲ၊ စစ်ဆေးနေရင်းနဲ့ မသင်္ကာတဲ့ ပုံစံဆို ဖမ်းခေါ်သွားတယ်။ သာမာန် အရပ်သား ပြည်သူတွေ ဖမ်းခံရတာ များတယ်။ သူတို့(စစ်ကောင်စီတပ်ဖွဲ့) က လက်နက်နဲ့ ခြောက်လှန့်ပြီး ဖမ်းတာတွေ လုပ်နေတာပါ”ဟု ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီက လိုက်လံ ဖမ်းဆီးနေခြင်းကြောင့် မြိတ်မြို့တွင် ပြည်သူများ အပြင်ထွက် သွားလာသူများနှင့် လမ်းသွား လမ်းလာပြည် သူများ မရှိသလောက် နည်းပါးနေကြောင်း မြို့ခံများထံမှ သိရသည်။ mizzima

« Older Entries