Monthly Archives: Mar 2022

ပခုက္ကူ မြို့ရှောင်လမ်းတွင် စစ်ကောင်စီ ကင်းလှည့် ဆိုင်ကယ် ၃စီး တိုက်ခိုက်ခံရကာ စစ် သား ၆ ဦးသေဆုံး

မကွေးတိုင်း ပခုက္ကူမြို့နယ် မြို့ရှောင်လမ်းပေါ်တွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီ ဆိုင်ကယ် ၃စီးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၂ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၆ဦးသေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းဖြစ်သည့် Pakokku city and University Newsမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သ သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ ကင်းလှည့် ဆိုင်ကယ် ၃စီးကို မတ်လ ၂၇ ရက်နေ့ နံနက် ၂နာရီ ၃ဝမိနစ်ခန့်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ဖြစ်သည့် Southern Yso PDFနှင့် Pakokku North PDF တို့က ဖောက်ခွဲ တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ khit thit

မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ် တိုက်ပွဲဖြစ်ပွား ကုန်တင်ယာဉ် ၂ စီး မီးလောင်

ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) နယ်မြေ၊ မြဝတီခရိုင် မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်တွင် ယနေ့ မတ်လ ၂၇ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အာရှလမ်းမကြီး တောနော် ရေတံခွန် အနီး တိုက်ပွဲ ဖြစ်ပွားရာ ကုန်တင်ယာဉ် နှစ်စီး မီးလောင်နေကြောင်း ကုန်တင်ယာဉ် မောင်းနှင်သူများထံ မှ သိရသည်။

“တိုက်ပွဲ ဖြစ်နေတယ်ဗျ၊ လက်နက်ကြီးတွေနဲ့ပါ ပစ်နေတယ်လို့ ပြောတယ်၊ ကျနော်တို့က ဆင်းမရတော့ (မြဝတီ) အောက်က မိတ်ဆွေတွေက ပြောတယ်၊ လမ်းမှာ ကုန်ကားနှစ်စီး မီးရှို့ ခံထားတယ်တဲ့၊ ဘာအမျိုးစားလဲတော့ မသိသေးဘူးဗျ၊ အခု အားလုံး ပိတ်နေကြတယ်၊ နောက်ပြန်လှည့်တဲ့ သူတွေလည်း ရှိတယ်၊ အခြေနေ စောင့်ကြည့်နေတဲ့ သူတွေလည်း ရှိတယ်ဗျ” ဟု ၁၂ ဘီး ယာဉ်မောင်းက ပြောသည်။

အဆိုပါ ကားမီးရှို့ခံရမှုနှင့် ထိခိုက်မှု အခြေနေများကို မဇ္ဇျိမက စုံစမ်းနေဆဲ ဖြစ်သည်။

အာရှ ကားလမ်းမ အသုံးပြုပြီး စစ်ကောင်စီတပ် အင်အား ဖြည့်တင်းခြင်းကြောင့် ယနေ့မှ စတင်၍ ယင်းလမ်း အသုံးပြု ကူးသန်း ရောင်းဝယ်ခြင်း မပြုရန်နှင့် လမ်းကို ယာယီ ပိတ်ထားကြောင်း KNU က ထုတ်ပြန်ထားသည်။

ယနေ့ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ သေ့ဘောဘိုးဒေသတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ် အကျအဆုံးများ၍ လေကြောင်းပစ်ကူများ အသုံးပြု တိုက်ခိုက်နေကြောင်း သိရသည်။mizzima

မိုးကုတ်တွင် စစ်တပ်က လူငယ် ၁ ဦးကို ဖမ်း ဆီးပြီး ဆိုင်ကယ်အချို့ သိမ်းယူ

မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်း အောင်သစ်လွင်ရပ်ကွက်ထဲမှာ မတ် ၂၆ ရက်နေ့ည ၉ နာရီဝန်းကျင်လောက် စစ်ကောင်စီတပ်က ပစ် ခတ်မှုတွေပြုလုပ်ပြီး လူငယ်တဦးကို ဖမ်းဆီးကာ ဆိုင်ကယ်အချို့ကို သိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အရင်ဆုံးသေနတ်အရင်ဖောက်တယ်၊ အိမ်စီးကားတစီးနဲ့ ဆိုင်ကယ်တစီး အိမ်ရှေ့ထိလာပြီး ကလေးကို အိမ်စီးကားထဲ ထည့်ခေါ်သွားတယ်” လို့ မျက်မြင်တွေ့သူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က အရပ်ဝတ်နဲ့ လာရောက်ပစ်ခတ်ဖမ်းဆီးသွားတာဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ မသိရသေးဘဲ ရပ်ကွက်အတွင်းက ဆိုင်ကယ်အချို့ကိုလည်း သိမ်းယူသွားတယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်သားတွေဟာ မတ် ၂၆ ရက်နေ့က မြို့အဝင်အထွက်နဲ့ အချို့နေရာတွေမှာ ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ DVB

ရန်ကုန်၊ သာကေတ၊ ဗဟန်း၊ ဒလရဲစခန်းတို့တွင် ဗုံးများပေါက်ကွဲပြီး တိုက်ခိုက်မှုများ ပေါ် ပေါက်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒလမြို့နယ်တို့တွင် ဗုံးများပေါက်ကွဲပြီး တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၆ မိနစ်အချိန် သာကေတမြို့နယ်၊ အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲခဲ့ပြီး အဆိုပါပေါက်ကွဲမှုကို သာကေတမြို့ပြပျောက်ကျားတပ်ဖွဲ့ (TUGF) က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ မတ်လ ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်အချိန်တွင် ဆရာစံလမ်းဆုံ၊ပန်းခြံအနီးတွင် ဗုံးနှစ်လုံး ပေါက် ကွဲခဲ့ပြီး လူငယ်တချို့ကို စစ်တပ်နှင့်ရဲက ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

“ပေါက်တာကတော့ ပန်းခြံနားက အမှိုက်ပုံးနားမှာ တစ်လုံး၊ အဲဒီနားမှာပဲ နောက်ထပ်တစ်လုံးပေါက်တယ်။ အဲဒီမှာ စစ်တပ်က ဓာတ်ပုံရိုက်လို့ဆိုပြီး လူငယ်လေးတစ်ဦးကိုလည်း ဖမ်းတယ်။ နောက်ထပ် လမ်းသွား လမ်းလာ လူငယ်တွေကိုလည်း ဖမ်းတယ်။ လမ်းတွေကိုလည်း တစ်နာရီလောက်တော့ကြာအောင် ပိတ်ဆို့ ပြီး စစ်ဆေးတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မတ်လ ၂၆ ရက်နေ့ ည ၉ နာရီဝန်းကျင် ရန်ကုန်တောင်ပိုင်းခရိုင် ၊ဒလမြို့နယ် ၊ မြို့မရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲ တချို့ သေဆုံးပြီး ၃ ဦး အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ် Kawhmu News Agency က သတင်းဖော်ပြသည်။khit thit

သပိတ်မှောက်ခံရမှု ၄ လ ကျော်သည့်တိုင် မြန် မာပလာဇာသို့ လာရောက်လည်ပတ်သူ ရှားပါး

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ မြန်မာပလာဇာကို လူထုက ဒဏ်ခတ် သပိတ် မှောက်ထားရာ ယခု လေးလ ကြာမြင့်သည့်တိုင် လာရောက် လည်ပတ်သူ မရှိသလောက် နည်းပါး နေသည်ကို တွေ့ရသည်။

ယခင်က အများပြည်သူ ရုံးပိတ်ရက်များတွင် လာရောက် လည်ပတ်သူ၊ စျေးဝယ်သူများနှင့် စည်ကားခဲ့သော မြန်မာပလာဇာသည် ယနေ့ အ ချိန်တွင် လာရောက် လည်ပတ်မှုများ မရှိသလောက် ဖြစ်နေပြီး ခြောက်ကပ်လျက်ရှိသည်။

“ ဒါကိုကြည့်ရင် ပြည်သူက စစ်ကောင်စီ အပေါ် ဘယ်လောက် နာကြည်းနေလဲ ဆိုတာ မြင်သာတယ်။ လူထုကို ထိတာနဲ့ လူထုက ပြန်ပေးတဲ့ ပြစ်ဒဏ်ပေါ့ဗျာ။ ဒီနေ့ မြင်တွေ့ နေရတာကို ကြည့်လေ။ မြန်မာပလာဇာ ထဲတင် မဟုတ်ဘူး။ အနီးပတ်ဝန်းကျင် မှာတောင် ခြောက်ကပ်နေတာ တွေ့ရမယ် ”ဟု မြို့တွင်း တက္ကစီ ယာဉ်မောင်း တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့တွင် မြန်မာပလာဇာအတွင်း၌ စစ်ကောင်စီကို အလို မရှိကြောင်း လူငယ်များက ဆန္ဒ ထုတ်ဖော်ခဲ့ရာ ယင်းပလာဇာရှိ လုံခြုံရေး ဝန်ထမ်းများက လူငယ် နှစ်ဦးကို ဝိုင်းဝန်း ထိုးကြိတ် ဖမ်းဆီးခဲ့ကြသည်။

ယင်းဖြစ်စဉ် အတွက် ပြည်သူလူထုက စစ်ကောင်စီ အလိုကျ ဖမ်းဆီးခြင်း အပေါ် ပြည်သူလူထုက လူမှုပြစ်ဒဏ် ခတ်မှု ပြုလုပ် ခဲ့ကြခြင်းလည်း ဖြစ်သည်။mizzima

ကေအန်ယူထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၊ နေအိမ်အချို့ပျက်စီး

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေ ဖာပွန် (မူတြော်) ခရိုင်၊ လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုအတွင်းကို မတ် ၂၇ ရက် မနက် ၂ နာရီလောက် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်  လူနေအိမ်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ကေအန်ယူက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

လူသောမြို့နယ်အတွင်းက ဒေဘုနိုကျေးရွာ အထက်တန်းကျောင်းဝင်းဟောင်းနဲ့ ထီးလေးကွီးကျေးရွာအတွင်းကို စစ်ကောင်စီက လေယာဉ် ၂ စီးနဲ့ ဗုံးတစ်လုံးစီ လာရောက်ကြဲချခဲ့တဲ့အတွက် လူနေအိမ်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ထီးလေးကွီးကျေးရွာသားတဦးက “လာရောက်ဗုံးကြဲတဲ့အချိန်မှာ ရွာသားတွေအကုန်လုံးက တိမ်းရှောင်နေတော့ ထိခိုက်တာမရှိဘူး။ လူမနေတဲ့အိမ်တွေနဲ့ ကျောင်းဆောင်တော့ ထိမှန်ပျက်စီးကုန်တယ်။ စစ်တပ်က အခုလိုလုပ်တာကတော့ အရပ်သားပြည်သူအပေါ် လူမဆန်တဲ့ လုပ် ရပ်လို့ ပြောချင်တယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် မတ် ၂၇ ရက်နေ့ကလည်း စစ်ကောင်စီက အဲဒီရွာတွေကို လာရောက်ဗုံးကြဲခဲ့ဖူးပြီး အခုက ဒုတိယအကြိမ်ဖြစ်တယ်လို့ ကေအန်ယူတာဝန်ရှိသူက ဆိုပါတယ်။

အလားတူ ကေအန်ယူ တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားရာ အနီးကျေးရွာတွေကို မတ် ၂၆ ရက် မနက် ၁ နာရီလောက် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ် ၁ လုံးပျက်စီးခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

ထီးကပလယ်ကျေးရွာအနီးက စစ်ကောင်စီရဲ့ စကခ- ၁၂ လက်အောက်ပူးပေါင်းစခန်းထိုင်နေတဲ့ ခမရ-၅၅၅ တပ်ရင်းနဲ့ ရတခ လက်အောက်​ခံ ခလရ-၃၂ တပ်ရင်းတွေကို မတ် ၂၅ ရက် မနက် ၆ နာရီကျော်လောက်မှာ KNLA- ၁၀၃ တပ်ရင်း၊ KNDO လုံခြုံရေးတပ်ရင်းနဲ့ DKBA တို့ပူး ပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီက မြေပြင်လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့သလို လေကြောင်းကနေ တိုက်လေယာဉ် ၂ စီးနဲ့ပါ တိုက်ခိုက်ခဲ့တာကြောင့် သဝေါသော၊ ထီးကပလယ်နဲ့ ဥကရိခီးကျေးရွာက အိမ်ထောင်စု ၁၀၀ ကျော်လောက်  ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံတွေဟာ နေထိုင်စားသောက်ရေး၊  အရေးပေါ်ဆေးဝါးနဲ့ သောက်သုံးရေ စတာတွေ  အရေး တကြီး လိုအပ်နေတယ်လို့  စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။DVB

မတ္တရာမှာ စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၂၀ ဦးခန့်သေဆုံး၊ ရေစကြို၊ နွားထိုးကြီး၊ဖောင်းပြင်၊ တောင်သာ၊ ကန်ပက်လက်နှင့်မြင်းခြံမှာလည်း စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး အနည်းဆုံး ၂၈ ဦးသေဆုံး

မန္တလေးတိုင်းမတ္တရာမှာ ဒီနေ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၂၀ဦးခန့်သေဆုံးကြောင်း၊ ရေစကြို၊ နွားထိုးကြီး၊ ဖောင်းပြင်၊ ကန်ပက်လက်နှင့်မြင်းခြံမှာလည်း စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး အနည်းဆုံး ၂၈ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

မတ္တရာမှာ စစ်သား ၂၀ ဦးခန့်သေဆုံး

=====================

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ဒီနေ့ မတ် ၂၇ရက် ဖက်ဆစ်တော်လှန်ရေးနေ့ စစ်တပ်က စစ်ကြောင်းထိုးလာချိန် အသွားအပြန် နှစ်ကြိမ် မိုင်းဆွဲခံရပြီး ၂၀ဦးခန့် သေဆုံးခဲ့ပါတယ်။

စစ်ကား ၅ စီးနဲ့လာတဲ့ စစ်ကောင်စီတပ်ကို မတ္တရာမြို့နယ် သဖန်းကိုင်းရွာနဲ့ မြောင်းသစ်ရွာကြား တစ်နေရာမှာ မနက် ၁၁ နာရီခွဲက ပထမအကြိမ် မိုင်းဆွဲခဲ့တာဖြစ်တယ်လို့ မတ္တရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သဖန်းရွာကနေ ပြန်ဆင်းလာတဲ့ စစ်ကောင်စီရဲ့ အဲဒီယာဉ်တန်းကို မန္တလေးတူးမြောင်း(ဒေသအခေါ် ချောင်းမကြီး) အနောက်ဘက်တောင်ပေါ် တံတားနက် တံတား တောင်ဘက်မှာ နေ့ခင်း ၁နာရီခွဲမှာ ဒုတိယအကြိမ် ထပ်ပြီး မိုင်းဆွဲခဲ့တာလို့ ဖော်ပြပါတယ်​။

ဒီနေ့ တစ်ရက်တည်း နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်မှုမှာ နှစ်ကြိမ်လုံး ပစ်မှတ်ကားတွေကို ထိမှန်တာကြောင့် စစ်ကောင်စီဘက်က ၂၀ ခန့်သေဆုံးတယ်ဆိုတာ အတည်ပြုနိုင်တယ်လို့ မတ္တရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

ရေစကြို၊ ပခန်းကြီးရဲကင်း ဗုံးနဲ့ တိုက်ခိုက်ခံရ

=========================

မကွေးတိုင်း၊ ရေစကြိုမြို့ ပခန်းကြီးရဲကင်းစခန်းမှာ မတ်လ ၂၆ ရက် မနေ့ကညနေ ၆ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ပြီး ရဲတပ်သား ၃ ဦးကို ဗုံးထိမှန်ခဲ့တယ်လို့ ရေစကြို PDF ထံမှ သိရှိရပါတယ်။

ကန်ပက်လက်မှာ စစ်သား ၁ ဦးသေ

====================

အလားတူ မတ်လ(၂၆)ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အတွင်းဝင်ရောက်နေရာယူထားတဲ့ CDF – Kanpetlet တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်အကြားထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ရဲတပ်သားတစ်ဦး သေဆုံးကာ တစ်ဦးပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ CDF ကန်ပက် လက်က ပြောပါတယ်။

နွားထိုးကြီးမှာ တပ်စခန်းတစ်ခုကို PDF ဝင်တိုက်

======================================

မတ်လ ၂၆ ရက်နေ့ညပိုင်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ဝက်လူးကျေးရွာမှာ စစ်တပ် အင်အား၆၀ခန့် တပ်စွဲထားတဲ့ စခန်းတစ်ခုကို NPDF အဖွဲ့သားတွေ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်မှ အသေ အပျောက်များတယ်လို့ သိရပါတယ်။

မြင်းခြံခရိုင်၊ ပတ္တာဆိပ်ကမ်းမှာ စစ်သား ၇ ဦးသေဆုံး

========================================

မတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်အချိန် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ပတ္တာဆိပ်ကမ်းမှာ တပ်စွဲထားတဲ့ မင်းအောင်လှိုင်၏ စစ်တပ် အင်အား ၂၀ ခန့်ကို မဟာမိတ်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ 27 Revolution Force၊ မြေလတ်-PDF MGN District၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ် ရေးအထူးတပ်ဖွဲ့ MSPDF ( ၃ ) ဖွဲ့တို့က 27 Revolution Force တို့က ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၇ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း သိရှိရပါတယ်။

ဖောင်းပြင်မှာ စစ်သားအလောင်းလာကောက်တဲ့ စစ်တပ် မိုင်းဆွဲခံရပြီး စစ်သား ၂၀ နီးပါ ထပ်သေပြန်

=========================================================================

ဒါ့အပြင် စစ်ကိုင်းတိုင်းဖောင်းပြင်မြို့နယ်မှာ CDM ဆရာ၊ ဆရာမ အိမ်ကို မနေ့က လာရောက်စီးနင်း ပစ်ခတ်တုန်း သေဆုံးခဲ့တဲ့ တပ်ကြပ်ကြီးအလောင်းကို လာကောက်ချိန် ထပ်မံ မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်က ကနဦး ၁၅ ဦး ထပ်သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ကျန်နေခဲ့တဲ့ တပ်ကြပ်ကြီး ဖုန်းနိုင်ရဲ့ အလောင်းကို ကောက်ယူဖို့ ဒီနေ့ မနက်ပိုင်းမှာ အင်အား ၃၀ ကျော်နဲ့လာခဲ့ပြီး လက် နက်ကြီးနဲ့ စတင်ပစ်ခတ်ခဲ့တယ်လို့ ဖောင်းပြင် PDF က နောက်ဆက်တွဲ ထုတ်ပြန်ပါတယ်။

“PDF ရဲဘော်တွေက တကက ဖုန်းနိုင်အလောင်းဝန်းကျင်၊ စကစတပ်သားတွေ ချီတက်လာမယ့် လမ်း ကြောင်းနဲ့ မိုင်းကွဲလိုက်ရင် ပြေးလွှားနေရာယူနိုင်တဲ့ ကျည်ကွယ်မျက်ကွယ်လိုနေရာမျိုးတွေမှာ မိုင်းထောင်ထားပြီး အချိန်ကိုက်ဖောက်ခွဲတိုက်ခိုက်နိုင်လိုက်ပါတယ်” လို့ ဖောင်းပြင် PDF က ဆိုပါတယ်။

ကနဦးသတင်းအရ စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံးပြီး ဒဏ်ရာပြင်းထန်သူတွေ ထပ်သေနိုင်တာကြောင့် သေဆုံး ၂၀ဦးလောက်အထိ ဖြစ်နိုင်တယ်လို့ ဖောင်းပြင် PDF က ဆိုပါတယ်။

မတ်လ ၂၆ ရက်နေ့ ညပိုင်း ဖောင်းပြင်မြို့နယ်မှာ CDM ဆရာ၊ ဆရာမ ၂ ဦးကို လာဖမ်ုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို PDF ၂ ဦးက ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်ကြီးထိန်လင်း၊ တပ်ကြပ်ကြီးဖုန်းနိုင်နှင့်ရဲဘော်တစ်ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

တောင်သာမှာလည်း ကင်းလှည့်စစ်ကားတစ်စီးကို မိုင်းခွဲ

===============================

မတ်လ ၂၇ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ကင်းလှည့်နေသော အကြမ်း ဖက် စစ်ခွေးကားတစ်စီးအား တောင်သာမြို့အမှတ်(၂)ရပ်ကွက် ဘောလုံးကွင်း တောင်ဖက်လမ်းကြားမှာ ZERO ပြောက်ကျားတပ်ဖွဲ့ရဲ့ တောင်သာအဖွဲ့ခွဲ ZERO TTA မှ ပဒေသာမိုင်းဖောက်ခွဲခဲ့ပြီး ထိခိုက်သေဆုံးမူနှင့်ဒဏ်ရာရမှုအသေး စိတ်ကို မသိရှိရသေးဘဲ စုံစမ်းနေဆဲဖြစ်တယ်လို့ ZERO ပြောက် ကျားတပ်ဖွဲ့ မှ ထုတ်ပြန်ထားပါတယ်။khit thit

နွားထိုးကြီးမြို့နယ် ဝက်လူးရွာရှိ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရကာ ၆ ဦးသေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ဝက်လူးကျေးရွာရှိ စစ်ကောင်စီတပ် စခန်းကို မတ်လ၂၆ ရက် ည ၇ နာရီဝန်းကျင်တွင် တိုက်ခိုက်ခဲ့သည်ဟု နွားထိုးကြီး PDF ရဲဘော်ထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ် စခန်းတွင် ဗျူဟာမှူး အပါအဝင် အင်အား ၆၀ ခန့်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီးဖြင့် သုံးချက် ပစ်ခတ်ရာ စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံးပြီး ၎င်းတို့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွါနိုင် ခဲ့ကြောင်း ဆိုသည်။

“သေဆုံးသူ တွေကို ညတွင်းချင်း အလောင်း သဂြိုဟ်နေတယ်။ အိမ်စီးကား တစ်စီးရယ်၊ စစ်ကားအကြီး တစ်စီး နဲ့ ဆိုင်ကယ် တစ်စီး သုဿန်ဘက် ထွက်သွားပြီးတော့ သေနတ်တွေ ဖောက်သွားတယ်။ ကိုယ့်နေရာမှာ နေကြ တစ်ယောက်မှ ထွက်မကြည့်နဲ့ ထွက်ကြည့်တဲ့ သူတွေ အကုန် ပစ်သတ်မယ်လို့ အော်နေတယ်” ဟု နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

နွားထိုးကြီးမြို့နယ်၊ ဆူးဖြူးကုန်းရွာ အနီးတွင် မတ်လ ၂၅ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က စစ်ကောင်စီယာဉ် တစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ငါးဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။mizzima

« Older Entries