အကြမ်းမဖက် လူထုသပိတ်တိုက်ပွဲများဆက် လက်ဆင်နွှဲရန် ရေဘဝဲ(ပြည်သူ့အကျိုးပြု လူ ငယ်အဖွဲ့အစည်း)မှ အဖွဲ့ဝင်အသစ်များခေါ်ယူ

ရန်ကုန်မြို့၏ အကြမ်းမဖက် လူထုသပိတ်တိုက်ပွဲများ ဆင်နွှဲနေသော ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ အဖွဲ့ဝင်သစ်များ ခေါ်ယူနေကြောင်း သိရသည်။

“ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ရဲ့ ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်သာ ရေဘဝဲဦးဆောင်ပါတယ်ရှင်။ အဖွဲ့ဝင်အသစ်ခေါ်ယူခြင်းမှာ အကြမ်းမဖက် လူထုသပိတ်တိုက်ပွဲတွေအတွက်ပါပဲရှင်။ ” ဟူ၍အဖွဲ့ဝင်သစ်ဖိတ်ခေါ်ခြင်းနှင့်ပတ်သက်ပြီး ၎င်းတို့အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကို ပြောသည်။

ထိုသို့ အဖွဲ့ဝင်အသစ်ခေါ်ယူရာ၌ ရန်ကုန်မြို့ရှိ မည်သည့်မြို့နယ်မှ မည်သည့်တိုင်းရင်းသား၊ ဘာသာလူမျိုးမရွေး ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်ထားလိုသူများအနေဖြင့် ရေးဖြေ ၊ နှုတ်ဖြေ၊ အကြမ်းမဖက် လူထုသပိတ်တိုက်ပွဲဝင် အခြေခံ ရေဘဝဲဗျူဟာများအတွက် သင်ကြားမှုများနှင့် ပြန်လည်ဆန်းစစ်သောစာမေးပွဲများ စသည့် အဆင့်များကို ကျော်ဖြတ်ကာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၏ အဖွဲ့ဝင်အဖြစ် ပြည်သူလူထုအကျိုးကို ထမ်းဆောင်နိုင်ကြောင်း ဖိတ်ခေါ်စာတွင်ပါရှိသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s